ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..
Wednesday, July 31, 2013
♫♪ Bababa babanana... ♫♪
♫♪ Bababa babanana Potato nahh~~~ ♫♪
ခုတလော ခေတ်စား နေတဲ့ ကာတွန်းကားလေး ထဲက သီချင်းလေးပါ..ဇာတ်ကောင်လေးတွေက
အရမ်းချစ်ဖို့ကောင်းတာပဲ...တဲ့.. ပြောတာ..အနော်..တော့ ချစ်တတ်ဝူး....
နားထောင်ကြည့်ပေါ့နော်..အဲ့ကာတွန်းကား မကြည့်ရသေးရင်
http://www.movie25.com/movies/despicable-me-2-2013.html#.UfnlflJm45s
မှာကြည့် ရှုပါ...
Tuesday, July 30, 2013
အင်တာနက်အတွင်းမှVirus ရန်ကိုကာကွယ် မဲ့ ဆော့ဝဲလ်
တနေ့တနေ့အင်တာနက်သုံးနေတာနဲ့အမျှမိမိကွန်ပျူတာထဲသို့ဗိုင်းရပ်စ်တွေMalwareတွေဟာဝင်ရောက်လာ
မြဲဖြစ်ပါတယ်။ဗိုင်းရပ်စ်တွေအမျိုးမျိုးပေါ်ထွက်နေသလိုAnti Virusကလည်းအချိန်မီပေါ်ထွက်နေကြပါတယ်။
ယခုSoftwareလေးကတော့မိမိကွန်ပျူတာကိုအင်တာနက်မှဗိုင်းရပ်စ်ဝင်ရောက်ခြင်းကာကွယ်ပေးမှာဖြစ်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင် အောက်မှာဒေါင်းယူုနိုင်ပါတယ်။ဖိုင်ကိုဖြည်လိုက်ရင်Keygenဖိုင်ပါပါတယ်။
Download Link.........(1)     ဒီနေရာကို ကလစ်ပါ
Download Link.........(2)    ဒီကို ကလစ်ပါ
သင့် ကျန်းမာရေး (မျက်လုံး)
မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။
မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။
ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-
3d War Chess ကစားမယ်..PC Game
chess ..ဒီဂိမ်းကို မနေ့က မှတွေ့တာ ဆော့ကြည့်တာ..အတော့်ကို ပျော်ဖို့ကောင်းတယ်ဗျ
ကိုယ်က ချက်ကို အကွက်ရွေ့ပေး ရုံပဲ..နိုင်မဲ့ ကောင်က ရှုံးမဲ့ သူကို စွမ်းအားနဲ့ချ ..ဓားနဲ့ခုတ်ပြီး..အနိုင်ယူတယ်..အကွက်ထဲ က အရုပ်လေးတွေ မဟုတ်ဘူးနော်..အသက်ရှိတယ်..
အဲ့တာ ကြောင့် မိုက်ထှာ...File Size:20.94 MB
အောင်မြင်သူနှင့် သူတို့ ခံယူချက်
ဘီလ်ဂိတ်
"ပညာသည်ဟာ အင်အားအကြီးဆုံး လက်နက် တစ်ခု ဖြစ်ပါတယ်။"- 
စတိဗ်ဂျော့
"သုသာန်ရောက်တဲ့အခါ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေဖို့ အရေးမကြီးဘူး။ အိပ်စက်ခါနီး ငါဒီနေ့ ဘာတွေ ထူးထူးခြားခြား ပြီးမြောက် တယ်လို့ တွေ့သိတာခြင်းကသာ ကျွန်တော့်အတွက် အရေးကြီးတာပါ။" -
Linux Torvalds
"သင် ဥာဏ်ကောင်းပါတယ်။ သို့ပေမယ့် အရင် ၂ ပတ်က စလို့ လုပ်ကိုင်ထားသမျှကို မှတ်မိနားလည်နေဖို့တော့ လိုအပ်တာပေါ့" -
passwordခံထားတဲ့ win rar ဖိုင်ကိုအလွယ်ဖြုတ်နည်း
တစ်ခါတစ်လေ မှာမိမိတို့ ရလာတဲ့ ဖိုင်လေးတွေကို password ပြန်ဖြေတဲ့ အခါpassword မသိလည်းဖြေလို့ ရတယ်ဆိုတော့ လန်းတာပေါ့ နော်။
(၁)  အရင်ဆုံးအနေနဲ့ ONLINE CONVERT.COM  ကိုသွားလိုက်ပါခင်ဗျာ။
(၂)  နောက်ပြီးရင် BROWSE နေရာမှာ မိမိပြောင်းချင်တဲ့ ဖိုင်ကိုညွန်ပြပေးလိုက်ပါ။
(၃) ပြီးရင်.rar ဆိုရင်လွယ်လွယ်ကူကူဖြစ်အောင် zip ကိုပြောင်းပေးလိုက်ပြီး
Convert File ဆိုတာကို နှိပ်ပြီးconvert လုပ်တာကိုခဏစောင့် ပါ။
 (၄) ပြီးရင် ရလာတဲ့ ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။(ခဏလေးပါပဲ)
  1. နောက်ပြီးရင်တော့မိမိတို့ password ဖြေမရတဲ့ r ဖိုင်လေးဟာ zip ဖိုင်အဖြစ်နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။
        ကဲဒါဆိုအားလုံးအဆင်ပြေသွားပါပြီခင်ဗျာ။
လိပ်နင်ဂျာ..( PC GAME )
လိပ် နင်ဂျာ..။။ ကာတွန်းကား လည်းထွက်တယ်..PS2 ဂိမ်းမှာလည်း ကလေးတွေ ကြိုက်နှစ်သက်တယ်
PC မှာ လည်း တွေ့လို့..ကျွန်တော် ဒေါင်း ပြီး..ကစားကြည့်ပြီးမှ အဆင်ပြေလို့ ပြန်လည် မျှဝေပါတယ်ဗျာ
Monday, July 29, 2013
ဟယ်ရီ ပေါ်တာ..( PC GAME)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5V7DBX2ZF7xIwG9FkejfFAwFXCEhvpCwsPPV9QSlZPAgaJrtfkjHhBLc3a_ZaaVvZKeCevnHS5aS4oXlSo2fkx9uDKkmZKh4VhEVTsezTpdIuhdAAD2bp9KgjiixpWbMPUNCdaP9H6g/s1600/HP_prisoner_of_azkaban.png
.လိုင်းတော့ မကောင်းပေမဲ့..ဒီ Game လေးတော့ တင်လိုက်ပါတယ်..ဟယ်ရီပေါ်တာ--ကွန်ပျူတာ မှာ ကစားဖို့ပါ...တောတွင်းစွန့်စားပြီး..စွမ်းအားတွေ နဲ့ အခက်အခဲကို ဖြေရှင်းရမဲ့.Game ကောင်းလေးတခုပါ
Sunday, July 28, 2013
လေထဲမှာ ဒရမ်တီးပြသူ ယူကျုမှာ စံချိန်တင်
Friday, July 26, 2013
ထိုင်းအမျိုးသားတယောက်ရဲ့ ယူကျူပေါ်က ဗီဒီယိုကို ၅ ရက်တာအတွင်း ကြည့်ရှုသူပေါင်း ၁ သိန်းကျော် ရှိသွားပါတယ်။
သူက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောင်စုံမြေဖြူတွေသုံးပြီး နံရံတခုမှာ ဒရမ်တီးဝိုင်းသဏ္ဍန် ရေးဆွဲပြီး ရော့ခ် ဂီတကို တီးခတ် ပြတာပါ။
Weerachat "Note" Premananda ဆိုတဲ့ တီးကွက်နဲ့ Nakhon Pathom Rajabhat တက္ကသိုလ်က ဂျက်ဇ် ဒရမ်မာ၊ ဂီတ ဆရာက သရုပ်ဆောင်တီးခတ်ထားတာဖြစ်ပါတယ်လို့ ဘန်ကောက်ပို့စ် သတင်းတခု မှာ ဖော်ပြပါတယ်။
ယူကျူမှာ တင်ဆက်ထားတဲ့ ဗီဒီယို နာမည်ကလည်း Rez Power - Israel & New Breed (Drum Wall) - Note Weerachat ပါ။
ထူးခြားတာက တကယ့် တီးကွက်နဲ့ နံရံပေါ်က ၄ ဘက်မြင် ရောင်စုံမြေဖြူသုံး ပန်းချီ နဲ့ တကယ့် ဟန်ချက် ညီညီ ကွက်တိ တီးခတ်ပြထားတာ အံ့သြမှင်သက်ဖွယ်မြင်တွေ့ရပါတယ်။
လေထဲမှာ ဒရမ်းတီးခတ်ပြတဲ့ အဲဒီပြကွက်တွေအတွက် နံရံပေါ်မှာ ရောင်စုံမြေဖြူနဲ့ ဒရမ်တီးဝိုင်းပုံ ရေးဆွဲမှု ကို မြင်ကွင်း ရှုထောင့် ၄ ဘက်မြင် ရေးဆွဲထားပါတယ်။ ရိုက်ကူးတင်ဆက်မှု အနုပညာကလည်း သေချာ စနစ်တကျ အံ့သြလောက်အောင် ဖန်တီးထားတာလည်းဖြစ်ပါတယ်။
အဲဒီဗီဒီယိုကို ကွန်မန့်တွေထဲမှာ "like" လုပ်ထား မှု အများဆုံးဖြစ်ပါတယ်။
အဲဒီအထဲက Matana Chaiwandee ဆိုသူက "This is world class air drumming." လို့မှတ်ချက်ပေး ထားပါတယ်။
လေထဲမှာ ဒရမ်တီးခတ်သူ လို့ အများစုကလည်း မှတ်ချက်ပြုကြပြီး ဒါဟာ ထိုင်းအိုင်ဒီယာဖြစ်ပြီး ဘယ်သူ့ ဆီကမှ ကော်ပီ လုပ်ထားတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ တချို့ဝေဖန်သူတွေကတော့ ဒါကို သဘော မတူကြပါဘူးတဲ့။ သူ့ရဲ့ လေထဲမှာ ဒရမ်တီးခတ်မှုကို ရှုစားကြည့်ပါအုံး။
//
ဧရာဝတီ
လေထဲမှာ ဒရမ်းတီးပြနေသူ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
Saturday, July 27, 2013
ရာသီခွင်အလိုက် အချစ်ဒဿနများ
Aries - March 21 - April 20
Taurus - April 21 - May 21
Gemini - May 22 - June 21
Cancer - June 22 - July 22
Leo - July 23 -August 21
Virgo - August 22 - September 23
Libra - September 24 - October 23
Scorpio - October 24 - November 22
Sagittarius - November 23 - December 22
Capricorn - December 23 - January 20
Aquarius - January 21 - February 19
Pisces - February 20- March 20
မိမိ တို့ မွေးတဲ့ လရာသီ အလိုက်.အချစ်ရေး နဲ့ ပတ်သက်ပြီး ဘယ်လိုရှိတယ် ဆိုတာ. ဖော်ပြထားပါတယ်
ဆရာနဲ့တပည့် ( ဟာသ )
ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိချင်ပါတယ်တပည့်
တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ
ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ
တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ
ဆရာ ။ ။တပည့်တို့တရုတ်ပြည်ရောက်ရင်ပထမ ဆုံးပြောရမဲ့စကားက....
တပည့် ။ ။ ကျူးမီးဝါး ပါဆရာ
ဆရာ ။ ။မြန်မာလူမျိုးများရဲ့ အတောင့်တဆုံးအရာက....
တပည့် ။ ။ ၁၅၀၀ တန် ဖုန်းပါ ဆရာ
ဆရာ ။ ။အဆိုတော်ဝိုင်းဝိုင်းရဲ့ သီချင်းတွေ ဘာလို့ လူကြိုက်များတာလဲ
တပည့် ။ ။တရုတ်ပြည်မှာ..ကျော်ကြားပီးသားဖြစ်နေလို့ပါ
ဆရာ ။ ။Metal ဂီတ ဆိုတာဘာလဲ
တပည့် ။ ။နားထောင်ရင် ရင်ကွဲပီး.....ဆိုလိုက်ရင်ဖင်ပြဲတဲ့ဂီတပါဆရာ
ဆရာ ။ ။ရန်ကုန်မြို့ လမ်းလည်ခေါင်မှာ touch mobile တစ်လုံးကိုင်ပီး ဟိုပွတ်ဒီပွတ် လုပ်နေတဲ့ သူတွေကိုဘယ်လိုမြင်လဲ
တပည့် ။ ။မျောက်အုန်းသီး ရနေတယ်လို့မြင်ပါတယ်ဆရာ
ဆရာ ။ ။ဆရာတို့မြန်မာပြည်မှာ သယံဇာတ တွေ...ပေါများကြောင်းကို ဘယ်သူတွေပိုသိသလဲ
တပည့် ။ ။တရုတ်တွေကပိုသိပါတယ် ဆရာ
ဆရာ ။ ။ ဘွဲ့ရပီးရင် ဘာလုပ်မယ်လို့စိတ်ကူးတုန်း...
တပည့် ။ ။အဖေ့ ဆိုက်ကား ၀င်နင်းမယ်လို့ စိတ်ကူးထားပါတယ် ဆရာ
ဆရာ ။ ။ဆေးလိပ်များများသောက်ရင်ဘာဖြစ်မလဲ
တပည့် ။ ။ အငွေ့ များများ ထွက်ပါမယ် ဆရာ
တိန်......
ရီမောပျော်ရွှင်ပါစေ....
@Lon Ely
Friday, July 26, 2013
အစာကို ဆေးဝါးအဖြစ် အသုံးချပြီးစားသုံးပါ
အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။  ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လို အစားအသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။
အမျိုးသားတို့အတွက် အခြေခံအသားအရေထိန်းသိမ်းနည်းများ
အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်ပြီး အသားအရေ၊ ဆံကေသာ၊ လက်သည်း
ခြေသည်းတွေ ကြည့်ကောင်းနေစေဖို့ သိထားသင့်တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေးသားလိုက်ရပါ တယ်။ ထိန်းသိမ်းနည်း (5)  မျိုး
Thursday, July 25, 2013
သင့်ရဲ့အကြည့် က အောင်မြင်မှုတခုကို ဘယ်လိုဆောင်ကျဉ်းပေးမလဲ (သို့) မျက်ဝန်းတစ်စုံ၏ လျှိုဝှက်ချက်
လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုရာမှာသူအမှန်တွေ ပြောနေတာလား၊လိမ်ညာနေတာလားဆိုတာခွဲခြားသိမယ်ဆိုရင်၊တစ်ဖက်သားကသင့်ကိုစိတ်ဝင်စားနေသလားဆိုတာသိမယ်ဆိုရင်သင့်အကဲခတ်နိုင်စွမ်းကသင့်ဆီကိုအောင်မြင်မှုတွေယူဆောင်လာပါလိမ့်မယ်။ဒါကြောင့်သင်သိသင့်တဲ့မျက်ဝန်းတစ်စုံရဲ့လျှိ့ဝှက်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။..စိတ်ဝင်စားဖို့ကောင်းပါတယ်
readmore
သူ စိတ်ဝင်စားနေရဲ့လားဆိုတာ ဆန်းစစ်အကဲခတ်နိုင်အောင်
♦ မျက်ဝန်းအရွယ်အစားကို စစ်ဆေးပါ ♦
လူတစ်ယောက်က တစ်ခုခုနဲ့ ပတ်သက်ပြီးအပြုသဘောဆောင်တဲ့ ခံစားမှုရှိတဲ့အခါ မျက်စိသူငယ်အိမ်က အလိုအလျောက် ပိုကြီးမားလာတတ်ပြီး မနှစ်မြို့ဖွယ်ရာတစ်ခုခု ဒါမှမဟုတ် စိတ်မဝင်စားတဲ့ အရာတစ်ခုခု နဲ့ ကြုံဆုံရတဲ့အခါ မျက်စိသူငယ်အိမ်က ကျုံ့သွားတတ်ပါတယ်။ တစ်ဖက်သားက သင့်ကို စိတ်ဝင်စားမှုရှိ
သလားဆိုတာကို သူရဲ့ မျက်စိသူငယ်အိမ်က သက်သေခံနေပါတယ်။ မျက်ဝန်းကပဲ စိတ်ရဲ့ ပြတင်းပေါက်
ဖြစ်တာ မဟုတ်ပါဘူး။ မျက်ခွံတွေကလည်း စိတ်အခြေအနေကို သက်သေခံနေပါတယ်။ လူတွေက သူတို့ စိတ်ဝင်စားတဲ့သူတွေနဲ့တွေ့ဆုံတဲ့အခါ ''အပေါ်နဲ့ အောက်မျက်ခမ်းရှိကြွက်သားနှစ်ခုက အလိုအလျောက်
ဆွဲချဲ့လိုက်သလို ဖြစ်သွားပြီး မျက်ဝန်းကပိုကျယ်လာတတ်ပါတယ်။ ဒါကို လိမ်ညာလို့ မရပါဘူး''လို့ အချစ် သင်္ကေတများ စာအုပ်ရေးသားသူ ဒေးဗစ်က ဆိုပါတယ်။
လိမ်ညာမှုကို အကဲခတ်နိုင်အောင်
♦ မျက်တောင်ခတ်ပုံကို ကြည့်ပါ ♦
လေ့လာမှုအရ လူအများစုဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ အကြိမ်၂ဝ မျက်တောင်ခတ်လေ့ရှိကြောင်း၊ ဒါပေမဲ့လိမ်ညာစကားပြောတဲ့အခါမှာတော့ မျက်တောင်ခတ်နှုန်းက ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာလေ့ ရှိကြောင်း သိရပါတယ်။ မျက်တောင်ခတ်နှုန်း မြန်တာက မှန်ကန်တဲ့ အကြောင်းအရာကို ပြောနေတာ မဟုတ်ကြောင်း သက်သေခံနိုင်တဲ့ အဓိကအချက်ပါ။ လိမ်ညာစကားပြောရတဲ့အခါ မသက်မသာဖြစ်ရ၊ ရှိုးတိုးရှန့်တန့် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် မျက်တောင်ကို မကြာခဏခတ်တာလို ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်လိမ်ညာနေသလားဆိုတာ သိအောင်မျက်လုံးချင်းဆုံပြီး စကားပြောပါ။
သူ့စိတ်ကို ဖတ်နိုင်အောင်
♦ ငေးမောရာနေရာကို လိုက်ကြည့်ပါ ♦
လူတစ်ယောက် ငေးမောတဲ့ ဦးတည်ရာလမ်းကြောင်းဟာ သူမ ဘာအကြောင်းကို တွေးနေသလဲဆိုတာ သိနိုင်ပါတယ်။ သူမ မျက်လုံးတွေက အပေါ်ဘ ဘယ်ဘက်ကို အကြည့်ရောက်နေရင် သူမတွေ့ခဲ့ ဖူးတဲ့ အရာ ဒါမှမဟုတ် ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုခုကို ပြန်စဉ်းစားနေတာပါ။ တကယ်လို့ ညာ ဘက်အပေါ်ကို ကြည့်နေ တယ်ဆိုရင်တော့ သူမတစ်ခါမှ မမြင်ဖူးတဲ့အရာ ဒါမှမဟုတ်တကယ် ဖြစ်လာ မယ်လို့ ထင်မှတ်မထားတဲ့ အကြောင်းအရာ တစ်ခုခုကို သင့်ကိုပြောပြဖို့ စဉ်းစားနေတာပါ။ ဦးနှောက်နဲ့ မျက်စိအာရုံခံလွှာကြွက်သားတွေက အလွန်နီးနီးကပ်ကပ် ဆက်စပ်နေတာကြောင့်လူတွေ သတိမမူမိတဲ့ အချိန်မှာ ဒီတုံ့ပြန်မှုက ဖြစ်ပေါ်လာတတ်ပါတယ်။
ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းနိုင်အောင်
♦ မျက်စိကို စိုက်ကြည့်ပြီး တစ်-နှစ်-သုံး ရေတွက်ပါ ♦
သင့်ပေါင်းသင်းဆက်ဆံရေး တိုးတက်စေဖို့ အမြန်ဆုံး နည်းတစ်ခုကို လိုချင်ပါသလား။ သူ့မျက်ဝန်းကို သုံး စက္ကန့်ကြာကြည့်ပေးပါ။ မျက်ဝန်းချင်း ဆုံကြည့်တာက ပျမ်းမျှအားဖြင့် နှစ်စက္ကန့်လောက်ပဲ ကြာသင့်တာ မှန်
ပေမယ့် တခြားလူကိုဆွဲဆောင်ချင်တယ်ဆိုရင်တော့ ခပ်ကြာကြာကြည့်ဖို့ လိုပါတယ်။ မျက်ဝန်းချင်းကြာကြာ အကြည့်ဆုံတာကြောင့် သင်ဟာ အရင်လို ချစ်နေဆဲဆိုတဲ့ သင်္ကေတအချက်ပြမှုတွေကို တစ်ဖက်သားသိရှိ နားလည်သွားစေပါတယ်။ အဲဒီအခါ အချစ်ဟော်မုန်းအောက်ဆီတိုစင်တွေ တစ်ဟုန်ထိုးထွက်လာပြီး တစ်ဦး နဲ့ တစ်ဦး ခိုင်မြဲတဲ့ သံယောဇဉ်တရား ဖြစ်ပေါ်လာတတ်ပါတယ်။ လေ့လာမှုတစ်ရပ်အရ တစ်ဦးရဲ့ မျက်ဝန်း ထဲတစ်ဦးက ငေးစိုက်ကြည့်တတ်တဲ့ စုံတွဲတွေမှာ စိုက်ကြည့်လေ့မရှိတဲ့ စုံတွဲတွေထက် ပိုမိုခိုင်မြဲတဲ့ ချစ်ခြင်း တရား ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။
သင့် သြဇာတိက္ကမအစွမ်း ပိုထက်အောင်
♦ မျက်ဝန်းတစ်ဖက်ပြီး တစ်ဖက်ပြောင်းကြည့်ပါ ♦
သင်ပထမဆုံးအကြိမ်စတင် တွေ့ဖူး၊ မြင်ဖူးတဲ့သူရဲ့ အချစ်ခံချင်သလား။ သူစကားပြောတာကို နားထောင်တဲ့ အခါပဲဖြစ်ဖြစ်၊ သင် စကားပြောတာပဲ ဖြစ်ဖြစ်သူ့မျက်ဝန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို တစ်လှည့်စီ အကြည့်ပြောင်းပေးပါ။ လူအများစုက တစ်စုံတစ်ယောက် စကားပြောတာကို နားထောင်နေတဲ့အခါ အာရုံ စိုက်ပြီး နားထောင်ဖို့ မေ့နေတတ်ပါတယ်။ သတိထားပြီး မျက်ဝန်းတစ်ဖက်စီကို စိုက်ကြည့်တာကြောင့် သင် အလေးထားကြောင်း တခြားသူကသဘောပေါက်နားလည်သွားပြီး သင်ပြောတဲ့အခါမှာလည်း တစ်ဖက်သား က ပိုအလေးထားလာပါလိမ့်မယ်။
Tip~!
တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ရမှာ မသက်မ သာ ဖြစ်နေသလား၊ ဒါမှမဟုတ် ခပ်စိမ်းစိမ်း ဖြစ်နေသလား။ မျက်ဝန်းတွေကို ကြည့်မယ့်အစား မျက်ခုံးတွေကို ကြည့်လိုက် ပါ။ မျက်လုံးချင်း ဆုံကြည့်သလို ဖြစ်စေပါတယ်။
ဇွ န် ခို င် ဦး (ေ ဆး ဝါး တ က္က သို လ် )
http://ngwesusan.blogspot.com/
အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်ဖို့ဆိုရင်
သင်၏လုပ်ငန်းအတွက်အကျိုးရှိစေရန်သိထားသင့်သောအချက်(၇)ချက်ဖြစ်ပါသည်၊မင်းသိင်္ခ၏“ရေမျောကမ်းတင် အောင်ဗဒင်”စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
သင့်ရဲ့ password ကို တခြားသူတွေ ဘယ်လိုရယူနိုင်သလဲ...??
ကျွန်တော် တို့ အသုံးပြုနေတဲ့ Gmail ၊ Facebook အစပြုသည့် ကိုယ်ပိုင် အကောင့်Password များလုံခြုံရေးသည်အရေးကြီးပါသည်၊ထို အကောင့် Password များကို တခြားသူ(သို့)
ဟက်ကာ များ ဘယ်လိုနည်းနှင့်ရယူနိုင်လဲ..ဘယ်လိုကာကွယ်ရမလဲဆိုတာ ရှင်းပြထားပါတယ်
Re Volt Pc Game ( free download)
 'ဒီ ဂိမ်း..ကျွန်တော် တို့ငယ်ငယ် က ဆော့ဖူးတဲ့..အဝေး
ထိန်း ခုလုတ် နဲ့..ထိန်းချုပ်ပြီးကစားရတဲ့ ကားပုံစံလေးတွေပါ..မောင်းလိုက်ရင်..တတီတီ နဲ့ မြည်တယ်..
Wednesday, July 24, 2013
တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....
တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။
တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။
တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။
တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။
တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်
တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။
တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။
တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။
တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။
တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။
တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။
credit- original uploader
Cute myanmar girls
Tuesday, July 23, 2013
" တပ်မတော် ဘာလဲ…ဘယ်လဲ…..အပိုင်း ( ၂၂ ) " နေပြည်တော် မြို့ တည်ရခြင်း အကြောင်း
ကိုရဲမိုးရေးသားသော " တပ်မတော် ဘာလဲ…ဘယ်လဲ…" အပိုင်းဆက်ဆောင်းပါးရှည် -အပိုင်း (၂၂)
 နေပြည်တော် မြို့ တည်ရခြင်း အကြောင်း
အင်တာနက်မှာ တစ်မိနစ်တာ ဖြစ်ပျက်မှု
၂၀၁၃ခုနှစ်ရဲ့တစ်မိနစ်အတွင်းအင်တာနက်မှာဘာတွေဖြစ်သွားသလဲဆိုတာကိုလေ့လာကြည့်ကြရအောင်...
၁) အင်တာနက်စသုံးတဲ့သူ ၇၁၇ ယောက်တိုးလာပြီ
၂) ဒိုမိန်းအသစ် ၇၀ ခု register လုပ်ပြီးသွားပြီ
၃) Wikipedia ဆောင်းပါးအသစ် ၅ ခု ဖန်တီးပြီးသွားပြီ
၎) blog အသစ် အခု ၅၀ ဖန်တီးပြီးသွားပြီ
၅) blog ပို့စ် အသစ် ၁၅၀၀ တက်သွားပြီ
၆) အီးမေးလ်အကောင့်အသစ် ၄၃၅ ခု ဖောက်ပြီးသွားပြီ
၇) Spam email ပေါင်း ၈၆၀၀၀၀၀၀ ခု လက်ခံရရှိသွားကြပြီ
၈) အီးမေးလ်ပေါင်း ၁၆၈၀၀၀၀၀၀ ခု ပို့ပြီးသွားပြီ
၉) ၄၁၆ ခုသော website တွေကို hack ဖို့ လုပ်ဆောင်ပြီးသွားပြီ
၁၀) website ၁၂ ခု hack ခံလိုက်ရပြီ
၁၁) အချက်အလက်သူခိုးတွေဟာ သားကောင်အသစ် ၂၀ ရှာပြီးသွားပြီ
၁၂) နည်းလမ်းတစ်မျိုးမျိုးကြောင့် ငွေကြေးဆုံးရှုံးမှုပေါင်း ၁၅၇၀၃၆ မှု ဖြစ်သွားပြီ
၁၃) ၁၇၁၃၆၆ GB ရှိတဲ့ ဖိုင်တွေကို share ပြီးသွားပြီ
၁၄) အချက်အလက်ပေါင်း ၆၃၉၈၀၀ GB ကို ကမ္ဘာနဲ့အဝှမ်း လွှဲပြောင်းပြီးသွားပြီ
၁၅) Skype ခေါ်ဆိုမှုပေါင်း ၃၇၀၀၀၀ လုပ်ပြီးသွားပြီ
၁၆) Google ကနေ serach လုပ်မှုအရေအတွက် ၆၉၄၄၄၅ လုပ်ပြီးသွားပြီ
၁၇) Spotify မှာ သီချင်းအသစ် ၁၄ ပုဒ်တက်လာပြီ
၁၈) Youtube ဗွီဒီယို ၁၃၀၀၀၀၀ ခု ဖွင့်ပြီးသွားပြီ
၁၉) Youtube video ပေါင်း ၆၀၀ တင်ပြီးသွားပြီ
၂၀) Flickr မှာ ပုံပေါင်း ၆၆၀၀ တင်ပြီးသွားပြီ
၂၁) Flickr ပုံပေါင်း ၂၀၀၀၀၀၀၀ ပုံ ကြည့်ပြီးသွားပြီ
၂၂) Instagram မှာ ပုံပေါင်း ၃၆၀၀ share ပြီးသွားပြီ
၂၃) LinkedIn အကောင့်သစ် ၁၀၀ ဖွင့်ပြီးသွားပြီ
၂၄) Twitter အကောင့်သစ် ၃၂၀ ဖွင့်ပြီးသွားပြီ
၂၅) Twitter လက်ရှိအသုံးပြုနေသူ ၂၇၇၇၇ ဦး ရှိနေတယ်
၂၆) Tweets အသစ်ပေါင်း ၁၀၀၀၀၀ ခု တက်သွားပြီ
၂၇) Tumblr မှာ ပုံပေါင်း ၂၀၀၀၀ တိုးလာပြီ
၂၈) Pinterest လက်ရှိအသုံးပြုနေသူ ၁၁၈၀၅ ဦး ရှိနေတယ်
၂၉) Facebook အသုံးပြုသူ ၄၁၁ ယောက်ထပ်တိုးလာပြီ
၃၀) Facebook wall post အသစ် ၇၉၃၆၄ ခု တက်သွားပြီ
၃၁) Facebook မှာ ပုံအသစ် ၁၇၃၆၁၁ ပုံတင်ပြီးသွားပြီ
၃၂) Facebook မှာ comment အသစ် ၅၁၀၀၄၀ တက်သွားပြီ
သင်ဒီပို့စ်ကိုဖတ်နေတဲ့ စက္ကန့် ၆၀ အတွင်းမှာပဲ အပေါ်ကအချက်တွေအကုန်လုံး တစ်ပြိုင်နက်ဖြစ်သွားပြီဖြစ်ပါတယ်...
နိုင်းရင့်နွေ
Sunday, July 21, 2013
Facebook အကောင့်သစ်ကို လော့မကျအောင်၊ဖုန်းနံပါတ်မတောင်းအောင် ဒီလိုဖွင့်ပါ
ကျွန်တော်တို့အခုရက်ပိုင်းတွေFacebookအကောင့်သစ်ဖွင့်ရာမှာ..ဖွင့်ပြီးခဏ..လော့ကျခြင်း၊ဖုန်းနံပါတ်တောင်းခြင်း..တို့ကြောင့် များစွာ စိတ်ညစ်ရပါတယ်....
ဒါပေမဲ့ တနေ့တော့ နည်းလမ်းတစ်ခု တွေ့ရှိပါတယ်..အဲ့ဒီ နည်းနဲ့ ဖွင့်ကြည့်တာ..အကောင့် 5 ခု ရတယ်.
gmailလည်း5ခုရတာပေါ့လေ..ဒိနည်းက.ဖွင့်ပြီးခဏ.facebook လော့ကျခြင်း.ဖုန်းနံပါတ်တောင်းခြင်းတို့မရှိဘူး...
အရင်ကဖွင့်နေကျပုံစံနဲ့အနည်းငယ်ကွဲပြားပါတယ်...ကျွန်တော်..စမ်းသပ် ပြီးဖွင့်ကြည့်တာ အောင်မြင်လို ပြန်လည်မျှဝေပါတယ်.
အောက်မှာပုံနှင့်တကွ..ရှင်းပြထားပါတယ်..ကျွန်တော်လုပ်တဲ့အဆင့်တိုင်းသာပြုလုပ်သွားရင်Facebookအကောင့် လွယ်လွယ် ကူကူ ရရှိနိုင်ပါတယ်...
အဆင့်(1) Browserရှိ နေတဲ့ History၊ Cookies ၊ Track တွေ ရှင်းမယ်
ပုံမှပြသည့် အတိုင်း History ကိုကလစ်ပြီး Ctrl+Shift + Deleteကိုနှိပ်ပါ(ပုံမမြင်ရလျင်.Rightကလစ် ပြီopenပါ)
ပုံပါ အတိုင်းပြုလုပ်ပြီး Clear Now ကို နှိပ်ပါ
နောက်ထပ်
Tools ကိုကလစ်  Option ကိုသွာ.း(အောက်ကပုံကို ဆက်ကြည့်ပါ)
ပုံထဲက အတိုင်း  Privacy  ကိုကလစ် Tell  ကို အမှန်ခြစ် Firefox will--မှာ Never remember history ပြောင်း Ok  ကိုကလစ်
(. Browser ပိတ်သွားပါလိမ့်မယ် ဒါဆိုရင် ..  Browser မှာရှိနေတဲ့ History တွေဟာအလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါပြီး)..
အဆင့်(2) Fb ဖွင့်ရန်.Gmail အသစ်ပြုလုပ်ခြင်း
  Gmailအကောင့်အသစ်ဖွင့်ပါ၊.Gmail ဖွင့်နည်း ဒီပိုစ့်မှာကြည့်ပါ gmailအကောင့်freeဖွင့်မယ် Gmail အသစ် ရပြီ ဆိုရင်..မပိတ်ပဲ ဒီတိုင်းထားပါ...
  Gmail အကောင့်လုပ်ပြီးသားရှိလျှင် ..အကောင့်ဝင်ထားပါ။..
ကျွန်တော်က.တော့ treeofheaven.2013@gmail.com ဆိုပြီးအသစ်လုပ်ထားတယ်..
အဆင့်(3) Facebook အကောင့်အသစ်စလုပ်ပါတော့မယ်...
  ပြုလုပ်ထားတဲ့ Gmail အကောင့်သစ်ကိုအရင် ၀င်ထားပါ.။
ကျွန်တော် က ကျွန်တော် အကောင့်  treeofheaven.2013@gmail.com ကိုဝင်ထားတယ်
နောက်ထပ် Tag အသစ်ဖွင့်  https://www.facebook.com ကိုသွားပြီး ဖေဘွတ်အကောင့်သစ်ပြုလုပ်ပါမယ်
အောက်မှာ ပုံနှင့်တကွ ဖော်ပြထားပါတယ်..အဓိက နေရာတွေကို..အနီရောင်ခြစ်ထားပါတယ်
1.
gmail ကို မပိတ်ပဲ(ကျွန်တော်အနေနဲ့ treeofheaven.2013@gmail.com ကိုမပိတ်ပဲဖွင့်ထားတယ်)..Fbကို သွားပြီး မှတ်ပုံတင်ပါတယ်.
နာမည်နေရာမှာ...အင်္ဂလိပ်ဝေါဟာရ..နာမည်ထည့်ပါ
အကောင့်နေရာမှာ..အပေါ်ကနာမည်နဲ့တူရင် ကောင်းပါတယ်..
(မှတ်ချက်-အဲ့ဒီ အင်္ဂလိပ်နာမည်တွေကို www.mp3va.com က သီချင်းအပ်ဘမ် နာမည်၊အဆိုတော် နာမည်တွေ ကို အသုံးပြုနိုင်ပါသည်။ ကျွန်တော် တော့ အဲ့ထဲက name တွေ နဲ့ပဲ ဖွင့်တယ်)
ကျွန်တော်က နိုင်ငံခြား ရောစ့် အဆိုတော် အဖွဲရဲ့နာမည် ( asking  alexisndrea) သုံးထားပါတယ်
အကောင့်ထည့်ရမဲ့နေရာမှာ... askingalexisndrea22@gmail.com ဆိုပြီးထည့်ပါတယ်
askingalexisndrea22@gmail.com ဆိုတာကျွန်တော်.gmail အကောင့်.အမှန်မဟုတ်ပါဘူး ဒါပေမဲ့..အဲ့တာပဲ ထည့်လိုက်တယ်...
မှတ်ချက်( အမှန်Gmail မဟုတ်တော့..အကယ်လို့ အမှားတခုကြောင့်..လော့ကျသွား..ဖုန်းနံပါတ်တောင်းလာရင် အစကနေ့ fb ပြန်လုပ်လို့ရတာပေါ့.)
အမှန်ထည့်လိုက်လို့ လော့ကျသွားရင် အဲ့ Gmail က အသုံးဝင်တော့မှာမဟုတ်ဘူးလေ..နည်းနည်းတော့
ရှုပ်သွားလားသိဘူး....ပုံလေးတွေ ဆက်ကြည့်ရင် နားလည်လောက်မှာပါ
password ထည့်ပါ (password မမေ့အောင် အထူးဂရုစိုက်ပါ)
boy ဆို male /girl ဆို famale ရွေးမယ်...
သေချာအောင် ပြန်စစ်ပြီးရင်          Sign Up ကို နှိပ်လိုက်ပါ
..........................................................................................
ဒီအဆင့်မှာ နာမည် မှားနေတယ်၊ Gmail  ဘာဖြစ်တယ် ဆိုပြီး.Sign Up အောက်မှာ အနီရောင် စာတန်းလေးတွေ ပေါ်လာတတ်ပါတယ်..
အဲ့လိုပေါ်လာရင်..name ကို ပြန်ပြောင်း..Gmail နောက်မှာ (1.2.3) ဂဏန်းလေးတွေ ထည့်ကြည့်ပြီး Sign Up ကို ကလစ်။။
2.
စာလိမ်ကို မှန်အောင်ဖြည့်ပြီး Sign Up ကို နှိပ်..(ဒီအဆင့်က မှာ လော့ကျပြီး.ဖုန်းနံပါတ်တောင်းတတ်တယ်..)
ဟော..ခုလို ပေါ်၇င်တော့ အဲ့တာ..lock ကျတာပါ..( နာမည်ပေးတာ မကြိုက်လိုဟု ကျွန်တော်ယူဆပါသည်)
အသစ် ပြန်လုပ်ပါ..
ဒီလိုပေါ်လာရင်တော့ ကျွန်တော် လုပ်မဲ့နည်းနဲ့တော့ မကိုက်ပါဘူး..ဒါပေမဲ့.GO to Yoyr Email ကို နှိပ်ပြီး gmail အမှန်ထည့်ပြီး အသုံးပြုနိုင်ပါသည်။ သိုသော် ဖွင့်ပြီး ခဏ လော့ကျသွားလို့..
ဒီ နည်း ကျွန်တော် မသုံးပါဘူး
3.
အပေါ်က လိုမဟုတ်ပဲ..ဒီ အဆင့် ရောက်လာရင်တော့ အဆင် ပြေဖို့များပြီ
Skip this step ကို ကလစ်ပြီး..Skip ကို ကလစ်
4.
မြို.၊.ကျောင်း ..အပြည့်အစုံ ..Facebook ကပေးထားတာကိုပဲ ထည့်..ပြီး Save & contiune ကိုနှိပ်
5.
ဒီအဆင့်မှာ သူငယ်ချင်း အနည်းငယ် အယောက် 10 ယောက်  လောက်အပ် ပြီး Save & contiune ကိုနှိပ်
6.
ပုံထည့်ပြီး Save & contiune ကိုနှိပ်
7.
ဒီလိုပေါ်လာရင် .ခဲ့ရင် password နေရာမှာ ဘာမှ မထည့်ပဲ...Find Frinends ကို သာ နှိပ်ပါ..
( Go to your email )ပေါ်နေလို့စိတ်မညစ်ပါနဲ့
8.
.Find Frinends ကိုကလစ်ပါ..ခဏစောင့်..အောက်ကလို့ပေါ်လာမယ်
9.
အခုလိုပေါ်လာရင်.Accapt ကို နှိပ်
 ဒီ အဆင့် မှာ Facebook နဲံ ကျွန်တော် Gmail (treeofheaven.2013@gmail.com)ချိတ်ဆက် နေစေဖို့   ကြိုဝင်ထားတာပါ
ခုဆိုရင် gmail နဲ့ fb ချိတ်ဆက်သွားပါပြီ အရင်လို့ gmail ထဲဝင်ပြီး လင့်နှိပ်ပြီး အတည်ပြုဖို့ မလိုပါဘူး
10.
အခုလိုပေါ်လာရင် right ကလစ်ကို နှိပ်ပြီး Reload ကို ကလစ်ပါ..Go to your email ပျောက်သွားပါလိမ့်မယ်
11.
အဆင်ပြေ သွားပြီးပေါ့ ....Page 3 လေးခုလောက် ၇ှာပြီး Like လိုက်ပါ
ကျွန်တော်က တော့ ဟာသပေ့စ် တွေကို ရှာပြီး like လိုက်တယ်...
...
ကျွန်တော် အခု လုပ်ပြီးတဲ့ fb အကောင့်setting ထဲဝင်ကြည့်ရင်
askingalexandria22@gmail.com ရဲ့ဘေးမှာ ( Pending )ဆိုပြီးတွေ့ရတယ်..
Edit ကို ကလစ်လိုက်ရင်
ကျွန်တော် ရဲ့ Gmail အမှန် (treeofheaven.2013@gmail.com)ရှိနေတာ တွေ့ရတယ်
(( မိမိ Gmail အကောင် နဲ့ ပဲ သုံးချင်တယ် ဆိုရင်  ဥပမာ-treeofheaven.2013@gmail.com ..ရှေမှာ အမှန်ခြစ်၊ password ထည့်ပြီး. ပြောင်းလို့ရပါသည်))ကျွန်တော် ကတော့ ဒီ အတိုင်းပဲထားတယ်..
 ခု  ..facebook အကောင့်တစ်ခု တော့ အဆင်ပြေပြေ ရသွားပြီ
အခုဒီ အကောင့်ဟာ..ဖုန်းနံပါတ်တောင်းခြင်း၊လော့ကျခြင်း..ရာခိုင်နှုန်း..တော်တော် နည်းသွားပါပြီ
လင်းလင်း (သံမဏိလိပ်ပြာ)
မန္တလေးသား တေးရေးတေးဆို  အဆိုတော်”လင်းလင်း” ရဲ့ တတိယတစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “သံမဏိလိပ်ပြာ” အမည်ရှိ တေးစီးရီးသစ်။ထို တေးစီးရီးသစ်တွင်
Thursday, July 18, 2013
အာဇာနည်နေ့ ((ရင်သို့ထိသောကဗျာတပုဒ်))
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb3VFcIe7GXoiLXiTqTTtS3lYtnJNzTvsyERcsfewXJ4F4ImFej30EjdbedJnItFEJcMw_FVVNCLZ02pNCLUVf8Pg5uP4vhlks6xd-MZToGm4u_v-FmTLojQqzFVlaM5fFbTdhEUppUk8/s640/%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.jpg
နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။
ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။
ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။
ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။
ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။
ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။
ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။
ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။
အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။
ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။
မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။
ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။
ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။
ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။
ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။
ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။
ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။
ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။
ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆာဒါးတွေမပါဘူး။
မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။
Heinn FiveStrings
Wednesday, July 17, 2013
လူငယ်တို့အကြိုက် Twilight ဇာတ်ကားမှ ဇာတ်ဝင်တေးသီချင်းကောင်းများ
Twilight ဇာတ်လမ်းတွဲ..ဆယ်ကျော်သက် လူငယ်တွေ အကြိုက်တွေ စေတဲ့..ဇာတ်ကားကောင်းဖြစ်ခဲ့ပါတယ်
ပြောချင်တာကဇာတ်လမ်းအကြောင်းမဟုတ်ပါဘူး..အဲ့ဇာတ်ကားထဲကကျွန်တော်နားထောင်ဖြစ်ခဲ့တဲံဇာတ်ဝင် တေးသီချင်း
ကောင်းလေး တွေနားဆင် နိုင်အောင်..ပါ
Tuesday, July 16, 2013
တစ်ကိုယ်တော်
ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။
ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?
မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။
ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။
လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။
“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။
လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ
မင်းခိုက်စိုးစံ
တာရာမင်းဝေဧ။်ကဗျာ တပုဒ်
မျက်စိကိုမှိတ်ထားပါလျှက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နိုင်ပါသည် ။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ကျွန်ုပ် ချစ်သူ တစ်ယောက်တည်းသာဖြစ်ပါ၏.......
(တာရာမင်းဝေ)
ကိုယ်ချစ်ရတဲ့မိန်းကလေး ကို ချစ်ရေး မဆိုခင်
တကယ်တော့ကိုယ်ချစ်ရတဲ့ မိန်းကလေးကို ချစ်ရေးဆိုတယ်ဆိုတာ လွယ်မယောင်နဲ့ တော်တော်ခက်ကြတာ အားလုံးလည်းသိမှာပါ။..တကယ်လို မပိုင်ပဲ..ချစ်ရေးဆိုမိ ရင် ပါးရိုက်ခံရမှာလည်းစိုးသေးတယ်...
ဒီတော့ကိုယ်ချစ်တဲ့ကောင်မလေးကိုရည်းစားစကားစမပြောခင်မှာဘာလုပ်သင့်တယ်ဆိုတာလေးတွေကို
အောက်မှာဖတ်ကြည့်ရအောင်ဗျာ
အချစ် တခုကို ရွေးချယ်ကြရာ တွင်
 လူအမျိုးမျိုးမှာအချစ်ကပုံစံအမျိုးမျိုးနဲ့ရှိနေတက်ပါတယ်။သူငယ်ချင်း..မင်းရဲ့အချစ်ကဘယ်လိုအမျိုးအစားထဲကလဲဆိုတာသိရအောင်
အောက်မှာပေးထားတဲ့အချက်လေးတွေထဲက
မင်းရဲ့အချစ်ပေါ်ခံယူချက်တစ်ခုကိုအရင်ဆုံးရွေးလိုက်ပါ။
ပြီးရင်တော့အောက်ကမင်းရွေးထားတဲ့အချက်နဲ့ကိုက်ညီတဲ့စာစုလေးကိုရွေးဖတ်လိုက်နော်။
love is happines.
love is wonder.
love is dream.
love is drug.
love is hope.
love is nothing.
love is happines.
အချစ်ဆိုတာပာာပျော်ရွှင်စရာ၊စိတ်ချမ်းမြေ့စရာလို့မင်းအနေနဲ့ခံယူထားတယ်ဆိုရင်တော့မင်းရဲ့အချစ်ပာာအမြဲတမ်းပြောင်းလဲနေတက်တဲ့အမျိုးအစားထဲကပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့မင်းပာာချစ်ရတာကိုပျော်တက်လို့ခဏခဏပြောင်းချစ်တက်သူတစ်ယောက်ဖြစ်နေမှာမလွဲလို့ပါပဲ။
love is wonder.
အချစ်ကိုအံ့သြစရာလို့ယူဆနေရင်တော့မင်းရဲ့အချစ်ပာာအချစ်ကိုစမ်းကြည့်ဖို့ချစ်ကြည့်တဲ့အချစ်မျိုးပဲဖြစ်မှာပါ။
ဘာကြောင့်လဲဆိုတော့မင်းပာာအချစ်ရဲ့အံ့သြစရာတွေကိုမြည်းစမ်းဖို့ချစ်နေတဲ့သူဆိုတာကိုမင်းကိုတိုင်လဲသိမှာပါ။
love is dream.
အချစ်ဆိုတာကိုအိမ်မက်တစ်ခုလို့ခံယူထားတယ်ဆိုရင်တော့မင်းပာာအချစ်ကိုကိုးကွယ်တက်တဲ့အမျိုးအစားထဲကပဲဖြစ်ပါတယ်။
ဒါပေမဲ့အချစ်ကိုအိမ်မက်တစ်ခုလို့ပဲထင်နေရင်မင်းပာာလက်တွေ့ကြတဲ့အချစ်ပိုင်ရှင်မျိုးမပာုက်ပဲ
အချစ်နဲ့ပတ်သက်လို့လက်တွေ့မှာလဲပျော့ညံ့သူတစ်ဦးပဲဖြစ်မှာပါ။
love is drug.
အချစ်ဆိုတာဆေးဝါးတစ်ခုမြင်နေတယ်ဆိုရင်တော့မင်းရဲ့အချစ်ပာာပြန်အချစ်မခံရရင်သေဆုံးသွားတော့မယ့်
အရှုးံပေးချစ်တက်တဲ့အချစ်မျိုးပဲဖြစ်ပါတယ်။မင်းပာာအချစ်ကြောင့်အလဲထိုးခံခဲ့ရဖူးတဲ့သူတစ်ယောက်ဖြစ်နေမှာမလွဲမသွေပါပဲ။
love is hope.
အချစ်ဆိုတာမျှော်လင့်ချက်တစ်ခုမှတ်ယူထားတယ်ဆိုရင်တော့မင်းရဲ့အချစ်ပာာအချစ်ကိုအရှုံးမပေးပဲမရရအောင်ယူမယ်ဆိုတဲ့
ရယူလိုခြင်းတွေနဲ့တည်ဆောက်ထားတဲ့အချစ်မျိုးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မင်းပာာအချစ်အတွက်ဘာပဲလုပ်ရလုပ်ရ
အချစ်ကိုပိုင်ဆိုင်ရရင်ပြီးရောဆိုတဲ့လူမျိုးပဲဖြစ်ပါတယ်။
love is nothing.
အချစ်ဆိုတာကိုဘာမှမရှိဗလာနတ္ထိလို့ယူဆထားတယ်ဆိုရင်တော့မင်းရဲ့အချစ်ပာာသေဆုံးနေတာကြာပြီဖြစ်ပါတယ်။
ဒီအချစ်တွေကိုပြန်လည်ရှင်သန်အောင်ကြိုးစားလိုက်ပါဦးနော်။ဘာလို့လဲဆိုတော့အချစ်မရှိရင်ဘ၀မရှိလို့ပါပဲ။
Monday, July 15, 2013
myanmar music new
Mp3 player ပေါ်ရန် ခေတ္တ စောင့်ဆိုင်းပေးပါ။ ကျေးဇူးတင်ပါသည်။သစ္စာ-ဘန်နီဖြိုး Vs ဆိုတေး။V.I.P - ရဲရင့်အောင်။Nine One, နီနီခင်ဇော် ။မရှိလို့မဖြစ် .BUnny phyo
Union J အဖွဲ့၏ သီချင်းကောင်းတစ်ပုဒ်
လူငယ်4 ယောက်ဖြင့်ဖွဲစည်းထားသော  Union J  အဆိုတော်အဖွဲ၏ တေးသီချင်း တစ်ပုဒ်
သီချင်းခေါင်းစဉ်က CarryYou....
Download ဆွဲရန် ဒီလင့်ကိုနှိပ်ပြီး >> http://en.savefrom.net/
 ကျလာမဲ့အကွက်ထဲကို http://www.youtube.com/watch?v=GEEYhzaeNus    ကိုထည့်ပြီး Down
အချစ်တဲ့
တနေ့မှာ နိုးတ၀က် အိမ်မက် မက်နေဆဲ.အချိန်..
လူ လောက ကို ခြေ လှမ်း ချချိန် ကာလ..
တံခါးခေါက်သံ တချက်ကြားလိုက်တယ်..
နှလုံးသား ကို ဖွင့်ကြည့်တော့
သူကိုယ်သူ အချစ်လို့
 ပြောလာသူ တစ်ယောက်..ကိုတွေ့ရတယ်
ရိုးသားတဲ့ ကျွန်တော်
လူတကာပြောနေတဲံ အချစ်ဆိုတာကြီးကို
မျက်ဝါး ထင်ထင်  ဆုံတွေလိုက်ရတော့
.ရင်ခုန်သံတွေ့ ဆူညံလို့..
နှလုံးသား တခုလုံး မူးမိုက်သွားလေရဲ့
.ဖြူစင်တဲ့ အပြုံး နဲ့ယဉ်ကျေးစွာပဲ
.ရောက်ရှိလာတဲံ အချစ်..
နာကျင်မှု တွေ ထားခဲ့ မယ်မထင်လို့
နှလုံးသားဝယ် နားခိုခွင့်ပြုလိုက်တယ်..
အချစ်ဆိုတာ ဘာလဲ
ဦးနောက်က စဉ်းစားနေတုန်းမှာပဲ..
သူကနှလုံးသား တခုလုံးကို
အနိုင်ယူ လို့ သိမ်းပိုက်ခဲ့ပြီးလေ
ချစ်မိတော့လည်း
အချစ် ကို အချစ်လိုပဲမြင်
ဘာတွေ ဘယ်လိုပင် ရှိပါစေတော့...
အကောင်း အဆိုးကို မျက်စိစုံမှတ်..
အချစ် ဆိုတာ ကို ရင်ဝယ် ပိုက်ထွေး
နာကျင်မှု ဟာ..ကိုယ်အတွက်
သူပေးလိုက်တဲ့ ဆုလာဒ် တခုဆိုရင်..
ဝမ်းမြောက်စွာ လက်ခံရင်းး...
နှလုံးသားတခု လုံးပျက်သုန်းလို့.
ရင်ခွင်တခုလုံးပျောက်ဆုံးသွားပါစေ
သူ ကို ချစ်တဲ့ စိတ် ထာဝရ ရှင်သန်နေရင်းး
.ရှေ့သို့..ရှေ့သို့ ရှေ့ဆက် ..လို့......................
Zây Łïñ
Saturday, July 13, 2013
သိမှတ်ဖို့ရာ
1. ယောက်ျား တစ်ယောက်အတွက် သင့်ရဲ့ မျက်ရည်ကျတယ်ဆိုတာ မထိုက်တန်ပါဘူး...သင်နဲ့ ထိုက်တန်တဲ့ ယောက်ျားလေးဟာလဲ သင့်ကို မျက်ရည်ကျအောင် မလုပ်ပါဘူး။
2. မိန်းကလေးတွေဟာ တယ်လီဖုန်းနဲ့ တူပါတယ်။ သင်က သူ့ကို ထိလို့ရတယ် စကားပြောလို့ရတယ်။ ဒါပေမဲ့ ခလုတ်မှားနှိပ်မိရင်တော့ အဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks
တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)
အကြံပြုပါ..ပြောချင်တာရှိလျှင်