ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, December 17, 2015

Binary တွင် အွန်လိုင်းဝင်ငွေရှာခြင်း




1
- Binary အကောင့်ဖွင့်နည်းနှင့် Verify လုပ်နည်း

Binary ဆိုတာကတော့ Online မှာ Trading လုပ်ရတဲ့ Trading Broker ပါပဲ။ Binary ကတစ်ခြား Broker တွေနဲ့မတူတာက Trading သဘောမျိုးမဟုတ်ပဲ Gambling နည်းနည်းဆန်ပါတယ်။ သူ့ရဲ့ Trade ရတဲ့ပုံစံက ကိုယ်ယူလိုက်တဲ့ Entry point ကိုသတ်မှတ်ချိန်အတွင်း တက်မလား ကျမလား Trade ရတဲ့သဘောပါ။ Trade ပုံ Trade နည်းကို အောက်မှာရေးသားဖော်ပြထားပါတယ်

Sunday, November 22, 2015

ကွန်ပျူတာ (motherboard) အကြောင်း တစေ့တစောင်း



မားသားဘုတ်အကြောင်း သိကောင်းစရာများ


ကွန်ပြူတာအတွင်း ရွေ့ပြောင်း အစားထိုးရသည့်ပစ္စည်းများတွင် System board ခေါ် Motherboard လည်းတစ် ခု အပါအ၀င်ဖြစ်ပါသည်။ ကွန်ပြူတာပုံးကိုဖွင့်လိုက်လျှင် ဘုတ်ပြားကြီးတစ်ခုကို အထင်ရှားဆုံးတွေ့မြင်နိုင်သည်။
သူ့ကိုအကြောင်းပြုပြီး ကွန်ပြူတာစနစ်ကို တည်ဆောက်ရသဖြင့် အရေးပါသည့်အခြေခံအဆောက် အအုံးကြီး တစ်ခုဟူ၍လည်းဆိုနိုင်သည်။


Saturday, November 7, 2015

စိတ်ခံစားမှုများ အကြောင်းတစေ့တစောင်း


--

 စိတ်ခံစားမှုများ အကြောင်းတစေ့တစောင်း.... ဖော်ပြချက် များ ဖြစ်ပါသည်၊ အောက်မှာဆက်လက်ဖတ်ရှုပါ။


Wednesday, October 21, 2015

လူလေးသို့ပေးစာများ - မြသန်းတင့်

                       

 ဆရာ မြသန်းတင့် ၏ လူလေးသို့ပေးစာများ ( ဘာသာပြန် ) စာအုပ်ဖြစ်ပါသည်။ အောက်မှာ Download ဆွဲယူ ဖတ်ရှုနိုင်ပါသည်။

စာအညွှန်း

Lord Chesterfield ၏ Letters to his son and others ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဖခင်တစ်ယောက်က သားထံသို့ ရေးသည့်စာပုံစံမျိုးဖြင့် ဖတ်ရှုရမည်ဖြစ်ပြီး သားဖြစ်သူအား ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းဖြစ်အောင်၊ လူတစ်လုံး သူတစ်လုံးဖြစ်အောင်ရည်ရွယ်၍ နေထိုင်၊ စားသောက်၊ ပြောဆို၊ ပေါင်းသင်းမှုများ၊ ပညာရှာမှီးမှုများ၊ အပန်းဖြေမှုများ၊ စိတ်ထားတတ်စေရန် လမ်းညွှန်ထားသော စာများဖြစ်သည်။ စိတ်ကူးယဉ်ပေးစာများ မဟုတ်ဘဲ ပြင်ပတွင် တကယ်လက်တွေ့ရှိခဲ့သော သားအဖနှစ်ဦးကြား ပေးစာများဖြစ်သည်။

မူရင်းစာရေးသူ Lord Chesterfieldသည် ဗြိတိသျှနိုင်ငံရေးလောကတွင် အနှစ်သုံးဆယ်မှ ကျင်လည်ခဲ့ပြီး စာတွင်ပါသော သားသည်လည်း ပါလီမန်အမတ်အဖြစ် ၂ ကြိမ်တိုင်ရွေးချယ်ခံခဲ့ရသည်။


Download >> -မြသန်းတင့် - လူလေးသို့ပေးစာများ- 24 MB
                >>  မြသန်းတင့် - လူလေးသို့ပေးစာများ
                >>  မြသန်းတင့် - လူလေးသို့ပေးစာများ





Tuesday, October 20, 2015

တက္ကသိုလ်ဘုန်းနိုင် ၏ စာအုပ်များ


  
                      တက္ကသိုလ်ဘုန်းနိုင်



စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်-အပါအ၀င် စာအုပ်များ ၁၄ အုပ်ဖြစ်ပါသည်။ အောက်မှာ Download ဆွဲယူ ဖတ်ရှုနိုင်ပါသည်။


Friday, October 16, 2015

ကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀နေနည်း



သင့်နှလုံးသားရဲ့ဆန်းကြယ်သောခေါ်ငင်ရာနောက်သို့ အသာတကြည်ကလေး စီးမျောလို့ လိုက်ပါကြည့်ပါ ၊ သင်နှစ်သက်မြတ်နိုးသောထိုအရာသည် သင့်အား ဆိုးသောအကျိုးကိုပေးလိမ့်မည်မဟုတ်။

ပါရှားလူမျိုး ဂန္ဒဝင်ဒဿနဆရာ ကဗျာဆရာကြီး ရူမီ (Rumi) ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာသာမကပဲ မျက်မှောက်ခေတ်အထိကိုပါ သူ့ရဲ့ ပြောင်မြောက်လှတဲ့ စာပေအနုပညာနဲ့ အသိဥာဏ်ပညာအလင်းကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ ယခုအချိန်ထိ အမေရိကန်ပြည်မှာ စာအုပ်အရောင်းရဆုံးနဲ့ အကျော်ကြားဆုံး ကဗျာဆရာ စာရင်းဝင်အဖြစ်ရှိနေဆဲရူမီဟာ လူ့လောကကြီးနဲ့ပတ်သက်လို့ ဘဝနေနည်းတွေနဲ့ပတ်သက်လို့ လေ့လာသင်ယူမှတ်သားဖွယ်ရာ ဆန်းကြယ်တဲ့အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ရူမီရဲ့ အကျော်ကြားဆုံး ဘဝဒဿနအဆီအနှစ်တွေပဲဖြစ်ပါတယ်။

Thursday, October 15, 2015

စိတ် ၈၉ ပါး



အကုသိုလ်စိတ်၁၂ ပါး
အဟိတ်စိတ်၁၈-ပါး
ကာမသောဘနစိတ်၂၄-ပါး
ရူပါဝစရစိတ် ၁၅-ပါး
အရူပါဝစရစိတ်၁၂-ပါး
လောကုတ္တရာစိတ်၈-ပါး
စုစုပေါင်း၈၉ပါး


အကုသိုလ်စိတ် ၁၂ ပါး

လာဘမူစိတ် = လိုချင်မှုကို အခြေခံပြီး ဖြစ်တဲ့ စိတ် ၈-ပါး

၁။ သူတစ်ပါး သားမယားကို လွန်ကျူးမှု၊ သူတစ်ပါး ပစ္စည်းကို မတရားယူမှုတွေကို အပြစ်မရှိဘူးလို့ ယူဆပြီး၊ သူတစ်ပါး မတိုက်တွန်းဘဲ မိမိကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပထမ လောဘမူ စိတ်)။

စိတ်​ပညာနိဒါန်း




စိတ်ပညာသည်လူတို့၏စိတ်နေသဘောထားနှင့်အပြုအမူကိုသိပ္ပံနည်းကျကျ လေ့လာသည့်ပညာတစ်ရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ ယေဘုယျ သဘောတရားများနှင့် သာဓကများကို ရှာဖွေရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန်ဖြစ်သည်။ စိတ် ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူကို သဘောပေါက် နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အချို့ စိတ်နေစိတ်ထားနှင့် အပြုအမူ နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံပိုင်းဆိုင်ရာအကြောင်းရင်းများကိုလည်း လေ့လာကြသည်။စိတ်ပညာသည်အတွေးအခေါ်ပညာရပ်မှ ခွဲထွက်လာသော ပညာရပ်တစ်ခုဖြစ်သည်။

Saturday, October 10, 2015

သိုင်းပညာဆိုင်ရာစာအုပ်များ ၃၂ အုပ်



သိုင်းပညာ ၊ ကိုယ်ခံပညာ ဆိုင်ရာ စာအုပ်များ စုစည်းထားရှိမှုဖြစ်ပါသည်၊ သိုင်းပညာ ဆိုင်ရာ စာအုပ်ပေါင်း
32 အုပ်ရှိပါသည်။ အောက်မှာ Download ဆွဲယူ ဖတ်ရှုနိုင်ပါသည်။

Sunday, October 4, 2015

မင်းလူ ၏ စာအုပ်များ

  1. မင်းလူ – သင်္ခါရများ
  2. မင်းလူ – ပန်းကျောင်း
  3. မင်းလူ – အချစ်ရူးကြီးရူးတော့သည်
  4. မင်းလူ – ကံကော်နီ
  5. မင်းလူ – ချစ်သောပန်းကလေး
  6. မင်းလူ – သူတို့ပျော်ကြလေပြီ
  7. မင်းလူ – ခေါင်းလောင်းထိုးသောဝတ္ထုတိုများ
  8. မင်းလူ – အချစ်လို့အဓိပါယ်သက်ရောက်ခြင်းမရှိစေရ
  9. မင်းလူ – အချစ်သည်သက်တော်ရာကျော်ရှည်ပါစေသတည်း
  10. မင်းလူ – ငိုအားနဲ့ရယ်အား
  11. မင်းလူ – ခြေစစ်ပွဲများ – ၀တ္ထုတို
  12. မင်းလ– အဖွားကြီးသုံးယောက်နဲ့စကားပြောခြင်း (၀တ္ထုတို)
  13. မင်းလူ – ဒေ၀တာမြို့တော်-၀တ္ထုတို
  14. မင်းလူ – စိန်အလွမ်း(ဝတ္ထုတို)
  15. မင်းလူ– အီးကော်လံ-၀တ္ထုတို
  16. မင်းလူ – လေထန်ဖုန်း-၀တ္ထုတို
  17. မင်းလူ – ခြေစစ်ပွဲများ – ၀တ္ထုတို
  18. မင်းလူ – ညာဏ်စမ်းပုစ္ဆာ-၀တ္ထုတိုီိ
  19. မင်းလ– ဖူးစာရှင်ကိုရွေးတော့မည်-၀တ္ထုတို
  20. မင်းလူ – ပြတိုက်ထဲက ပြဇာတ်
  21. မင်းလူ – ငါးလေးတစ်ကောင်ဖမ်းမိတယ် – ၀တ္ထုတို
  22. မင်းလူ – လမ်းဖြတ်ကူးသော ဝတ္ထုတိုများ
  23. မင်းလူ – နှလုံးသား-၃၈၀၊ ၅၄ (ဝတ္ထုတိုများ)
  24. မင်းလူ – ဓားဇာတ်လမ်း (ဝတ္ထုတို)
  25. မင်းလူ – ဘောအေးတိုက်ပွဲ (ဝတ္ထုတို)
  26. မင်းလူ – ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး
  27. မင်းလူ – ခေါင်းလောင်းထိုးသော…(ဝတ္ထုတိုများ)
  28. မင်းလူ – ကျမ်းကိုးစာရင်း – ဝတ္ထုတို
  29. မင်းလူ – အနာဂတ် ကုမ္ပဏီ လီမိတက် – ဝတ္ထုတို
  30. မင်းလူ – အသံထွက် ကုထုံး – ဝတ္ထုတို
  31. မင်းလူ – အမုန်း အလိုမရှိ
  32. မင်းလူ – ရေတမာ
  33. မင်းလူ – ဂန္တဝင်အိပ်မက်
  34. မင်းလူ – ကျွန်တော်ကျွန်မတို့သည်
  35. မင်းလူ – သူငယ်ချင်းတစ်ယောက်အကြောင်း
  36. မင်းလူ – ယမကာလုလင်
  37. မင်းလူ – မင်းမဆိုးပါဘူး
  38. မင်းလူ – ခိုးခိုးခစ်ခစ်
  39. မင်းလူ – ရယ်မောခြင်းလက်ကျန်
  40. မင်းလူ – အောင်ဘာလေ
  41. မင်းလူ – အခြားဝတ္ထုတိုများ
  42. မင်းလူ – ဦးမင်းလူကောင်းမှု (ကဗျာစာစုများ)
https://chanlinnay.wordpress.com

 

Big Bag - IDGAF ( 2015 album )



Big Bag  ၏ 2015 တေးအယ်ဘမ် အသစ်  IDGAF ဖြစ်ပါသည်။ အောက်မှာ သီချင်း တပုဒ်ချင်းလိုက် ( သို့ ) Album လိုက် Download ဆွဲယူ နားဆင်နိုင်ပါသည်၊

Wednesday, September 30, 2015

ရောက်တတ်ရာရာ- ၀က်ဆိုက်များ.



ကျွန်တော် ရောက်ရှိ.. နှစ်သက်မိသော...၀က်ဆိုက်များ...စုစည်းထားခြင်းဖြစ်ပါသည်။

www.dhammadownload.com-- တရားတော် Mp3/Mp4 နှင့် တရား ဓမ္မဆိုင်ရာ စာအုပ်များ

Thenobleeightfoldpath.wordpress.com  တရား ဓမ္မဆိုင်ရာ

www.phyuniwarpyar.blogspot.com -- ခေတ်ဟောင်း တေးသီချင်းနှင့် ရေဒီယိုဇာတ်လမ်းများ
www.chordfinder.com  ဂစ်တာအခြေခံ
www.guitaristsreference.com ဂစ်တာ Chords

www.myanmarsub.wordpress.com မြန်မာ စာတန်းထိုး ရုပ်ရှင်
www.channelmyanmar.com မြန်မာစာတန်းထိုး HD Movie

www.123movies.to- Hd Movie
www.onlinehdmovies.org  Hd Movie - Watch and Download
www.superphim.com အာရှ Movie
www.cartoonhd.mobi - HD Movie
www.moviexk.net--  360p Movie
www.cartoons8.co
- Hd ကာတွန်း Movie

www.movie.pubfilmno1.com  Hd Movie
kshowonline.com  Running Man
www.hindilinks4u.to -Hd Movie
www.viewmovies.is- Watch Movie
www.poemscorner.com -ကဗျာ ချစ်သူများ

www.ornagai.com   English/myanmar ဘာသာပြန်
www.mmdictionary.com   English/myanmar dictionary
www.burmese-dictionary.org  English/myanmar dictionary
www.myordbok.com    English/myanmar dictionary

www.quackit.com HTML သင်ခန်းစာ

www.hypergurl.com   HTML သင်ခန်းစာ
www.goodfon.com   Hd WALLPAPER  
www.badfon.ru  HD WALLPAPER
www.sketchite.com  အွန်လိုင်းတွင်ပုံဆွဲရန်
speed-drawing.deviantart.com ပန်းချီ ဆွဲနည်း
www.dragoart.com  ပုံဆွဲနည်း သင်ခန်းစာ
Fine Art-Tips -
- ပုံဆွဲနည်း သင်ခန်းစာ

PortraitPainter Pabst-  ပုံဆွဲနည်း သင်ခန်းစာ

MyanmarDefenceWeapons
        မြန်မာ့တပ်မတော်(ကြည်း၊ရေ၊လေ)စစ်လက်နက်နှင့်တိုက်ပွဲများအကြောင်း
www.namebirthdaycakes.com ချစ်ရသူအတွက် မွေးနေ့ကိတ် Photo
www.ifaucet.net/ Free Bitcoin

www.d2xgames.blogspot.com ကွန်ပျူတာ ဂိမ်း Download
www.enlard.com -ကွန်ပျူတာ ဂိမ်း Download
www.oceanofgames.com--ကွန်ပျူတာ ဂိမ်း Download
www.fullypcgames.net--ကွန်ပျူတာ ဂိမ်း Download
www.exegames.net- ကွန်ပျူတာ ဂိမ်း Download
www.freewarefiles.com - ကွန်ပျူတာ ဂိမ်း Download နှင့် Software


Sunday, September 27, 2015

စိတ်ရည် စိတ်သွေးဆိုသည်မှာ

  Emotional quotient

    အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ည တစ်ညရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး တစ်ခြံထဲက နှစ်ထပ်တိုက်ရဲ့အပေါ်ထပ်မှာ လူသုံးယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီဆိုပြီး တံခါးပွင့်လာတဲ့ အသံကို သူတို့ သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။ သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့။
သရဲကိုမယုံ၊ဒါသူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံး တစ်ယောက်ကတော့ တုတ်တုတ်မျှ မလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော် လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ် မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။

အခက်အခဲဆိုတာကို စိတ်ညစ်စရာလို့ မြင်ပြီး ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီး ဖြစ်သွားရုံရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘ၀မှာ အများ လေးစားရသူအဖြစ် အောင်မြင်လာတယ်။
ဆင်းရဲကျပ်တည်းတဲ့ မိသားစုက ပေါက်ဖွားလာတာချင်းတူပေမယ့် တစ်ယောက်က ဒါကို စိတ်ထွက်ပေါက် ပေးရင်းနဲ့ လူဆိုးလူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေ အဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခ ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ ရွေးချယ်လို့ရတာက အဲဒီ အဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လို ခံယူချက်မျိုးထားပြီး တုံ့ပြန်မလဲ ဆိုတာပါပဲ။



ယနေ့ခေတ်မှာ ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိက ကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ငါးခု ရှိပါတယ်။

မိမိကိုယ်ကို သိခြင်း(Self awareness)       

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ် မမြင် တတ်ပါဘူး။ ကိစ္စတစ်ခု ဖြစ်လာတိုင်း ကိုယ်သာ မှန်တယ်ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှု ဆက်ဆံရေးမှာတော့ အဲဒီ အတ္တဟာ တကယ့် အတားအဆီးပါပဲ။
လူဟာ ကိုယ့်ဘ၀ကိုယ်သိဖို့ သိပ်ကို လိုအပ်ပါတယ်။ ဘ၀ ဆိုတာကို ကျောင်းလို့ တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများ ပုစ္ဆာ သွားဖြေချင်လို့ မရဘူး။ ဆရာဝန် ဖြစ်သွားတာချင်း တူရင်တောင် မိဘ ပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှု မရှိတဲ့သူက ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေရတယ်၊ အလုပ်လုပ် နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလားဆိုပြီး လောကကြီးကို အပြစ် ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာ ကိုယ်နားလည်အောင်လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။


၂။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self Requlation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက် ယူရပါတယ်။ ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေထိုင်ရပြန်ပါတယ်။ အဆိုတော် တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်၊ အိပ်ရေးပျက်ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမား တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့် နေရတယ်၊ ခန္ဓာကိုယ် ကြံ့ခိုင်အောင် စားရ သောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံမရှိသေးတဲ့ အချိန်မှာ အသစ်အဆန်း လိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချုပ်တည်းရသလို၊ ပိုက်ဆံတွေ ရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခ ပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ် ရပြန်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။


၃။ စိတ်ဓာတ်တက်ကြွခြင်း (Motivation)

Motivation=A passion to work for the reasons that go beyond money and status.

အကြိုက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေး ကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေလာ ရှာနေတုန်းလို့ ရဲနှစ်ယောက်ကို မေးကြည့် လိုက်မယ်။ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့ အလုပ်က သိပ်ကို အရေးပါတယ်၊ ကျွန်တော်တို့သာ တစ်ခုခုမှား ယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကို အန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည် (Performance)ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် သူ့အလုပ်ကိုသူ ဘယ်လို သဘောထားလဲ ဆိုတာပါပဲ။

၎။ လူမှုဆက်ဆံရေး (Social Skill)

ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံး လှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ ဒါတွေ အကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေးလို့ ပြောလိုက်ရင် လူတွေက စကားပြော ကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမယ့်၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့၊ အတွေ့အကြုံမရှိလို့ စသဖြင့် ကိုယ့်ကိုကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့အခါ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင် သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရ အဆင်မပြေတော့ပါဘူး။

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့ အလုပ်တွေအပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးပါပါတယ်။

၅။ ကိုယ်ချင်းစာတရား (Empathy)

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်၊ ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာတဲ့။
ကျွန်တော် NGO မှာ အလုပ်စ၀င်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူတွေဆီက လစာတိုးပေးဖို့ အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိက ထားရတာလဲ၊ ပရဟိတ စိတ်ကို အရင်းခံရမှာပေါ့လို့ တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့် ကို မှီခို စားသောက်နေတဲ့သူ ဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။
ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ်မနေဘူး၊ အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲလဲနေတာ၊ အမေဖြစ်သူက အဖေ့ကိုပြုစုရင်း ကလေး အငယ်လေးတွေကို စောင့်ရှောက် နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့် တက်စေခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာ တစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲ တွေကိုပါ နားလည် ပေးတတ်လာတယ်။
တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့အတွက် အသက်သွေးကြော ဆိုလည်း မမှားပါဘူး။
ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဥာဏ်ရည် ဥာဏ်သွေး ကောင်းမွန်မှု ကြောင့်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၉၀ ကတော့ စိတ်ဓာတ် အရည်အသွေး အပါအ၀င် တခြားသော အကြောင်း အရာတွေ ကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။
ကြားဖူးတာလေး ရှိပါတယ်။

A bad attitude is like a flat, you can’t go anywhere until you change it.

အားနည်းနေတဲ့ စိတ်ဓာတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ် မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။



ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓာတ် အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။


Tuesday, September 8, 2015

သင့်လက် အမူအရာက ပြောတဲ့သင့်၏ စိတ်နေသဘောထား


1 - သင့်လက်နှစ်ဖက်ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...

 အထက်ဖော်ပြပါ ပုံများထဲမှာ သင်\ လက်ပိုက်ပုံ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည်ကို ရွေးပါ
။ပြီးနောက် သင့်၏ စိတ်နေသဘောထားကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။

Friday, September 4, 2015

မူးယစ်ဆေးဝါးတွေက ဦးနှောက်ကို ဘယ်လိုဖြစ်စေသလဲ?



မူးယစ်ဆေးဝါးတွေက ဦးနှောက်ကို ဘယ်လိုဖြစ်စေသလဲ? သုံးစွဲသူရဲ့ ဦးနှောက်ကို ဘယ်လိုပြောင်းလဲ သွားစေသလဲ ၊ ဘယ်လို ဖြစ်စေသလဲ ဆိုတာကို အောက်မှာ ဆက်လက် ဖတ်ရှုကြည့်ပါ။


Thursday, September 3, 2015

လူကြိုက်များသည့် Aandriod Luncher ( ၅ ) မျိုး



လူကြိုက်များသည့် Aandriod Luncher( ၅)မျိုး.ဖြစ်ပါသည်.၊အောက်မှာFree Downloadဆွဲယူနိုင်ပါသည်။

1. Go Launcher EX.
2. Next Launcher 3D.
3. TSF SHeLL Launcher.
4. Nova Launcher Prime.
5. SPB SheLL 3D Launcher.


မြန်မာ့သတ္တိ ကမ္ဘာကိုသိစေခဲ့သည့် အို-၇ တောင်ကုန်း.တိုက်ပွဲ(သို့) ဗိုလ်ချုပ်သိန်းစိန် ဦးစီးတိုက်ခဲ့သည့်တိုက်ပွဲ



တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း

----------------------------------------

အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ဒုအရာခံဗိုလ် ကျော်ဌေးဦးစီး အင်အား(၁၀)ဦးနေ၇ာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီး (၂၀)ဦးခန့်မှ နေရာယူတပ်စွဲရန်လာရောက်စဉ်မိမိတပ်မှ မြန်မာ့ပိုင်နက်ဖြစ်ကြောင်း
ပြန်လည်ပြောဆို မောင်းထုတ်ရာမှ ပြန်မဆုတ်ပဲ စခန်းကုန်းရှေ့ ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး (၇-၁-၂၀၀၁)ရက်နေ့တွင် ယိုးဒယားတပ်မှ ဗိုလ်ကြီး ယိုးထင်ဦးစီးအင်အား(၄၀) ယောက်မှေ၇ာက်ရှိပီး ကုန်းမှဖယ်ပေးရန်ပြောကြားမှုကြောင့် ခမရ(၃၅၉) တပ်ခွဲ(၂) တပ်စု(၄)အားဖြည့်တင်း လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ယိုးဒယား တပ်မတော်မှ ခြေလျင်စစ်သည်(၁၀၀) COMMANDO သံချပ်ကာ(၂)စီး M-60 တင့် ၄စီး ၁၂၀ မမယာဉ်တင်စိန်ပြောင်း၂ လက်ထပ်မံရောက်ရှိလာမှု နှစိနိုင်ငံနယ်ခြာပြသနာ စတင်ဖြစ်ပွားခဲ့ရပါသည်။

နယ်မြေအခြေအနေ
-----------------------

မြန်မာ့တပ်မတော်မှ တရုတ်ဖြူအားတိုက်ခိုက်စဉ် အိုတောင်ကုန်းအား (OBJECTIVE-7)ဟုသတ်မှတ်ရာမှ အို-၇ ဟု ခေါ်တွင်ခဲ့ ပီးထိုတောင်ကုန်းအနီးတွင် ဦးကုသလသီတင်းသုံးသည့် ဘုန်းကြီးကျောင်းရှိသည်။ အို-၇တောင်ကုန်းသည်တာချီိလိတ်မြို့ ပုန်းထွန်ရပ်ကွက်အနီးတွင်တည်ရှိပါသည်။ စခန်းကုန်း၏ အရှေ့မြောက်(၂၅၀၀)ကိုက်အကွာတွင်တဘက်နိုင်ငံမယ်ဆိုင်မြို့ရှိပီးလမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပါသည်။

တိုက်ပွဲတွင်ပါဝင်သောတပ်များ
----------------------------------

ရန်သူ့ ယိုးဒယားတပ် တိုင်း(၃)လက်အောက်ခံ ခြေလျှင်တပ်(၃၀၀)၊ M-60 MBT (၃)စီး၊ Stringary ligt tank (၂)စီး၊ Commando သံချပိကာယာဉ်(၅)စီး MLRS (၃)စီး၊ ၁၂၀မမ ယာဉ်တင်စိန်ပြောင်း (၅)လက် ၆၀မမ (၄)လက် RPG(၁၂)လက် .၅ စက်သေနက်ကြီး (၆)လက် ပါရှိပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ခမရ(၃၅၉) မှ စစ်ကြောင်း(၂) တပ်စု(၈)စု အင်အား (၂၂၀) ၈၁မမစိန်ပြောင်း (၂)လက် MA-7 (၂)လက် BA-103 လောင်ချာ(၂)လက်၊ MG-3 စက်လက်(၂)လက် နှင့် ပစ်ကူအနေဖြင့် အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ (၁၂၀)မမစိန်ပြောင်း (၃)လက် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ SUPER GALAP G-4 မြေပြင်တိုက်ခိုက်ရေး လေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။

ကွပ်ကဲမှု
-----------------

အို-၇ တောင်ကုန်းတိုက်ပွဲဖြစ်စဉ်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်( ယခုနိုင်ငံတော်သမ္မတ္တကြီး) သည် အနီးကပ်ကွပ်ကဲခဲ့သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မိုင်းဖြတ်မှ စစိဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးတင်မောင်ဝင်းသည် လွယ်မဆုတ်၊ လွယ်ခန်းကျုံ၊ ကျတီးနားဂွင်အတွင်းရှိ တပ်၇င်းများအားကွပ်ကဲခဲ့သည်။ရန်သူယိုးဒယားတပ်မတော်မှ အမှတ်(၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်ချိုင်းမြွန်ဝုန်သည် မယ်ဆိုင်တွင်အခြေပြု ကွပ်ကဲခဲ့သည်။

တိုက်ပွဲဖြစ်စဉ်အဆင့်ဆင့်
--------------------------------

၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ (၀၅၁၅)နာရီခန့်တွင်ယိုးဒယား တပ်ကင်းနေရာမှ လက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့သည်။ အမှတ်(၃၅၉)ခြေမြန်တပ်ရင်း ခံစစ်စည်းရိုးရှေ့ ကိုက်(၃၀)ခန့်အကွာသက်ကယ်တောအတွင်း ယိုးဒယားတပ်အင်အား (၂၀)ခန့် ရောက်ရှိလျှက်ရှိကြောင်းတွေ့ရှိရသဖြင့် ရန်သူအားလက်နက်ငယ်ဖြင့် ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ရန်သူမှ ဗိုလ်ကြီးစောနိုင်ဥိး ဦးစီးခွဲ (၄)နေရာယူထားသည့် အို-၇ ပွိုင့်ကုန်းအား၎င်းတို့နှင့်မျက်နှာချင်းဆိုင် ကိုက်(၂၀၀)အကွာရှိကျောက်တောင်ကုန်းမှ လက်နက်ငယ် စက်လက် ဒသမ၅စက်သေနတ်ကြီးတို့ဖြင့် စတင်ပစ်ခတ်သဖြင့် မိမိမှ လက်နက်ငယ် ဘီအေ-၁၀၀များဖြင့် ပြန်လည်စုပြုံပစ်ခတ်စေခဲ့သဖြင့် ရန်သူသည်ရည်မှန်းချက်မအောင်ပဲ အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဗိုလ်ကြီးစောနိုင်ဦးဦးစီးသည့် အို-၇ တောင်ကုန်းအား (၀၆၃၀)နာရီခန့်မှစ ပီး ယိုးဒယား တပ်မှလက်နက်ကြီးဖြင့် အချက်(၄၀)ပစ်ခတ်ခဲ့ရာ(၀၇၃၀)နာရီတွင် အပစ်ရပ်သွားပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။တိုက်ပွဲဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် ခမရ(၃၅၉) ၇ှိဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးစိုးဇော်ဦးစီးစစ်ကြောင်း(၂)နှင့် ဗိုလ်စောဝင်းတင်ဦးစီး တပ်ခွဲ(၁)ခွဲ တို့သည်တပ်ရင်းဌာနချုပ်မှ (၀၅၅၀)နာရီတွင်ထွက်ခွာခဲ့ရာ အို-၇တေယင်ကုန်းသို့ (၀၇၀၀) နာရီတွင်ရောက်ရှိပီး ဒုအရာခံဗိုလ်ကြည်မြင့် ဦးစီး ခွဲ(၁)စု(၁)စု အားချက်ျခင်းအားဖြည့်တင်းစေခဲ့ပီးရန်သူ့နေရာများပစ်ကုပေးတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသောစစ်သည်များအား တောင်ကုန်းအောက်ခြေ ပုန်းထွန်ပူးပေါင်းဂိတ်သို့ (၀၈၃၀)နာရီတင်သွားရောက်ပို့ဆောင်နိုင်ခဲ့သည်။ (၀၉၁၅)ချိန်တွင်ရင်ဆိုင်ကုန်းများသို့ရန်သူ့ COMMANDOသံချပ်ကာ (၅)စီး နှင့် ထရပ်ကားဖြင့်တင်ဆောင်လာသောယိုးးယားရိန်းဂျား စစ်သည် (၂၀၀)ခန့်ေ၇ာက်ရှိ အင်အားဖြည့်တင်းလာခဲ့သည်။ ၄င်းအပြင်အရှေ့တောင်ဘက် တောင်ခြေတွင်လည်း တင့် (၃)စီးနှင့် ရန်သူ့စစ်သည်(၆၀)ဦးထပ်မံရောက်ရှိလာသည်ကိုတွေ့ရှိရသဖြင့် အထက်ဌာနသို့သတင်းပို့ခဲ့ရာ နမ့်စန်လေတပ်စခန်း ဌာနချုပ်ရှိ G-4 တိုက်လေယာဉ်များ အသင့်ပြင်ဆင်ထားရှိခဲ့သည်။

ထို့နောက် (၁၀၁၀)ချိန် ရန်သူလက်နက်ငယ် လက်နက်ကြီးပစ်ခတ်သံများ ကျဲပါးသွားသဖြင့် အို-၇ ခံစစ်ကုန်းအား လူနှင့် လက်နက်များနေရာချထားခြင်း အမ်အေ-၇နှင့် ၈၁မမစိန်ပြောင်းအား မြောက်ဘက်ဆင်ခြေလျောနေရာတွင် နေရာချထားခြင်း လိုအပ်သည့် ခဲယမ်းနှင့် ရေများ ပြန်လည်ဖြည့်တင်းခဲ့ပါသည်။ (၁၃၀၀)ချိန်တွင် ယိုးဒယားတပ်မှစတင်ကာ အမြောက် တင့်ကား လက်နက်ကြီူများဖြင့် စတင်ပစ်ခတ်လာသဖြင့် ဗိုလ်ကြီးစောနိုင်ဦးနှင့် ဗိုလ်စောတင်ဝင်းနေရာယူထားစေသော ခံစစ်နေရာများသို့ များစွာကျရောက်ပေါက်ကွဲခဲ့သည်။ (၁၃၁၅)အချိန်တွင် ဗိုလ်နေမျိုးရှေ့ရင်ဆိုင်ကုန်းမှ ယိုးဒယားတပ်အင်အား (၁၀၀)ခန့်တိုက်ခိုက်လာသဖြင့် မိမိမှ ဘီအေ-၁၀၀ စက်လက် များဖြင့် ပစ်ခတ်ရာ (၁၃၄၀)အချိန်တွင် ၇န်သူများ၎င်းတို့အနောက်ဘက်ဆင်ခြေလျော၇ှိ လိုင်ချီးခင်းမ်ျးဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထိုအချိန်မှစ ပြီးရန်သူသည် တက်ရောက်တိုက်ခိုက်ခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမိမိအမြောက်တပ်မှ (၁၅၁၅)အချိန်တွင်ယိုးဒယားလက်နက်ကြီးနေရာများသို့ (၁၂၀)မမ စိန်ပြောင်းကြီးဖြင့် (၁၀၀)ချက်ပစ်ခတ်ခဲ့သည်။ (၁၆၀၀)နာရီတွင် တပ်မတော်(လေ)G-4 တိုက်လေယာဉ်(၄)စီးမှ (၁၇၀၀)အချိန်ထိ ရန်သူ့ လက်နက်ကြိးနှု့ အခြေခံ နေရာများ အားပစ်ခတ်တိက်ခိုက်ခဲ့သည်။
ယိုးဒယားတပ်များမှ(၁၉၀၀)နာရီတွင်ပြန်လည်ဆုတ်ခွာသွားရာတိုက်ပွဲပြီးဆုံးခဲ့သည်။

တိုက်ပွဲအရှုံးအမြတ်
-------------------------

ရန်သူ (၆၀) ဦးအလောင်းရရှိ ၊ ရန်သူ့ထံမှအောက် ပါလက်နက်များရရှိခဲ့-
(၁) အမ်-၂၇ စက်လက်(၆)လက်။
(၂)အမ်-၁၆ (၃၂)လက်။
(၃) ၄၀မမလောင်ချာ (၅)လက်။
(၄) ဓာတ်ငွေ့ကာမျက်နှာဖုံး (၃၂)ခု။
(၅) ဆက်သွယ်ရေးစက် (၇)လုံး။
(၆)ဟမ်းဗီးကွပ်ကဲမှုယာဉ်(၁)စီး။
မိမိတပ်မှကျဆုံး(၁၅)ဦး ဒဏ်ရာရ(၁၂)ဦး ရန်သူ့ဘက်မှပစ်ခတ်သော ကြောင့်တာချီလိတ်မြို့ မှပြည်သူ (၃)ဦးသေဆုံး (၁၅)ဦးဒဏ်ရာရရှိခဲ့သည်။

စွမ်းစွမ်းတမံဆောင်ရွက်မှု
------------------------------
တိုက်ပွဲတွင်အသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွန်ချွန်

တိုင်းပြည်အတွက်အတွက်တိုက်ပွဲဝင်ခဲ့သော အောက်ပါအရာရှိ/စစ်သည်များအားဆုတံဆိပ်များချီးမြှင့်ခဲ့ပါသည်-

(၁)သူရဘွဲ့


ကြည်း ၂၆၈၅၉ ဗိုလ်ကြီး စောနိုင်ဦး
ကြည်း ၃၁၂၇၈ ဗိုလ် နေမျိုး
အမှတ် ၉၅၇၃၁၅ တပ်သားမောင်စိုး
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် အရာရှိ(၂)ဦး စစ်သည်(၇)ဦးရရှိခဲ့ပါသည်။


Myanmar Armour Coprs



Wednesday, September 2, 2015

မြန်မာ့မင်းဆက် များနှင့် ထင်ရှားသောခေတ်များ


မြန်မာ့မင်းဆက် များနှင့် ထင်ရှားသောခေတ်များ ကို ဖော်ပြလိုက်ပါသည်။ အောက်မှာ ဆက်လက် ဖတ်ရှုပါ။

Tuesday, September 1, 2015

ကိုယ်စိတ်ဝင်စားနေတဲ့သူက ကိုယ့်ကိုနှစ်သက်စေလိုလျှင်



တစ်စုံတစ်ဦးကကိုယ့်ကို..ချစ်ခင်.နှစ်သက်.စွဲလန်းစေချင်ပါက..သိပ္ပံနည်းကျအထောက်အထားခိုင်လုံတဲ့ အောက်ပါနည်းလမ်းလေးတွေက သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်၊... အောက်မှာ ဆက်လက်ဖတ်ရှုပါ..


Monday, August 31, 2015

ဦးဆန်းလွင် ( အရှင်အာဒိစ္စရံသီ ) ၏ စာအုပ်များ


ဦးဆန်းလွင်(အရှင်အာဒိစ္စရံသီ) ရေးသားထားသောရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်သူတစ်ယောက်အကြောင်းစာအုပ်အပါအ၀င်.. စာအုပ်များ(19)အုပ်စုစည်းထားရှိမှုဖြစ်ပါသည်။  အောက်မှာdownload-ဆွဲယူ လေ့လာမှတ်သားနိုင်ပါသည်။







 

 


 


 





 



 








  http://www.dhammadownload.com/


Friday, August 28, 2015

Run Command များ



ကွန်ပျူတာ အသုံးပြုသူများ အတွက့် ..ကွန်ပျူတာ Run box တွင် သုံးရန်  Command များအား စုစည်းဖော်ပြထားပါသည်။

       

Wednesday, August 26, 2015

ဖြစ်ရပ်များနှင့် သူ၏အမှန်တရား

ဖြစ်ရပ် (၁)

မစိုးရိမ်ကျောင်းဒကာကြီးကို သူ့မိတ်ဆွေတွေက ပြောကြတယ် "ခင်ဗျားကသာ ငွေတွေအများကြီး ကုန်ကျခံပြီး ကျောင်းကြီးတွေ ဆောက်လှူထားတာ၊ ခင်ဗျားကိုယ်တော်တွေက စာမကျက်ပဲ ခြင်းခတ်ပြီး အချိန်ဖြုန်းနေတာပဲ" တဲ့။ ဒါနဲ့ ကျောင်းဒကာကြီးက ဟေ.. ဟုတ်လား၊ ဒါဆို ငါလည်း လိုက်ကြည့်မယ်ဆိုပြီး သူ့မိတ်ဆွေတွေနဲ့ ကျောင်းကိုလိုက်သွားတယ်။ ကျောင်းရောက်လို့ သူ့မိတ်ဆွေတွေလိုက်ပြတဲ့နေရာ သွားကြည့်တော့ ဦးဇင်းတွေ ခြင်းခတ်နေတာ တွေ့ရတယ်။ သူ့မိတ်ဆွေတွေကလည်း လက်တွေ့မြင်ပြီမလားဆိုတဲ့ မျက်နှာထားနဲ့ပေါ့။ ဒါနဲ့ ကျောင်းဒကာကြီးက သူ့မိတ်ဆွေတွေကို ကျောင်းပေါ်ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ သံဃာတွေ ရာနှင့်ချီပြီး စာဝါလိုက်နေကြတာ တွေ့ရတယ်။ ဒီတော့ ကျောင်းဒကာကြီးက မေးလိုက်တယ်...

" ခင်ဗျားတို့ စောစောကမြင်ခဲ့တဲ့ ခြင်းခတ်နေတဲ့ ကိုယ်တော် ဘယ်နှစ်ပါးလောက်ရှိလဲ "

" ဆယ်ပါးလောက်တော့ ရှိမှာပေါ့ "

" ဟုတ်ပြီ အခု ခင်ဗျားတို့ရှေ့မှာ စာဝါလိုက်နေတဲ့ သံဃာတွေ ဘယ်နှစ်ပါးလောက် ရှိလဲ "

" ရာနှင့်ချီပြီး ရှိပါတယ် "

" ကဲ .. ဘယ်ဟာက ပိုများလဲ ? ခင်ဗျားတို့က ခြင်းခတ်နေတဲ့ သံဃာတွေပဲ ကြည့်တော့ ခြင်းခတ်တဲ့ ကိုယ်တော်ပဲ မြင်မှာပေါ့။ စာဝါလိုက်နေတဲ့ သံဃာတွေကိုလည်း ကြည့်တတ်အောင် ကြိုးစားပါ " လို့ ဆုံးမတယ်။

ဒီအဖြစ်အပျက်လေးကို လူအတော်များများလည်း ကြားဖူးလိမ့်မယ် ထင်ပါတယ်။

ဆိုလိုတာကတော့ မိမိဘယ်လိုမြင်သလဲဆိုတာမိမိဘယ်လိုကြည့်သလဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။


*****************

ဖြစ်ရပ် (၂)

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသဟာ တစ်နေ့မှာ ကျောင်းလာတဲ့ ဒကာ ဒကာမတွေကို မဟိဒ္ဓိကျောင်းပေါ် လိုက်ပြတယ်။ အချိန်က သံဃာတွေ အနားယူကျိန်းစက်တဲ့ နေ့ခင်း ၁၂ နာရီနှင့် တစ်နာရီကြား။ ကျောင်းပေါ်ရောက်တော့ သံဃာအများစု ကျိန်းစက်နေချိန်မှာ တစ်ချို့ကိုယ်တော်တွေက မကျိန်းပဲ စာတွေကျက်နေတာ တွေ့ရတော့ ဒကာမတွေလည်း ၀မ်းသာအားရနဲ့ စာကျက်နေတဲ့ ကိုယ်တော်တွေကို ဦးချတယ်။ အဲဒါကို မြင်တဲ့ဆရာတော်က ဘာပြောလဲဆိုတော့…

" အဲဒီကိုယ်တော်တွေက လေ့ကျင့်ခန်းစာမေးပွဲကျလို့ မအိပ်ပဲ စာကျက်ရမယ်လို့ ငါ ဒဏ်ချထားတာ။ ဒါကြောင့် စာကျက်နေတာ။ သူတို့ကို ဦးမချနဲ့။ ဟို အိပ်နေတဲ့ကိုယ်တော်တွေကို ဦးချ "

လို့ ပြောလိုက်တယ်။

တစ်ခါတစ်ရံမှာကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အထင်လေးပေါ်မူတည်ပြီးလူတစ်ယောက်ရဲ့တန်ဖိုးကို ကောက်ချက်ဆွဲလို့မရဘူး။


***************


ဖြစ်ရပ် (၃)

စာရေးဆရာသိန်းဖေမြင့်လို့ ပြောလိုက်ရင်တက်ဘုန်းကြီးကိုအတော်များများ ပြေးမြင်မိကြလိမ့်မည်ထင်ပါတယ်။ သူ့ခေတ်အခါက သူ မြင်တွေ့ ကြားသိရတဲ့ မကောင်းတဲ့ဘုန်းကြီးတွေရဲ့အကြောင်းကို အခြေခံပြီး " တက်ဘုန်းကြီး "ဆိုတဲ့စာအုပ် ရေးသားခဲ့ရာမှာ အဲဒီစာအုပ် အတော်လေး အောင်မြင်ခဲ့သလို သူကိုယ်တိုင်လည်း အချို့သော ရဟန်း၊ ရှင်၊လူများရဲ့ ဝေဘန်မှုဒဏ်ကို ခံခဲ့ရတယ်။ တစ်နေ့မှာတော့ ဆရာသိန်းဖေမြင့်ဟာ သင်္ဘောနဲ့ ရေကြောင်းခရီးတစ်ခုသွားရင်း သူထိုင်တဲ့နေရာဘေးနားမှာ ဘုန်းကြီးတစ်ပါး ထိုင်လိုက်လာတာကို သတိထားမိတယ်။ ဘုန်းကြီးကို အကဲခတ်ကြည့်တော့ သင်္ကန်းရုံထားပြီး ဘေးမှာလည်း သပိတ်တစ်လုံးချထားတာကို သူတွေ့ရတယ်။ ညခင်းရောက်လို့ ခရီးသည်အများစု အိပ်ကြတဲ့ချိန်မှာ အဲဒီဘုန်းကြီးက မကျိန်းပဲ ထိုင်နေသတဲ့။ ဆရာသိန်းဖေမြင့် ညခင်းတစ်ရေးနိုးတဲ့အချိန်မှာ ကြည့်လိုက်တော့ ဘုန်းကြီးက ထိုင်မြဲထိုင်လျှက်။ မနက်ခင်း မိုးလင်းလို့ ကြည့်လိုက်တော့လည်း ထိုင်နေတာပဲ တွေ့ရတော့ သူလည်း မနေနိုင်တော့ပဲ မေးလိုက်တယ်…

" အရှင်ဘုရား မကျိန်းဘူးလား "

" ဒကာ .. ဦးဇင်းက ကျိန်းလို့မဖြစ်ဘူး "

" ဘာဖြစ်လို့လဲ ဘုရား "

" ဦးဇင်းတို့ရဲ့ဝိနည်းမှာ ရဟန်းဆိုတာ မာတုဂါမတွေနဲ့ တစ်မိုးတစ်ရံတည်းအောက်မှာ မအိပ်ကောင်းဘူး။ အခု ဒီသင်္ဘောပေါ်မှာလည်း မာတုဂါမတွေ ပါနေတဲ့အတွက် တစ်ကယ်လို့ ဦးဇင်းက အိပ်မယ်ဆိုရင် အာပါတ်သင့်လိမ့်မယ်။ ဒါကြောင့် မအိပ်တာပါ "

ဘုန်းကြီးရဲ့အဖြေစကားကို ကြားရချိန်မှာ ဆရာသိန်းဖေမြင့်ရဲ့ စိတ်ထဲ အတော်လေး အံ့သြတုန်လှုပ်သွားတယ်။ " သာသနာတော်မှာ ဒီလောက်အထိ ၀ိနည်းလေးစားတဲ့ဆရာတော်တွေလည်း ရှိသေးပါလား " ဆိုတဲ့အသိနဲ့ စိတ်ထဲမှာလည်း လေးစား ကြည်ညိုမိတယ်။ ဒါကြောင့် သူရေးခဲ့တဲ့ တက်ဘုန်းကြီးစာအုပ်ရဲ့ နောက်ဆက်တွဲလည်းဖြစ်၊ အဲဒီစာအုပ်ကို ပြန်ဖြည်တဲ့သဘောမျိုးလည်းဖြစ်တဲ့ " တက်ခေတ် တက်လူ တက်ဘုန်းကြီး " ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ် မထုတ်ဝေနိုင်ခင်မှာပဲ ဆရာသိန်းဖေမြင့် ကွယ်လွန်သွားတဲ့အတွက် စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ခြင်းမရှိပါ။

လောကမှာ တစ်ချို့အဖြစ်အပျက်လေးတွေဟာ စကားလုံးပေါင်းများစွာထက် ပိုပြီး မိမိတို့ရဲ့ အတွေးအမြင်နှင့် ခံယူချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။





Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်