ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, May 23, 2013

အကြွင်း




လာပြန်ပြီ ပျောက်ကွယ်ပြီထင်တဲ့
ငါ့ရင်ထဲက အချစ်တွေ....

သန်းခေါင်ယံညမိုက် နူးညံတဲ့အိမ်မက်ဆိုး ကနေ
ရုန်းမထွက်နိုင်သေးတဲ့ငါ..
နှလုံးသားကို..အချစ်နဲ့စား လိုက်တာ
ရလိုက်တာ အဖြေက သုည..

အမှတ်မရှိပါဘူးးး
အဖြေ မှားနေသလားးသံသယ စိတ်နဲ့
အကြွင်း 1 ရနိုင်မလားမျှော်လင့်ချက်နဲ့

နှလုံးသား ကို အချစ်နဲ့
ထပ်တလဲလဲ တွက်ချက်နေမိ.တဲ့ငါ..
အဖြေမရှိတဲ့ပုစ္ဆာအတွက်.
ငါဘ၀တစ်ခုလုံးရဲ့အချိန်တွေကို ပေးဆပ်ရမှာလားးး

တကယ်တော့ငါဟာ သိရဲ့နဲ့ မိုက်တဲ့ ပိုးဖလံတစ်ကောင်ပါ..


Zây Łïñ



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်