ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, May 9, 2013

“အမုန်းတစ်ခုရဲ့ ဒိုင်ယာရီ”





နာကျင်မှု တွေချည်း
ခံစားစေခဲ့သူကို
အနိုင်ယူလို စိတ်နဲ့
အစွမ်းကုန် ပြုံးကာ ထားတယ်
လှည့်ကွက်တစ်ခုအနေနဲ့ 

“ကိစ္စမရှိပါဘူး၊အဆင်ပြေပါတယ် ဆိုတဲ့
အလံဖြူ ပြခြင်းရဲ့ တဖက်မှာ
ပြန့်ကျဲနေတဲ့..နှလုံးသားတစ်စုံကို
ပြန်လည်ထုဆစ်လို့
အလှတရားတို့ ဆင်ယဉ်တတ်လာတယ်
နာကျည်း မှုတွေနဲ့

အမှားတစ်ခု ကို
ခွင့်လွှတ်ပါလို့ သာတောင်းဆိုရင်း
အသက်မဲ့နေတဲ့ ခံစားချက်ကို
အသက်သွင်း.
တန်ပြန်သက်ရောက် နိုင်တဲ့
သက်ရောက်တစ်ခုကို စောင့်မျှော်
သူလေး အနီးအနား အရောက်လှမ်းချိန်
သူ ပြုံးမိတာ တချက်တွေတိုင်း
ရင်ထဲ အဖန် တရာ ပျော်တယ်
တချိန် က နာကျင်ခဲ့ရတဲ့

နှလုံးသားထက် က အမုန်းတေးသွားတစ်ခု အတွက်နဲ့


 

zl



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်