ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, May 18, 2013

www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း





Mozilla Firefox တွင် ပြုလုပ်နည်း


အဆင့် ၁ - Firefox ၏ Menu တွင် Tools အား နှိပ်ပါ။ 
အဆင့် ၂ - Tools မှတဆင့် Add-ons အား နှိပ်ပါ။ Add-ons Manager သို့ ရောက်သွားပါလိမ့်မယ်။ 
အဆင့် ၃ - ညာဖက် အပေါ်ထောင့်ရှိ Search ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။ 
အဆင့် ၄ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၅ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၆ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ -> Extensions အားနှိပ်ပြီးလျှင် Disable (သို့) Uninstall ပြုလုပ်နိုင်ပါသည်။

ယခုအခါတွင် Firefox တွင် Unicode Font အား မြင်ရမည်ဖြစ်သလို google.com.mm တွင်လည်း Keyboard အား သုံးစွဲနိုင်ပြီဖြစ်သည်။
Google Chrome တွင် ပြုလုပ်နည်း
အဆင့် ၁ - Chrome ၏ Menu တွင် Settings အား ရှာပြီး နှိပ်ပါ။ 
အဆင့် ၂ - ဘယ်ဖက်ခြမ်း List မှ Extensions အား နှိပ်ပါ။ 
အဆင့် ၃ - Extensions ထဲတွင် ဘယ်ဖက်အောက်ထောင့်တွင် “Get More Extensions” အား ရှာပြီး နှိပ်လိုက်ပါ။ 
အဆင့် ၄ - Chrome Web Store ထဲ ရောက်ပြီဆိုလျှင် ဘယ်ဖက် အပေါ်ထောင့်က Search ထဲ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၅ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၆ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၇ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ ပြီးလျှင် Extensions ထဲ၌ Tagu Plugin အား Disable (သို့) Remove ပြုလုပ်နိုင်ပါသည်။ 

နိဂုံးချုပ်အနေနဲ့ Google Chrome နဲ့ Mozilla Firefox တို့သုံးပြီး google.com.mm ကို သုံးစွဲရာမှ Firefox က Unicode နဲ့ Myanmar3 ၂ မျိုးစလုံးကို မှန်ကန်စွာ ဖော်ပြနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။



http://beyondlove18.blogspot.com/




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်