ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, May 6, 2013

အချစ် ဒသန

 
 
အချစ်က သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်ဆင်းပေးခဲ့တာ ဘယ်သူမှ မသိလိုက်ဘူး၊ ကိုယ်ကလွဲရင်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာဟာ မင်းရဲ့ အချစ်တွေနဲ့ သာယာနေတာကိုး
Nobody known, but me, love created a pleasant and beautiful world.For, my own world is being pleasant and beautiful     with your loves.  

အချစ်ကြောင့်ဘ၀ပျက်ရတယ်။ ဒါဆို အချစ်က မကောင်းဘူးပေါ့။ အချစ်ကြောင့်ဘ၀အောင်မြင်မှုတွေရတယ်။ဒါဆိုအချစ် ကကောင်းတယ်ပေါ့။ဘာပဲဖြစ်ဖြစ်လေ လူတစ်ယောက်မှာ အချစ်မရှိရင် ဘ၀အဓိပ္ပာယ်လည်း ရှိမှာ မဟုတ်ဘူးပေါ့။
Because of love, someone ruins his life. So,love is bad! Because of love, someone gains a successful life. So love is good! whatever be, if a man has no love, then he will have no meaningful life.  

အချစ်မရှိတဲ့ကမ္ဘာမှာ ကိုယ်တော့ မနေနိုင်ပါဘူး။ အဲဒီ့ကမ္ဘာမှာ လွတ်လပ်ခြင်း၊ အကြင်နာတရား၊ စာနာနားလည်ခြင်း၊  သနားညှာတာခြင်း၊ ခွင့်လွှတ်ခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ငြိမ်းချမ်းခြင်းစတာတွေ လုံးဝစိတ်သုံး နေမှာအမှန်ပါ။
I can't live in world having no love. That would truly has no freedom,no kindness, no compassion,  no optimism, no up lifting sprit, no peace, and so on.  
အချစ်က ဘ၀ရဲ့ခွန်အား။ ပြီးတော့ ဘ၀ရဲ့ရှင်သန်လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တစ်ခု။လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ် နိုင်တဲ့ တန်ခိုးရှင် ။ ကြီးကျယ်လွန်းတဲ့သူ့ဂုဏ်ကြောင့် သူဟာကမ္ဘာမြေပေါ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါ ဘူး။
Love is a strength of life, and a changing meaning of life. It is a god who can shake people's heart. In my opinions, it will never disappear in this world because of its great dignity.  
ချစ်သူတွေက အချစ်အကြောင်းပြောကြတယ်။မုန်းသူတွေက အမုန်းအကြောင်းပြောကြတယ်။ လူဆိုတာ သူတို့ရဲ့ခံစား ချက်အတိုင်း ပြောဆိုပြုမူကြတာပါပဲလေ။
Lover talk about love. Haters do about hated.In fact,man talks and behaves according to his own feeling.  

အချစ်နဲ့ပတ်သက်ပြီး အရာရာကို နားလည်ဖို့ဆိုတာ မလွယ်ကူမှန်း လူတိုင်းသိကြပါတယ်လေ။ ဒါပေမယ့် နားလည်ထားတဲ့ တဲ့ အချစ်အကြောင်းကိုပဲ နက်နက်ရှိုင်းရှိုင်းတွေးပြီး အကောင်းဆုံး ၀တ္တုတစ်ပုဒ် ဖန်တီးကြရအောင်လား။
Everybody knows it is dificult to  understand everything dealing with love. But, let's deeply thinks of love we understand  and create a best love story.  

အချစ်ဆိုတာ သာမန်ကြည့်ရုံနဲ့ မြင်ရတာမဟုတ်ပါဘူး။ သေသေချာချာကြည့်မှ မြင်ရတာမျိုးပါ။ဘာကြောင့် ငါ့ရဲ့ နှလုံးသားကို မင်းက သေသေချာချာမကြည့်ရတာလဲ။
Someone can't see love if he normally does,but can see it if he carefully does.Why didn't you look at my heart carefully?  

ဘ၀ကို သင့်စိတ်တိုင်းကျ ဖန်တီးဖို့ မလွယ်ကူသလို အချစ်ကိုလည်း သင့်စိတ်သဘောကျ ရယူဖို့ မလွယ်ကူပါဘူး။ ဖြစ်လာတဲ့ဘ၀ နဲ့လည်း တင်းတိမ်ရောင့်ရဲရသလို ရရှိလာတဲ့ အချစ်မှာပဲ နှစ်သိမ့်နေရမှာပေါ့။
In the way that you can't make a desirable life, so you can't do a desirable love.You should console yourself on a present love similar to content yourself in a present life.  

အသိအမြင်ကြွယ်ဝပြီး စိတ်သဘောထား ဖြူစင်တဲ့သူတွေကို ကျွန်ုပ်တွေ့ဘူးသည်။ သူတို့ဟာ လေးလေးနက်နက်ချစ်ကြ၍ ခါးခါး သီးသီး မုန်းခဲ၏။
I have seen those who have wealthy knowledge and are noble-minded.They are usual to love seriously and are  seldom to hate bitterly.  

ဘ၀ကို သင်ဘာကြောင့်ခင်တွယ်နေရသလဲ ကျွန်ုပ်ကမေးရင် သင့်မှာ အဖြေတစ်ခုခုတော့ရှိမှာပါ။အောင်မြင်မှုအတွက်၊ ပျော်ရွှင်မှုအတွက် ၊ဒါမှမဟုတ် မိသားစု သံယောဇဉ်။ ဒါပေမယ့် လူတော်တော်များများဟာ အချစ်ကြောင့် ဘ၀ကို ခင်တွယ်နေကြတယ်ဆိုတာ သင့်ကို သိ စေချင်ပါတယ်။
When I ask you,"Why are you fond of human life?" you might say some answer. It is for success, or for happiness, or for family attachment. But I wish you to know that a rather lot of people are fond of life because of love. 




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်