ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, January 4, 2015

၃ ဂဏန်းသမား များ၏ စိတ်နေသဘောထား

မည်သည့်လတွင်မဆိုသင့်၏ မွေးရက်သည်(၃,၁၂,၂၁,၃၀) ဖြစ်မှုဂဏန်းသမား ဖြစ်သည်။ယခုဖော်ပြမည်ကဂဏန်းသမားများ၏စိတ်နေသဘောထားများ ဖြစ်ပါသည်။ အောက်မှာဆက်လက်ဖတ်ရှုပါ။

(၃)ဂဏန်းသမားများအကြောင်း တစေ့တစောင်း




.
 (၃)ဂဏန်းဟာ ကြာသပတေးဂြိုဟ် ကို ကိုယ်စားပြုတဲ့ ဂဏန်းဖြစ်ပါတယ်။

ကြာသပတေးဂြိုဟ်ဟာကျွန်တော်တို့ နေစင်္ကြာဝဠာအဖွဲ့အစည်းထဲမှာ“နေမင်း”ပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်ပါတယ်။

နက္ခတ်ဗေဒင်ပညာမှာတော့ကြာသပတေးဂြိုဟ်ကောင်းအပြစ်တစ်သိန်းပျောက်လို့ဆိုကြပါတယ်။ဇာတာခွင်တစ်ခုမှာကြာသပတေးဂြိုဟ်သာအားကောင်းရင်ကျန်တဲ့အားနည်းချက်၊အပြစ်တွေ ပျောက်ကုန်တယ်လို့ယူဆကြပါတယ်။တရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ငွေကြေးဓနဥစ္စာ၊ကိုယ်ကျင့်တရား၊ရိုးရာအစဉ်အလာတွေကိုကိုယ်စားပြုတဲ့ ဂြိဟ်ဖြစ်ပါတယ်

ရောမဒဏ္ဍာရီမှာတော့ကြာသပတေးဂြိုဟ်ကြီးဟာ“ဂျူပီတာ”ဆိုတဲ့နတ်ဘုရားရဲ့အမှတ်အသားဖြစ်ပြီးသူဟာ“ကောင်းကင်၊ မြေကြီးနဲ့မိုးကြိုး” တွေကိုအစိုးရတဲ့နတ်မင်းကြီးတစ်ပါးလို့ဆိုပါတယ်။ပြီးတော့“နတ်အားလုံးတို့ရဲ့ဘုရင်”လို့လည်းဆိုပြန်ပါတယ်။“တရားဥပဒေကိုစိုးမိုးတဲ့နတ်မင်းကြီး”လို့လည်းသတ်မှတ်ကြပြန်ပါတယ်။
.
ဒါကြောင့်(၃)ဂဏန်းသမားတွေဟာတရားဥပဒေကိုရိုသေလေးစားလိုက်နာသူတွေ၊ကိုယ်ကျင့်တရားကောင်းသူတွေ၊ရိုးရာအစဉ်အလာတွေကိုလိုက်နာလေ့ရှိသူတွေများပါတယ်။သူတို့ဟာ ခေတ်ရေစီးကြောင်းကိုသိပ်မလိုက်ချင်ကြတဲ့ ရှေးရိုးစွဲဝါဒီတွေလည်း ဖြစ်တတ်ကြတယ်။ဒါပေမယ့်လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီကိုတော့ မြတ်နိုးကြသူတွေဖြစ်ပါတယ်။သိပ်ခေတ်ဆန်လွန်းတာ၊ ခေတ်ရှေ့ပြေးလွန်းတာတွေကိုတော့သိပ်နှစ်ခြိုက်လေ့မရှိကြဘူး။

(၃)ဂဏန်းသမားတွေဟာစည်းကမ်းလည်းအင်မတန်ကြီးကြတယ်။ဇွဲသတ္တိအလွန်ကောင်းပြီး နောက်မလျော့အရှုံးမပေးတတ်တဲ့စရိုက်တွေရှိတတ်တယ်။

ဥပမာအားဖြင့်အမေရိကန် နိုင်ငံရဲ့အထင်ရှားဆုံးသမ္မတစ်ဦးဖြစ်တဲ့“အေဘရာဟင်လင်ကွန်း”ဟာ(12)ရက်မွေးတဲ့(3)ဂဏန်းသမားဘဲဗျ။သူဟာ တောထဲကသစ်လုံးအိမ်ကလေးထဲမှာ မွေးဖွားခဲ့သူဖြစ်ပြီးကိုယ့်ထူးကိုယ်ချွန်ဘဝနဲ့အမေရိကန်နိုင်ငံရဲ့အကြီးကျယ်ဆုံးသမ္မတဖြစ်လာသူတစ်ယောက်ဖြစ်ပါတယ်။
နောက်တစ်ဦးကတော့ မြင်းမပါဘဲသူ့ဟာသူသွားတဲ့ယာဉ်ကိုတီထွင်မယ်ဆိုတောရူးသွပ်နေသူတစ်ယောက်လို့သတ်မှတ်ခံရပေမယ့်ကိုယ့်ယုံကြည်ချက်အတိုင်းတစ်စိုက်မတ်မတ်လုပ်ခဲ့လို့ယနေ့ကာလမှာပျားပန်းခတ်မျှသွားလေနေတဲ့ မော်တော်ကားကိုတီထွင်ခဲ့သူ“ဟင်နရီဖို့ဒ်”ဟာလည်း(30)ရက်ဖွား(3)ဂဏန်းသမား။(၃)ဂဏန်းသမားတွေဟာသူများမဖြစ်နိုင်ပါဘူးလို့ ပြောနေတဲ့အရာတွေကို ဖြစ်အောင်လုပ်ပြနိုင်တဲ့ဇွဲသတ္တိမျိုးရှိကြသူတွေ ဖြစ်တယ်။သမ္မတလင်ကွန်းဟာဘယ်သူမှမဖြစ်နိုင်ဘူးထင်တဲ့“ငွေဝယ်ကျွန်စနစ်”ကိုဖျက်သိမ်းဖို့အတွက် ပြည်တွင်းစစ်ကြီးအနိုင်တိုက်ပြီး ဖြစ်အောင်လုပ်ပြသွားသူဖြစ်တယ်။

ဝင်စတန်ချာချီဟာလည်းအင်္ဂလန်ကျွန်းလေးကို နောက်ဆုံးအချိန်အထိကြံ့ကြံ့ခံကာကွယ်ခဲ့ပြီးအရှုံးကနေအနိုင်ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။



(၃)ဂဏန်းသမားများရဲ့ ယေဘုယျ စရိုက်လက္ခဏာ
  (၃)ဂဏန်းသမားတွေဟာတည်တည်တံ့တံ့နေလေ့ရှိသူများဖြစ်တယ်။အိနြေ္ဒသိက္ခာကြီးမားကြတယ်။(၃)ဂဏန်းသမား တွေထဲမှာလူပျော်၊လူရွှတ်၊လူနောက်တွေသိပ်မတွေ့ရဘူး။တစ်ခါတစ်ရံမာနကြီးတယ်လို့အထင်ခံရတတ်တယ်။သူတို့ဟာ တွေ့ရာလူနဲ့ ရောရောနှောနှောမနေတတ်ကြဘူး။
ငယ်စဉ်ကတည်းကကိုယ့်ကစားစရာ၊ကိုယ့်ပစ္စည်းလေးတွေကိုရိုသေတယ်။သူများကိုင်တာမကြိုက်ဘူး။သူပိုင်ပစ္စည်း လေးတွေကိုသီးသီးသန့်သန့်သိမ်းဆည်းတတ်တယ်။ ငွေကြေးကိုရိုသေတယ်။စုဆောင်းတတ်တယ်။တစ်ခါတစ်ရံ နှမြောတွန့်တိုတတ်တယ်။

(၃)ဂဏန်းသမားတွေဟာစည်းကမ်းကြီးသူတွေဖြစ်လို့မိသားစုအပေါင်းအသင်းတွေထဲမှာသီးသီးသန့်သန့်လိုဖြစ်နေတယ်။ ဒွေးရောယှက်တင်မနေတတ်ကြဘူး။သူတို့ဟာသြဇာအာဏာပေးလိုသူတွေဖြစ်တယ်။ငယ်စဉ်ကတည်းက ခေါင်းဆောင်စိတ်ရှိတယ်။ကိုယ့်ဘဝတက်လမ်းကိုအမြဲကြံစည်နေတတ်ကြတယ်။သူများလက်အောက်မှာမနေလိုဘဲသူများကိုသာအုပ်ချုပ်လိုသူတွေဖြစ်တယ်။

(၃)ဂဏန်းသမားတွေဟာရိုးရိုးကျင့် မြင့်မြင့်ကြံလိုသူတွေဖြစ်တယ်။ဘဝကိုတစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလိုကြတယ်။အချောင်နှိုက်၊အပွကြံ၊ ဖြတ်လမ်းနည်း တွေနဲ့ကြီးပွားချမ်းသာတာမျိုးကိုသိပ်ပြီးမယုံကြည်သူတွေဖြစ်တယ်။တကယ်လို့လုပ်မိရင်လည်း ရေရှည်စွဲမလုပ်ဘဲ နောင်တရလွယ်သူတွေဖြစ်တယ်။

(၃)ဂဏန်းသမားတွေဟာရန်လိုသူတွေမဟုတ်ပေမယ့်သူတို့ရဲ့စည်းကမ်းကြီးမှု၊သြဇာပေးတတ်မှုတို့ကြောင့်အတူနေသူများနဲ့မကြာခဏမသင့်မတင့်  ဖြစ်လေ့ရှိတတ်တယ်။သူတို့ဟာကိုယ်စည်းကမ်းရှိသလိုသူများတွေကိုလည်းစည်းကမ်းလိုက်နာစေချင်တယ်။ကပျစ်ကညစ်နေတတ်တဲ့သူများနဲ့ဆိုရင်မကြာခဏကတောက်ကဆဖြစ်လေ့ရှိတယ်။

သူတို့ဘဝမှာ“လူ့အောက်မကြို့ချင်တဲ့သူတို့ရဲ့ညဉ်ကြောင့်”။လူ့အောက်မကြို့ချင်တဲ့(မဖားတတ်တဲ့)သူတို့ညဉ်ကြောင့်သူတို့ဟာအကြီးအကဲ တွေရဲ့ နှစ်သက်မှုကိုသိပ်မခံရသူတွေလည်းဖြစ်တယ်။ဒါကြောင့်သူတို့ဟာဖားတာကိုကြိုက်တဲ့အထက်လူကြီးရဲ့လက်အောက်မှာဆိုရင်ဘဝတက်လမ်းပိတ်နေတတ်ပြီး၊ဖားတာကိုမကြိုက်ဘဲအမှန်အကန်သမားကိုမှကြိုက်နှစ်သက်တဲ့အထက်လူကြီးတွေလက်အောက်မှာဆိုရင်ဘဝတက်လမ်းအလွန်မြန်သူတွေဖြစ်ပြီးတာဝန်ကြီးကြီးမားမားတွေကို ပေးအပ်ခံရတတ်တယ်။ယုံကြည်စိတ်ချခံရတတ်တယ်။ယုံကြည်စိတ်ချခံရသလို ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိသူတွေလည်း ဖြစ်တယ်။(၃)ဂဏန်းသမားတွေဟာသူတို့ကိုယ်တိုင်အုပ်ချုပ်သူလူကြီးဖြစ်လာရင်လည်းတင်းကြပ်တဲ့စည်းကမ်းတွေနဲ့အုပ်ချုပ်တတ်တာကြောင့်လက်အောက်လူတွေ တော်တော်အနေမချောင်ဘဲ့ကြောက်ရွံ နေတဲ့အဖြစ်ခံရတတ်ပါတယ်။သူတို့ဟာစည်းကမ်းနဲ့ပတ်သက်လာရင်နည်းနည်းလေးမှအလျော့မပေးတတ်သူတွေ ဖြစ်တယ်။ဒါကြောင့်(၃)ဂဏန်းသမားတွေဟာလက်အောက်လူတွေရဲ့ချစ်ခင်မှုကိုမရကြတာများပါတယ်။

(၃)ဂဏန်းသမားတွေဟာဘယ်လိုဘဝအခြေအနေမျိုးမှာ ပေါက်ဖွားကြီးပြင်းလာရသည်ဖြစ်စေ နောက်ဆုံးမှာတော့ မြင့်မားတဲ့ဘဝအခြေအနေကိုတက်လှမ်းနိုင်ကြသူများဖြစ်တယ်။အိုဇာတာ ကောင်းကြသူတွေများတယ်။ဘဝမှာအဆင့်မြင့်တာဝန်တွေကိုထမ်းဆောင်ရတတ်တယ်။အကြီးအကဲ ခေါင်းဆောင်ဖြစ်လွယ်တယ်။သူတို့ဟာ မွေးကတည်းကရာဇ”ယုဂ်ပါလာကြသူများဖြစ်ကြတယ်။အိမ်ထောင်ရေးနဲ့ပတ်သက်လာရင်တော့(၃)ဂဏန်းသမားများဟာအိမ်ထောင်ရေးကံညံ့သူတွေတော့မဟုတ်ဘူး။ဒါပေမယ့်စည်းကမ်းကြီးလွန်းတာ၊သူ့ဖက်ကိုယ့်ဘက်မျှတမှုနည်းပါးတာ၊(ကိုယ်ကမှားရင်တောင်မှ)မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့်အိမ်ထောင်ရေးပဋိပက္ခတွေမကြာခဏဖြစ်နိုင်တယ်။ နောက်ပြီးသူတို့ဟာခွင့်လွှတ်လွယ်သူတွေမဟုတ်ဘဲအမှတ်အတေးကြီးတာတွေကြောင့်လည်းအိမ်ထောင်ရေးပြဿနာတွေဟာအလွယ်တကူပြီးပျောက်မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။

(၃)ဂဏန်းသမားတွေဟာအိမ်ထောင်ရေးမှာကိုယ့်ဘက်ကသာနဲနဲ လျော့ပေးလိုက်ပြီး၊လူတိုင်းကိုယ်လိုမဟုတ်နိုင်ဘူးဆိုတာ နှလုံးသွင်းနိုင်ရင်သာယာတဲ့အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ကိုယ့်ဘက်ကသာအလျော့မပေးရင်ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကိုအိမ်ထောင်ရေးပဋိပက္ခဖြစ်ပြီး နောက်ဆုံးအိမ်ထောင်ရေးလမ်းခွဲရတဲ့အထိဖြစ်သွားတတ်ပါတယ်။စိတ်ရှည်ဖို့လိုပါလိမ့်မယ်

(၃)ဂဏန်းသမားတွေဟာကိုယ့်အလုပ်၊ကိုယ့်ဆရာသမားနဲ့အပေါင်းအသင်းတွေအပေါ်မှာသစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။သူတို့မှာကပ်စေးနှဲတဲ့ညဉ်လေးရှိတတ်ကြပေမယ့်ကိုယ်တကယ်ခင်မင်တဲ့သူတွေဒုက္ခရောက်နေရင်တော့ ရှောင်ပြေးလေ့မရှိဘဲတတ်အားသရွေ့ကူညီတတ်ကြသူတွေလည်းဖြစ်ပါတယ်။ကပ်စေးနှဲတဲ့ညဉ်နဲ့ပတ်သက်ပြီးပြောရရင်(၃)ဂဏန်းသမားတွေဟာသူတို့မစားရက်၊မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာသူတို့မသုံးလိုက်ရဘဲသူများအတွက် ဖြစ်သွားရတတ်တာအထူးသတိထားပါ။သုံးသင့်တဲ့အချိန်မှာသုံးသင့်သလောက်မသုံးလို့ နောက်ဆုံးကိုယ့်နောက်ပါမသွားဘဲ“ဥစ္စာစု၊ထိုက်သူဖို့”ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။

(၃)ဂဏန်းသမားတွေနဲ့အကျိုးပေးနိုင်တဲ့လုပ်ငန်းတွေကတော့တရားဥပဒေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ဘဏ်လုပ်ငန်း၊စာရင်းအင်းလုပ်ငန်း၊သင်ကြားပြသခြင်းလုပ်ငန်း၊အုပ်ချုပ်ရေးနဲ့စစ်ဘက်ဆိုင်ရာလုပ်ငန်း၊ဘာသာရေးနှင့်ဆက်နွယ် နေသောလုပ်ငန်းများ၊အာမခံလုပ်ငန်း၊အသိပညာအတတ်ပညာများ ဖြန့်ဝေပေးရသောလုပ်ငန်း၊အနုပညာလုပ်ငန်းများ၊စာပေရေးသားခြင်းလုပ်ငန်းများအကျိုးပေးနိုင်တယ်။ နောက်ဆုံး ပြောရရင်တော့(၃)ဂဏန်းသမားများဟာဘာလုပ်ငန်းကိုဘဲလုပ်လုပ်စည်းကမ်းရှိခြင်း၊ဝီရိယရှိခြင်း၊အလုပ်ကိုရိုသေခြင်း၊ကြီးပွားတိုးတက်လိုခြင်း၊ စေ့စပ်သေချာခြင်းများကြောင့် မြင့်မားတဲ့ဘဝအဆင့်အတန်းတွေကို ရောက်ကို ရောက်ရမှာသေချာပါတယ်။


(၃)ဂဏန်းမှာ(၃,၁၂,၂၁,၃၀) ရက်ဖွား ဆိုပြီး(၄)မျိုးရှိပါတယ်။
ဒီတော့ ယေဘုယျစရိုက်က်လေးတွေမှာတူပေမယ့်တစ်မျိုးခြင်းကွာခြားချက်ကလေးတွေတော့ရှိပါတယ်။

(၁၂)ဂဏန်းဟာနဲနဲတော့စိုးရိမ်ရတဲ့ဂဏန်းဖြစ်တယ်။သူ့မှာရန်သူ(၅)ပါးဘေး၊သဘာဝဘေးအန္တရာယ်ဘေးတွေကျရောက်လွယ်တယ်။အိမ်ထောင်ရေးပြဿနာအကြီးစားတွေဖြစ်နိုင်တယ်။သူတို့ဟာ“ဗူးဆိုရင်ဖရုံမသီး”တဲ့လူတွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့အင်မတန်ခက်ခဲပါတယ်။ချစ်ခင်သူအလွန်နည်းပါးနိုင်ပါတယ်

(၂၁)ဂဏန်းသမားတွေကတော့ကြာသပတေးဂြိုဟ်ရဲ့ ကောင်းကျိုးတွေကိုအပြည့်အဝရတဲ့ဂဏန်းတစ်ခုဖြစ်ပါတယ်။ဘဝအကျိုးပေးလည်း ကောင်းတတ်တယ်။သူတို့ရဲ့ဘဝတည်ငြိမ်တယ်။မချမ်းသာရင်တောင်မှဘဝကပရမ်းပတာ ဖြစ်မသွားနိုင်ဘူး။အိမ်ထောင်ဘက်ကောင်းရတတ်တယ်။မိန်းကလေး(21)သမားတွေကတော့ရုပ်ရည်အဆင်ပြေချောမောတတ်ကြပြီးကိုယ့်ထက်အဆင့်အလွန်မြင့်မားတဲ့ ယောင်္ကျားမျိုးကိုရတတ်တယ်။သူတို့ဟာအိမ်ထောင်ဘက်အပေါ်မှာလည်းလွှမ်းမိုးနိုင်စွမ်းရှိပါတယ်

(၃၀)ရက်ဖွားတွေကတော့သြဇာအာဏာကြီးသူတွေဖြစ်တယ်။လွယ်လွယ်နဲ့လက်လျော့အရှုံးမပေးတတ်ဘူး။ နောက်ဆုံး တော့သူတို့ဘဲအနိုင်ရသွားတတ်ပါတယ်။စဉ်းစားချင့်ချိန်ဉာဏ်အလွန်ကောင်းတယ်။အတွေးအခေါ်မြင့်မားတယ်။တစ်ယူသန်ဆန်တယ်။တစ်ချို့အနုပညာဘက်မှာအလွန်အကျိုးပေးတတ်တယ်။သူတို့မှာလည်းရန်သူမျိုးငါးပါးဘေးနဲံ တွေုကြုံရတတ်ပါတယ်၊


 (၃)ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်များ
 အေဘရာဟမ်လင်ကွန်း က (12)ရက်ဖွား၊
ဝင္စတန္ခ်ာခ်ီက (30)ရက္ဖြား၊ ေ
မ်ာတော်ကားတီထွင်ခဲ့ သူ ဟင်နရီဖို့ဒ် က (30)ရက်ဖွား၊
လူဟာ မျောက်ကဆင်းသက်တယ်ဆိုတဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ချားလ်ဒါဝင်က (12)ရက်ဖွား၊
စာရေးဆရာကြီး မတ်တွိန်းက (30) ရက်ဖွား၊
နိုဘယ်ဆုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တဲ့ အယ်ဖရက်နိုဘယ် က (21)ရက်ဖွား၊
အက်ရှင် မင်းသားကြီး အာနိုးလ်က (30)ရက်ဖွား၊
ဟောလီးဝုဒ် မင်းသမီးချော ကင်မရွန်းဒဇ် က (30)ရက်ဖွား၊
တိုက်တန်းနစ် သီချင်းနဲ့ ကမ္ဘာကျော်သွားတဲ့ အဆိုတော် ဆယ်လိုင်းဒီယွန် က (30)ရက်ဖွား၊ေ
အာင်ဆန်း-အက်တလီ , နု- အက်တလီ ဆိုတဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကိစ္စမှာ အရေးပါခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့် အက်တလီက (3)ရက်ဖွား၊
နိုဗယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟင်းမင်းဝေးက (21)ရက်ဖွား၊
စာရေးဆရာကြီး ဂျက်လန်ဒန်က (12)ရက်ဖွား၊
ဖလော်ရင့် နိုက်တင်ဂေးက (12)ရက်ဖွား၊
ချယ်ဆီးတိုက်စစ်မှူး ဖရင့် လမ်းပတ် က(21)ရက်ဖွား၊
ကားမှောက် ကွယ်လွန်သွားတဲ့ မိုနာကိုမင်းသမီးကြီး ဂရေ့စ်ကယ်လီက (12)ရက်ဖွား၊
ဟောလီဝုဒ် သရုပ်ဆောင်နဲ့ဒါရိုက်တာဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆင် က (3)ရက်ဖွား၊
ပြိုင်ကားမောင်းချန်ပီယံ မိုက်ကယ်ရှုးမေကာက (3)ရက်ဖွား၊
လုပ်ကြံခံရတဲ့ ကိုရီးယား သမ္မတဟောင်း ပတ်ချုံဟီးလ် က (30)ရက်ဖွား၊
 ဆွီဒင်ဝန်ကြီးချုပ် အိုလော့ပန်း က (30)ရက်ဖွား၊
အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အယ်လီဇဘက် က (21)ရက်ဖွား
သိပ္ပံစာရေး ဆရာကြီး H.G Well က (21)ရက်ဖွား
၊ ဂျာမန်နာဇီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာမန်းဂိုးအားရင်းက (12)ရက်ဖွား
.

မှတ်ချက်=ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပျူဗေဒသုခုမ)၏ ဆောင်းပါးကိုအကျဉ်းချုပ် ဖော်ပြသည်။( လေလွင့်နေတဲ့လူ)




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်