ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, November 7, 2015

စိတ်ခံစားမှုများ အကြောင်းတစေ့တစောင်း


--

 စိတ်ခံစားမှုများ အကြောင်းတစေ့တစောင်း.... ဖော်ပြချက် များ ဖြစ်ပါသည်၊ အောက်မှာဆက်လက်ဖတ်ရှုပါ။



ဗုဒ္ဓရဲ့ အဘိဓမ္မာမှာ စိတ်ကို ဝေဖန် ဆန်းစစ်တဲ့ခါ .. ဘေဒကြီး (၆) ခုနဲ့ ဝေဖန်ပိုင်းခြားတယ်လို့ ဆိုတယ် ။



၁။ဘူမိဘေဒ (ဘုံ အားဖြင့် စိတ်တို့ ကို ဝေဖန်ခြင်း)
၂။ဇာတိဘေဒ(ဇာတိစိတ်အားဖြင့် ဝေဖန်ခြင်း)
၃။ဈာန ဘေဒ(ဈာန် အားဖြင့် စိတ်တို့ ကို ဝေဖန်ခြင်း)
၎။သမ္ပယောဂ ဘေဒ(ယှဉ်ဘက်စိတ် ဖြစ်မဖြစ် အားဖြင့် စိတ်ကိုဝေဖန်ခြင်း)
၅။သင်္ခါရ ဘေဒ(သင်္ခါရ ရှိ-မရှိ အားဖြင့် စိတ်ကို ဝေဖန်ခြင်း)
၆။ဝေဒနာ ဘေဒ (ခံစားမှုဝေဒနာ အားဖြင့် စိတ်တို့ ကို ဝေဖန်ခြင်း)  တို့ပေါ့ ။




ကျွန်တော်တို့ ပြောနေကြတဲ့ခံစားမှု၊စိတ်ခံစားမှုဆိုတာကတော့ ဗုဒ္ဓရဲ့ အဘိဓမ္မာ အလိုအရ ပြောရရင် စိတ်ကို ဝေဒနာဘေဒ အားဖြင့် ပိုင်းခြားဖော်ြ
ပခြင်း ဖြစ်မယ်ထင်ပါတယ်

စိတ်ကို ခံစားမှု အားဖြင့် ဖော်ပြ တဲ့ ခါမှာတော့
သောမနဿ ဆိုတဲ့ ချမ်းသာတဲ့ ခံစားမှု က (၆၂) မျိုး ၊
သုခ (၁) မျိုး ၊
ဒေါမနဿ ဆိုတဲ့ ဆင်းရဲတဲ့ခံစားမ
ှု က (၂) မျိုး ၊
ဒုက္ခ(၁) နဲ့ ဥပေက္ခာ ခံစားမှု ကတော့ (၅၅) မျိုးရှိတယ်လို့
ဆိုတယ် ။

အားလုံးပေါင်းရင
်တော့ ဗုဒ္ဓရဲ့ အလိုအရ .. လူတွေမှာ စိတ်ခံစားမှု ၁၂၁ မျိုး ရှိတယ်လို့ ဆိုရမှာပေါ့ ။

အနောက်တိုင်း စိတ်ပညာ ဘက်လှည့်ကြည့်ပြန်တော့ ခံစားမှု (Emotion) ဆိုတာနဲ့ ပက်သက်ပြီး ပညာရှင်တစ်ယောက်နဲ့ တစ်ယောက် ယူဆ လက်ခံ ပုံချင်း မတူကြဘူး ။
အဲဒါ အပြင် လူတွေမှာ စိတ်ခံစားမှု အမျိုးစားပေါင်း ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်းကိုလည်း တစ်ယောက်နဲ့ တစ်ယောက် အဖြေမတူကြပြန်ဘူး ။
အဲဒီ ထဲ က ပညာရှင် ၂ ယောက်ရဲ့ အယူအဆ ကတော့ စိတ်ဝင်စားဖို့ ကောင်းနေတယ် ။

စိတ် ပညာ ရှင် ပဲရော့ ရဲ့ Parrott's emotions group မှာတော့ စိတ်ခံစားမှု တွေကို Primary Emotion , Secondary Emotions , Tertiary emotion ဆိုပြီး state ၃ ခုနဲ့ ပြဆိုတယ် ။ လူတွေ မှာ မူလဘူတ ခံစားမှု အားဖြင့်တော့ ၆ မျိုးပဲရှိတယ်လို့ ဆိုတယ် ။ အချစ် ၊ ပျော်ရွှင်မှု ၊ အံသြမှု ၊ ဒေါသ ၊ ဝမ်းနည်းမှု ၊ ကြောက်ရွံ့ မှု ..ဆိုတဲ့ ၆ မျိုးပေါ့ ။ ဒီ ၆ မျိုး က တော့ Primary Emotion တွေပေါ့ ။ ဒီ ခံစားမှုတွေကို အခြေခံပြီးမှ Secondary Emotions တွေ ၊ Tertiary emotion တွေဖြစ်ပေါ်တယ်ဆိုတယ် ။ ဥပမာ Love ဆိုတဲ့ ခံစားမှု မှာ .. Secondary Emotion အနေနဲ့ Affection ဆိုတဲ့ ခင်တွယ်မှုတွေပါမယ် ၊ Lust ဆိုတဲ့ လိင်ဆန္ဒတွေပါမယ် ၊ Longing ဆိုတဲ့ တောင့်တ မှုတွေလည်း ပါမယ်ပေါ့ ။ အဲဒီကနေမှ Tertiary emotion အနေနဲ့ Tenderness ဆိုတဲ့ ကြင်နာမှုတွေ ၊ နှစ်သက်ခြင်းတွေ ၊ မြတ်နိုးခြင်းတွေ ... စသဖြင့် ထပ်မံဖြစ်ပေါ် တယ်လို့ ဆိုတယ် ။
ပဲရော့ရဲ့ အလိုအရတော့ ... အချစ် (၁၆) မျိုး ၊ ပျော်ရွှင်မှု (၃၃) မျိုး ၊ အံ့သြမှု (၃) မျိုး ၊ ဒေါသ (၂၉) မျိုး ၊ ဝမ်းနည်းမှု (၃၇) မျိုး ၊ ကြောက်ရွံ့မှု (၁၇) မျိုး ... နဲ့ လူတွေမှာ စိတ်ခံစားမှု ပေါင်း ၁၃၅ မျိုး ရှိတယ် လို့ ဆိုတယ် ။

နောက်တစ်မျိုးကတော့ စိတ်ပညာရှင် Robert Plutchik ရဲ့ Plutchik's wheel of emotions ပါ ။ မြန်မာမှု ပြု ရရင်တော့ ပလုချစ် ရဲ့ ခံစားမှုလှည်းဘီးကြီးပေါ့ ဗျာ ။
ဒီလှည်းဘီးကြီးကိုတော့ သူက ယှဉ်ဘက် ခံစားမှု ၄ စုံ နဲ့ အခြေတည် ပြီး တည်ဆောက်ထားတယ် ။ တစ်စုံ စီမှာ ဆန့်ကျင်ဘက် ခံစားမှု ၂ ခုစီ ပါတယ် ။ ဥပမာ
ပျော်ရွှင်မှု နဲ့ ဝမ်းနည်းမှု ၊ ကြောက်ရွံ့မှု နဲ့ ဒေါသ ၊ အံ့သြမှု နဲ့ မျှော်လင်မှု ၊ ယုံကြည်မှု နဲ့ ရွံရှာမှု ဆိုတဲ့ အစုံ ၄ ခုပေါ့ ။ ခံစားမှု အားဖြင့်တော့ ၈ မျိုး ပေါ့ ။ အဲဒီ ခံစားမှု ၈ မျိုး ရဲ့ တစ်ခုခြင်းစီမှာ ... ခံစားမှု ဖြစ်ပေါ် ရတဲ့ အကြောင်းရင်း နဲ့ ခံစားမှု အကျိုး ဆိုပြီး ထပ်ရှိပြန်တယ် ။ ဥပမာ ... Trust ဆိုတဲ့ ယုံကြည်မှုပေါ့ ။ ယုံကြည်မှု ဘာကြောင့် ဖြစ်သလဲ ဆိုရင် admiration ဆိုတဲ့ နှစ်သက်သဘောကျ မှု ကြောင့်ဖြစ်တယ်လို့ ဆိုတယ် ။ နှစ်သက်မှု ကြောင့် ယုံကြည်တယ် ... ယုံကြည်မှု ရဲ့ အကျိုးကြောင့် ဘာဖြစ်သလဲ ဆိုတော့ acceptance ဆိုတဲ့ လက်ခံမှု ဖြစ်ပေါ် တယ်တဲ့။

နောက် ပလုချစ်ရဲ့ ခံစားမှုလှည်းဘီးမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် လေးတစ်ခု က တော့ စိတ်ခံစားမှု ၂ ခု ပေါင်းစပ်ခြင်း အားဖြင့် နောက် တစ်ခု ဖြစ်ပေါ်တာပဲ ။
ဥပမာ .. ပျော်ရွှင်မှု နဲ့ ယုံကြည်မှု ... အဲဒီ ၂ ခုပေါင်းဆုံတဲ့ခါ အချစ် ဆိုတဲ့ခံစားမှုဖြစ်ပေါ် ပါသတဲ့ ။ တခြားတစ်ယောက်ပေါ်မှာ ဖြစ်ပေါ် တဲ့ မျှော်လင့်မှု နဲ့ ကိုယ့်မှာ ပင်ကိုယ်ရှိနေတဲ့ ဒေါသ အခြေနေနဲ့ ပေါင်းဆုံသွားတဲ့ ခါမှာတော့ ရန်လိုမှု ဆိုတာ ဖြစ်ပေါ် လာတယ်လို့ ဆိုတယ် ။ အကောင်းမြင်စိတ် ဆိုတဲ့ Optimism ဖြစ်ဖို့ ဆိုရင် anticipation ဆိုတဲ့ မျှော်လင့်စောင့်စား နိုင်ခွင့် နဲ့ trust ဆိုတဲ့ ယုံကြည်မှု ရှိဖို့ လိုအပ် တယ်လို့ ဆိုတယ် ။

ကျွန်တော်တို့ ပတ်ဝန်းကျင် ကို အကောင်းမမြင် နိုင်တဲ့ခါ ... ကိုယ့် စိတ်သန္တာန်မှာ ဘာတွေ ဆုံး ရှုံးနေသလဲ ၊ ဘာတွေရှိနေသလဲ သုံးသပ် နိုင်မယ်ဆိုရင် .. လိုအပ်ချက်ကလေးတွေ ဖြည့်သင့်တာဖြည့် နိုင်သလို ၊ စိတ်ကိုယ်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လည်း ထားတတ်နိုင်မယ်ထင်တယ် ။ ဒါ မှ မဟုတ် ကိုယ့် ပတ်ဝန်းကျင် မှာ ရှိနေတဲ့ လူတစ်ယောက် ရန်လိုနေတဲ့ ခါ သူ့စိတ်မှာ ဘာတွေရှိနေလဲ ခန့်မှန်း တတ်ရင် ၊ ဘာကြောင့် လဲ ဆိုတာ သိတဲ့ခါ ... သူစိတ်ရဲ့ လိုအပ်ချက်ကလေးတွေ ဖြည့်ဆည်း ကူညီဖို့ လွယ်ကူသွားမယ်ထင်တယ် ။

ဖော်ပြလို့ မရတဲ့ ခံစားမှု တွေ ကနေ ဖော်ပြနိုင်ကြပါစေ ။ နားမလည်နိုင်တဲ့ ခံစားမှု တွေ ကနေ နားလည်နိုင်တဲ့ ခံစားမှု တွေဖြစ် ကြပါစေ ။



ကိုးကား
၁ ။ ဗုဒ္ဓအဘိဓမ္မာ (စိတ်ပိုင်း)
၂ ။ http://www.depressionforums.org/psychology-sociology/2338-psychologists-have-yet-to-fully-tackle-the-question-how-many-emotions-do-we-have
၃ ။ http://www.humintell.com/2010/06/the-seven-basic-emotions-do-you-know-them/
၎ ။ http://psychology.about.com/od/emotion/f/what-are-emotions.htm
၅ ။ http://en.wikipedia.org/wiki/Contrasting_and_categorization_of_emotions
---




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်