ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, May 1, 2013

သိစေချင်တယ်


သိစေချင်တယ်

ငါ့ရင်ဘတ် ထဲက အချစ်တွေကို
ပြောပြချင်ပါတယ်
မသိသေးတဲ့မင်းကို.ဒါပေမဲ့
ဆုံမှတ် မရှိနိုင်တဲ့
ပြိုင် မျဉ်းနှစ်ကြောင်းလို
ငါကတော့ မင်းအချစ်ကိုမျှော်လင့်နေဆဲ
မင်း..အချစ်ကတော့တပါးသူဆီမှာ..
ငါ့အတွက်မျှော် လင့်ချက်ဆိုတာ..ရေအိုင်ထဲကလရိပ် သာသာ

ငိုကြွေးနေတယ်

ဟောဒီရင်ဘတ်ကြီးရဲ့..
ထောင့်တနေရာ မှာ..ကာလာမဲ့နှလုံးသားတစ်စုံဟာ
နာကျင်မှုတွေနဲ့အတူအထီးကျန်စွာ ငိုကြွေးနေတယ်..
ငါဟာ ခါးသီးမှုတွေကို ကော်ဖီတစ်ခွက်အဖြစ်ပြောင်းလဲလို့
မင်းဆီကနေချိုလွန်းတဲ့ အဆိပ်တစ်ခွက်ကိုလည်း
တောင့်တတတ်မိနေပြီ
ငါ့ဟာ မင်းနဲ့ပတ်သက်လာရင်..
အချစ်ကို..အရှုံးပေးရတဲ့..ဒသလိုလူတစ်ယောက်

ဖြစ်နိုင်ရင်လေ

ထွက်ပြေးနေတဲ့….ငါ့မာနတွေကို ပြန်လည်ဖမ်းဆုပ်
တိတ်တိတ်လေးအိပ်ကပ်ထဲပြန်ထည့်လို့
တည်ငြိမ်တဲ့ စိတ်လေးဖြစ်အောင်စုစည်းပြီး
 ကြေကွဲခြင်းတွေကြားထဲ…၀မ်းမြောက်စွာ
ငါကွ..လို့ကြွေးကြော်လိုက်ချင်တော့တယ်...
♥ ချစ်ရသူ♥ .....ရယ်...



2 comments:

  1. နောက်ဆုံးအပိုဒ်လေးကို
    အရမ်းကိုကြိုက်တယ်

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်