အတောင်ကျိုးနေတဲ့ ငှက်မို့
လေဟုန်မှာ
တောင်ပံဆန့်ခွင့်မရှိတော့ပေမယ့်
မြေပေါ်မှာ
လျှောက်လှမ်းလို့တော့ ရပါသေးတယ်ကွယ်
အဲဒီလိုပဲ
ငါ့အချစ်လှိုင်လုံးလေးတွေကလည်း
မင်းရင်ဘတ်ကမ်းခြေဆီ
ဘယ်တော့မှ မရောက်နိုင်တော့ပေမယ့်
ကြိုးစားခွင့်လေးတော့ ရှိချင်ပါသေးတယ် ချစ်ရသူရယ် …….
.
အချစ်ငှက်(မန်း)
No comments:
Post a Comment