ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, March 18, 2013

ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်



ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်The 7 Habits Of Highly Effective Teens [Sean Covey]


(၁)တာဝန်ယူစိတ် [Be Proactive]

ပြဿသာနာတခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။
"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ဖြစ်ပါတယ်။



(၂)ပစ်ကွင်းကိုချိန်ပစ် (Begin with the End in Mind)
ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။


(၃)အရေးကြီးတာအရင်လုပ် [Put First Thing First]
ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်တတ်တယ်။


(၄)သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]
ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့် "ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။


(၅)နားလည်မှုရှိ [Seek First to Understand,Then to be understood]
ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။

ကိုယ့်ကိုလည်း သူများက နားလည်အောင်တံခါးဖွင့်ထားတယ်။

(၆)လက်တွဲကြိုးပမ်း[Synergize]
ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။


(၇)ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]
စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲတံခါး

ဖွင့်ထားတယ်။ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ် "သ"နေ ပါ။


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်