ရင်ထဲ က မွန်းကျပ်မှုတွေကို
ကဗျာ၊စာစီ၊ကာရန်ညီ-
ခံစားရသက်သာစေဖို့
ခံစားချက်တွေ- ရေးတယ်..
သို့သော်-စာရွက်တွေ တရွက်ပြီး တရွက်..
ရွက်စုတ် ဖြစ်လို့သာ ကြေမွ...
ခံစားရ သက်သာအောင်
ကာရန်စီ ကဗျာရေးတယ်
သိုသော်လည်း..မွန်းကျပ်နေ မှုက ရုန်းမထွက်နိုင်
ပင့်သက်ရှိုက်ကာ ရှု
သက်ပြင်း အခါခါ ချ.
လေမတိုက်ပဲ သစ်ရွက် လှုပ်နေတယ်..ဟောဒီရင်ထဲ.....
No comments:
Post a Comment