ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, September 8, 2015

သင့်လက် အမူအရာက ပြောတဲ့သင့်၏ စိတ်နေသဘောထား


1 - သင့်လက်နှစ်ဖက်ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...

 အထက်ဖော်ပြပါ ပုံများထဲမှာ သင်\ လက်ပိုက်ပုံ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည်ကို ရွေးပါ
။ပြီးနောက် သင့်၏ စိတ်နေသဘောထားကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။



R-R

သင်ဟာ ယဉ်ကျေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အခြားသူတွေရဲ့စကားကို နားထောင်ပေးလေ့ရှိသူပါ။ အခြားသူတွေရဲ့ ခံစားချက်တွေကို စာနာ တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အားနာတတ်သူပါ။ ဒီအားနာတဲ့စိတ်ကြောင့်ပဲ အခွင့်အရေး တချို့ဆုံးရှုံးခဲ့သူပါ။ အချစ်ကို ကိုးကွယ်သူလည်း ဖြစ်ပါတယ်။

R-B
သင်ဟာ တည်တည်နေတတ်သူဖြစ်ပြီး ဒေါသကြီးတတ်သူဖြစ်ပါလိမ့်မယ်။ ကျယ်လောင်စွာ ရယ်မောလေ့
ရှိပြီးငိုရင်လည်းရုတ်တရက် ငိုတတ်ပါတယ်။ ပစ္စည်းတခုခုဝယ်တဲ့အခါမှာလည်း ၀ယ်သင့်လားလို့မစဉ်းစား
ပဲ ၀ယ်တတ် သူပါ။အများစိတ်ဝင်စားမှုကို နှစ်သက်သူဖြစ်ပါတယ်။ ပန်းတွေပွင့်တဲ့ ဆောင်းရာသီကိုကြိုက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

B-R
သင်ဟာ ထက်မြက်ပြီး ဥာဏ်ကောင်းသူ တစ်ဦးပါ။ သင့်ဗီဇကိုက အေးအေးဆေးဆေးနေတတ်သူ ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ လည်း ရင်းရင်းနှီးနှီးပေါင်းလေ့ မရှိပါ။ သင်ဟာ အများရဲ့ယုံကြည်ခံရ
သူဖြစ်ပြီး သူတပါးကို ကူညီတတ်သူလည်း ဖြစ်ပါတယ်။သင်ဟာ ချစ်ရင်လည်း အချစ်ကြီးသလို မုန်းရင်လည်း အမုန်းကြီးမုန်းတတ်သူ ဖြစ်ပါတယ်။

B-B

သင်ဟာ အေးဆေးတည်ငြိမ်သူ ဖြစ်ပါတယ်။ ရဲရင့်တတ်ပြီး မဟုတ်မခံ စိတ်ရှိသူလည်း ဖြစ်ပါတယ်။ သင့်သူငယ်ချင်းတွေထဲမှာ သင်ဟာ ဦးဆောင်သူ ဖြစ်နေတတ်ပါတယ်။ စေ့စပ်သူ တစ်ဦးဖြစ်ပြီး မိမိစိတ်ကို ထိန်းချုပ်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးသူ တစ်ယောက်ဖြစ်သလို ရိုမန်တစ်ဆန်တဲ့ အချစ်ကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။


www.ayesay.com.mm




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်