ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, June 2, 2013

မှင်စာလေးရဲ့ အချစ်အက်ကြောင်း

စိတ်ထားကောင်းတဲ့မှင်စာလေးတစ်ကောင်။.။သူဘ၀ဟာအမှောင်ဖုံးတယ်.။တစ်ယောက်တည်းအထီးကျန်စွာဘ၀ကိုဖြတ်သန်းနေရတယ်မှောင်မိုက်နေတဲ့ ညဟာ..သူရဲ့ကမ္ဘာ။။သူထင်ခဲ့တယ်..လသာညဟာ..သူရဲ့ပျော်ရွှင်ဖွယ်ည၊ လမင်းကြီးဟာသူရဲ့ အားပေးဖော်၊လမင်းကြီးကို ငေးကြည့်ရင်း အဲဒီညကို ကုန်ဆုံးစေတယ်....

ညလေးတစ်ညမှာပေါ့
လောကတစ်ခု လုံးမှောင်မိုက်နေတယ်...ငှက်ဆိုးထိုးသံ..ဆူညံနေတယ်..လင်းဆွဲ ငှက်တွေအုပ်စုလိုက် သူ ကို တိုးဝှေ့ ပျံ့သန်းသွားတယ်..ဒီညဟာ အထီးကျန်ဆန်လွန်းတယ်.

(အချစ်က ဘ၀ အတွက် မျှော်လင်ချက်ရောင်ခြည် တစ်ခု)

တွေးငေးနေခိုက် .တဲအိမ်ငယ်လေး
တစ်လုံးဆီကအလင်းရောင်တစ်ချက်လက်တာသူတွေ့လိုက်တယ်.
သူရင်ထဲ ပျော်ရွှင်မှုတစ်ခုမခေါ်ပဲရောက်လာတယ်..အလင်းရောက်ရှိရာသို့
ခြေဦးတည်လိုက်တယ်..လမ်းတလျောက်လုံး ခြေသံတွေတိတ်လို့..စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေတယ်..သွားရာလမ်းတလျောက် ခက်ခဲမှုတွေ ကျော်ဖြတ် ။သူ မမှုပါဘူး တဲအိမ်ငယ်ဆီ ရောက်ဖို့သာ...

ရောက်လေပြီ..ထရံပေါက်လေးကနေကျော်ဖြတ်လို့ မိးရောင် ရှိရာအခန်းကျဉ်းလေးဆီ...
တကိုယ်လုံးတုန်ရီ မောဟိုက်နေပြီ.ခြေလှမ်းတွေ နှေးကွေးလို့.နေပြီ..
ဟော...အလင်းရောင်တွေ့ပြီ..စိတ်ထဲက ငှက်ငယ်..အဝေးသ်ု့ပျံသန်း..ပျော်ရွှင်စွာ အပြေးကလေးလှမ်းလိုက်တယ်..

(အချစ်ဟာ. ချမ်းသာအတိ ဟုတ်ပါဘူး)


တွေ့ပါပြီ..သူကိုပျော်ရွှင်စေတဲ့အလင်းရောင် ပေးစွမ်းနေတာချိုသာတဲ့အပြုံးအေးအေးလေးနဲ့.ဖယောင်းတိုင်လေး
တစ်တိုင်ဖြစ်နေတယ်စားပွဲခုံရဲ့အလယ် တည့်တည့်မှာ ရှိနေတယ်..သူမ၀ံမရဲ သူမ(ဖယောင်းတိုင်လေး )အနီး အရောက်လှမ်းလိုက်တယ်..သူမ က..ရှက်ပြုံးလေးနဲ့ တချက်ကြည့်တယ်..သူရင်တွေခုန်သွားတယ် ပြောမယ်ဆို..အချစ်တခု ပေါက်ဖွားလာတယ် သူဟာချစ်သူလေးရဲ့ပါးပြင်ကို  ညင်သာ စွာ ကိုင်လိုက်တယ်...အား...အပူနဲ့ထိမိတဲ့ သူလက်ဟာ နာကျင်မှု ခံစားလိုက်ရတယ်..ခြေတလှမ်းနောက်ရွေ့ သူကြောက်လန့်စိတ်ဖြစ်ပေါ်..လာရာလမ်းကြောင်းအတိုင်း အပြေးကလေးပြန်ခဲ့တယ်...ရင်ထဲဒဏ်ရာ အပြည့်နဲ့

ထွက်ပြေးသွားတဲ့ မှင်စာလေးကျောပြင်ကို ကြည့်၇င်း ဖယောင်းတိုင်းလေး ခမျာ.မျက်ရည်တစက်၊
အလွမ်းမီးတချက် တောက်ခဲ့ရတယ်..

(ချစ်ရသူ အတွက်ဆို ကိုယ်ရဲ့နာကျင် မှုတွေ မျက်ကွယ်ပြုတတ်ရတယ်)


သူ..ခေါင်းကလေးငိုက်စိုက်လို့ လက်ဖ၀ါးက မီးလောင်ရာ လေးကိုပွတ်သက်နေမိတယ်.။ထိုင်နေကြနေရာလေးးကနေ
တဲအိမ်ငယ် ဆီ တချက်ကြည်လိုက်တယ်..အဖိုးအို ကြီးတစ်ယောက်.ဖယောင်းတိုင်လေး ကိုမိးငြိမ်းလိုက်တာတွေတယ်..စဉ်းစားမနေတော့ဘူးးအပြေးအလွှား တဲအိမ်ငယ်ဆီ..

သူဟာ...အလင်းရောင် မဲ့နေတဲ့ ဖယောင်းတိုင်လေးကို ဖက်ပြီး ငိုကြွေး၊အလွမ်းမိးများစွာနဲ့
ဖယောင်းတိုင်လေးနဲ့ မှင်စာလေးရဲ့ အချစ်ဟာ ဒီမှာ ဇာတ်သိမ်းပြီးလား...

မပြီးဆုံးသေးပါဘူးးဘုရားရှင်ဟာ သူတို့ရဲ့အဖြစ်ကိုသနားသဖြင် ပျော်ရွှင်မှုကို ဖန်တီးပေးလိုက်တယ်...

အလင်းရောင်အသက်မဲ့နေတဲ့ ဖယောင်းတိုင်လေးကနေ..မှင်စာမလေး အဖြစ်ပြောင်းလဲသွားပြီး
မှင်စာ လေးနဲ့ အတူ ပျော်ရွှင်တဲ့ ဘ၀ တစ်ခု ကိုတည်ဆောက်ခွင့်ရလိုက်ပါတယ်..

လမိုက်နေတဲ့ည ဒီည ဟာ...သူတို့အတွက် ပျော်ရွှင်ဖွယ် လသာညတစ်ညဖြစ်သွားလေတော့သည်။
အရာရာ တူညီတဲ့ ချစ်သူနှစ်ယောက် ဖြစ်ဖို့ထက်မတူညီတဲ့အချက်တွေကိုနားလည်နိုင်ပြီး..တူညီတဲ့အချက်လေးတွေကို တန်ဖိုးထားတတ်တဲ့ ချစ်သူ တစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ်...လူတိုင်းအချစ်ကို တန်ဖိုးထားတတ်ပါစေ..


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်