ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, June 21, 2013

တပါးသူရဲ့ မျက်လုံး


It is the eyes of ther people that ruin us.
If all but myself werw bilnd I shound neither want a fine house nor fine furniture.

                                                                                Franklin

ကျွန်ုပ်တို့ကို ပျက်စီးစေသည်မှာ တစ်ပါးသူတို့၏ မျက်လုံးများဖြစ်ပေသည်။ကျွန်ုပ် မှတစ်ပါး လူအားလုံး
မျက်စိကန်းနေကြမည်ဆိုလျှင် ကျွန်ုပ်သည် အိမ်လှလှ၊ပရိဘောဂလှလှ တို့ကို အလိုရှိတော့မည်မဟုတ်ချေ။
                                                                                ဖရန့်ကလင်

ဖရန့်ကလင်ဆိုသူသည်အမေရိကန်စာရေးဆရာကြီးတစ်ယောက် ဖြစ်ပြီးသူ့စကားသည်(အကန်းမယားသနပ်ခါးမလို)ဟူသော မြန်မာစကားပုံနှင့်ဆင်တူသည်။

ဆိုလိုချက်မှာ..စာရေးဆရာကြီးမစ္စတာဖရန့်ကလင်စကားမှန်ကန်သည်ကို တွေးရင်းတွေးရင်သိလာရသည်။.ကျွန်တော်တို့.သည်..တိုက်ကောင်းကောင်းမှာနေချင်မိသည်.ကားသစ်ကြီး.တွေစီးချင်မိသည်လှတာတွေလိုချင်ဆန်းတာတွေဝယ်ချင်သည့်သဘောဒါသည်အဆန်းမဟုတ်ပါ.ကျွန်ုပ်တို့သည်ပုထုဇဉ်လူသား  ဖြစ်လေသည်ကိုးးး

လိုချင်သည့်အရာကိုရိုးသားစွာကြိုးစားယူလျှင်တော့အကြောင်းမဟုတ်..လိမ်ကြ၊ကောက်ကြ၊ခိုးကြ၊၀ှက်ကြစာရိတ္တပျက်စီးလာလျင်မကောင်း၊စာရိတ္တပျက်စီးမလာရင်တောင်အသုံးအဆောင်အသစ်ပေါ်လာလေတိုင်းကိုယ်မသုံးနိုင်လေသောကြောင့်စိတ်မချမ်းသာ ဖြစ်နေလျင်ပင်..ကိုယ်မှာပျက်စီးသွားပြီဟုဆိုနိင်လေသည်။ 

ကျွန်တော်တို့စားဝတ်နေရေးအတွက် ငွေကြေးရှာ ဖွေကြရာတွင်သက်သောင့်သက်သာ...နေထိုင်စားသောက်ဖို့အရေးထက်လူအထင်ကြီးခံချင်၊လူအထင်သေးမခံရလေအောင်ရှာဖွေနေရသည်ဟုထင်မိသည်။“စားတာကိုလူမမြင်ဘူး၊၀တ်တာကိုလူမြင်တယ်”ဟူသောစကားးးအရသူများတကာတို့၏မျက်လုံးကိုအလေးမူကြောက်ရွံကြောင်းသိသာလေသည်၊

ကျွန်တော်တို့ ယောကျာင်္းသားများထက်မိန်းကလေးများသည်(မျက်လုံး၏ဒဏ်ကိုပိုခံရသည်)အကြောင်းမှာယခုခေတ်ကုန်တိုက်ကြီးတွေ၊ပစ္စည်းမျိုးစုံလေသောပလာဇာကြီးများ၊ဖက်ရှင်ရှိုးပြပွဲများပေါ်လာသောအခါ..မိန်းကလေးများအဖို့သူတစ်ပါးမျက်စိ၏ဒဏ်ကိုမဟုတ်၊ကိုယ်မျက်စိ၏ဒဏ်ကိုပါခံကြရလေသည်.ကိုယ်တိုင်ကလှတာတွေဝတ်ချင်၊ကောင်းတာတွေစားချင်..လူအထင်ကြီးးစေချင်ဒီကြားထဲ ချောမောလှသောသရုပ်ဆောင်များဝတ်ဆင် ပြလိုက်သောအခါ..လှပချင်စိတ်ထိန်းရဖို့မှာခက်ခဲခြင်းအဖြစ်ရောက်ရှိနိုင်သည်၊

သည်တော့ ဆရာကြီး ဖရန့်ကလင် ပြောသလို့ ပျက်စီးခြင်းသို့ တိုင်ရောက်တတ်လေသည်။

ဆရာအောင်သင်း..(သူ့အတွေးသူအမြင်) စာအုပ်မှ



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်