ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, June 28, 2013

Printer တလုံးကို ပျက်စီးမှုနည်းရန်ထိန်းသိမ်းခြင်း



ကျွန်တော်တို့ Printer ၀ယ်ပြီးအခါမှာ ရေရှည်အသုံးခံဖို့အတွက် လိုက်နာရမယ် စည်းကမ်းမှာ လုပ်ဆောင်သင့်တဲ့ အချက်အလက်လေး. တွေကိုလဲ ပြောပြချင်ပါတယ်။ သိပ်အများကြီးမဟုတ်ပါဘူး ကိုယ်လုပ်နေကျလေးလဲ ဖြစ်မှာပါ ၈ ချက်ဘဲရှိပါတယ်။... ဆက်ကြည့်ပါ


၁)Printerအပြင်ပိုင်းကိုအမြဲသန့်ရှင်းရေးလုပ်ပေးပါPowerကိုoff ပြီးPlugin ဖြုတ်ထားပြီ ဖော့တုံးလေးကို ရေစွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ

၂) အတွင်းကို သန့်ရှင်းရေးလုပ်ချင်ရင် အတွင်းကိုသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းလေးနဲ့ ဂရုစိုက်ပြီးလုပ်ပေးပါ။

၃) ကိုယ်အသုံးမပြုတဲ့ အချိန်မှာ Power ကို off ထားပါ ပြီးတော့ အမြဲ Printer ကို အ၀တ်နဲ့အုပ်ထားပါ
ကောင်ပလောင်တွေဝင်နိုင်သလို၊ဒီလိုအပ်ထားခြင်းအားဖြင့်ကိုယ်သန့်ရှင်းရေးလုပ်ရတာလဲသက်သာပါတယ်။

၎) Print ထုတ်မဲ့ စာရွတ်တွေကို သူ့ရဲ့ Original အိတ်နဲ့ဘဲထားပါလိုရင်လိုသလို ထုတ်ပြီးမှာသုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ထုတ်မဲ့စာရွတ်ကမသန့်ရှင်းဘူး ရေစိုနေမယ်ဆိုရင်Printerထုတ်တဲ့နေရာမှ ကောင်းကောင်း
မပေါ်နိုင်သလို၊ Printer လဲ ထိခိုက်နိုင်ပါတယ်။

၅) တနေရာနဲ့တနေရာပြောင်းရွေ့ မယ်ဆိုရင် သေသေချာချာပြန်ပြီး package နဲ့ပြန်ထည့်ပြီး Pluginကိုဖြုတ်ပါ။

၆) Printer ပျက်ခဲ့လို့ရှိရင် ပြုပြင်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတွေဆီမှာ အကူညီတောင်းပါ ကိုယ်တိုင်မသိဘဲနဲ့ မလုပ်ပါနဲ့။

၇) Printer ရဲ့ Main power switch ကိုမပိတ်ခင် Printer မှာပါတဲ့ Power ခလုတ်ကိုအရင်ပိတ်ပြီးမှဘဲ Main power switch ကိုပိတ်ပါ။ ဒီလိုလုပ်ခြင်းဟာ Printer ရဲ့ အတွင်းပိုင်းမှာ လုပ်ဆောင်နေတဲ့ ကိုယ်မမြင်နိုင်တဲ့ သူ့လုပ်ဆောင်ခြင်းတွေကို ကောင်းကောင်းမွန်မွန် သူရဲ့ power ခလုတ်က ပိတ်ပေးမှာဖြစ်ပါတယ်။

၈) စာရွက်ရွေးချယ်ခြင်းဟာလဲ Printer အတွက်အရေးကြီးပါတယ်။ အရည်အသွေးမကောင်းတဲ့ စာရွက်တွေကိုအသုံးပြုခြင်းအားဖြင့် Printerရဲ့ စက်ပိုင်းဆိုင်ရာကို Paper Jam ဖြစ်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ စာရွက်များကိုသာ Printer ထုတ်တဲ့နေရာမှာ အသုံးပြုခြင်းဖြင့် Printer ကို ထိန်းသိမ်းနိုင်ပါတယ်။

အထက်ပါနည်းလမ်း၈ခုအတိုင်းPrinterကိုထိန်းထိန်းသိမ်းသိမ်းအသုံးပြုမယ်ဆိုရင် ရေရှည်ခံပြီး ကောင်းမွန်တဲ့ Printer တခုဖြစ်မှာပါ။ ဆိုတော့ Printer အကြောင်းနဲ့ ထိန်းသိမ်းနည်းလမ်းလေးတွေ ကျွန်တော် သိသလောက်ကို ပြန်လည်ရှင်းပြပေးလိုက်တာဖြစ်ပါတယ်။


http://mawlamyinethar.blogspot.com/

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်