ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, June 20, 2013

ဆန့်ကျင်ဘက် အမြင်ကိုယ်စီ


ဖတ်ကြည့်ပါ။။

တစ်ခါတုန်းက တစ်မိသားစု တစ်ခုတည်းကနေ ပေါက်ဖွားလာတဲ့ ညီအစ်ကို နှစ်ဦးရှိပါတယ်… ညီအစ်ကိုရင်း ဖြစ်သော်လည်း ဆန့်ကျင်ဘက် စရိုက်နဲ့၊ ဆန့်ကျင်ဘက် အခြေအနေ ရှိသူများ ဖြစ်ကြပါတယ်… တစ်ဦးက မူးယစ်ဆေးဝါး စွဲနေပြီး အရက်ကို အလွန်အကျွံ သောက်စားသူ ဖြစ်ကာ မိသားစုကိုလည်း ညှင်းပန်းနှိပ်စက်သူ ဖြစ်သောကြောင့် လူတိုင်းက ပေါင်းသင်းဆက်ဆံခြင်း ပြုလုပ်ဖို့ ရှောင်ရှားခံရသူ ဖြစ်ပါတယ်…


နောက် တစ်ဦးကတော့ သူနဲ့ ဆန့်ကျင်စွာဘဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသူ၊ လူမှုအသိုင်းအ၀ိုင်းမှာ နေရာ ၀င်ဆန့်သူ၊ လူအများက လေးစားရသူ ဖြစ်ပါတယ်… ပျော်ရွှင်သာယာတဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်… တစ်မိသားစုတည်းက ဆင်းသက် လာတဲ့ ညီအစ်ကိုရင်း ဖြစ်ပြီး၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုတည်းမှာ ကြီးပြင်းလာကြသော်လည်း ယခုလိုဆန့်ကျင် ကွဲပြား လွန်းတဲ့ အနေအထားကြောင့် လူတွေက သူတို့ညီအစ်ကို နှစ်ယောက် အကြောင်းကို အလွန်ဘဲ စိတ်ဝင်စားကြပါတယ်..

ဒါကြောင့်မို့ အရက်သမားဖြစ်နေတဲ့ အစ်ကို ဖြစ်သူထံ သွားရောက်ကြပြီး
"ခင်ဗျား ဘာကြောင့်မို့ ခုလို မူးယစ်ဆေးဝါးသုံးစွဲပြီး ၊ အရက် သမား ဖြစ်ရတာလဲ.. ကိုယ့်မိသားစုအပေါ်မှာ မကြင်နာဘဲ ဘာကြောင့်များ ညှင်းပန်းနှိပ်စက် ရတာလဲဗျာ.. ခင်ဗျားကို ဒီလို ဖြစ်အောင် ဘယ်လို အရာတွေကများ တွန်းအားပေးလို့လဲ " လို့ မေးခွန်း မေးကြပါတယ်.. ဒီတော့ အရက်သမားက ပြန်ဖြေတယ် “ကျွန်တော့်အဖေကြောင့် ခုလိုဖြစ်တာ ” ပါ လို့ပြန်ဖြေပါတယ်...
“ခင်ဗျားအဖေက ဘာများဖြစ်လို့လဲ ” မေးတော့ “ကျွန်တော့်အဖေလဲ ကျွန်တော့်လိုပဲ ငယ်စဉ်ကတည်းက မူးယစ်ဆေးသုံးတယ်… အရက်သောက်တယ်.. မိသားစုကို နှိပ်စက်တယ်.. ကဲ.. ဒီတော့ ကျွန်တော်ကရော ဘာကောင်များ ဖြစ်လာဦးမှာလဲ.. အဖေရဲ့ အကျင့် စရိုက် အတိုင်းဘဲ လာမှာပေါ့.. ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်တော့မလဲ… ကျွန်တော့် အဖေ ကိုယ်တိုင်ကမှ မကောင်းတာ ” လို့ ပြန်ဖြေပါတယ်…

နောက်တစ်ကြိမ်မှာတော့ လူတွေက ချမ်းသာနေတဲ့ ညီဖြစ်သူထံ သွားရောက်ပြီး ခုလိုဘဲ မေးခွန်းများကို မေးပါတယ်.. “ ခင်ဗျားက စီးပွားရေးမှာလဲ အောင်မြင်တယ်.. အကျင့် သိက္ခာနဲ့လည်း ပြည့်စုံတယ်.. မိသားစုကိုလည်း ချစ်ခင် ကြင်နာတယ်… ဒီလိုဖြစ်ဖို့ ဘယ်လို အကြောင်း တရားတွေက ခင်ဗျားကို တွန်းအား ပေးခဲ့ပါသလဲ ” လို့မေးပါတယ်.. ဒီတော့ အဲဒီ ညီဖြစ်သူ က ပြန်ပြောပါတယ်.. “ ကျွန်တော် အခုလို ဖြစ်လာရတာ ကျွန်တော့် အဖေကြောင့်ပါဘဲ ” တဲ့….. “ကျွန်တော် ငယ်ငယ် ကလေးတည်းက ကျွန်တော့်အဖေဟာ အရက်သောက်တယ် ..မူးယစ် ဆေးဝါး သုံးတယ်… မိသားစုကို နှိပ်စက်တယ်… အဲဒီချိန် ကတည်းက အဖေ့ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ အခုလို အဖေလုပ်နေတဲ့ အမှားမျိုး ဘယ်တော့မှ ကျွန်တော် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ခဲ့တယ်..... သင်ခန်းစာယူခဲ့တယ်.. ” လို့ ပြန်ဖြေ လိုက်ပါတယ်။

အစ်ကိုဖြစ်သူကတော့ ဖခင်၏ အပြုအမူ အကျင့်စရိုက်သည် အတုခိုးစရာ ဟူ၍ ရှုမြင်လက်ခံပြီး၊ ငါ့အဖေလည်း ဒီလိုလုပ်ခဲ့တယ် ငါလည်း ဒီလိုလုပ်မှာပဲလို့ တွေးခဲ့သူဖြစ်ပြီး ညီဖြစ်သူမှာတော့ ဖခင် အပြုအမူသည် အတုခိုးရန်မဟုတ်၊ ရှောင်ကျဉ်ရန်သာ ဖြစ်တယ်လို့ နားလည်လက်ခံကာ မကောင်းတဲ့ အကျင့်စရိုက်ကို ရှောင်ကျဉ်ခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး ယခုကဲ့သို့ ကွဲပြား ခြားနားသော အခြေအနေ၊ အကျင့်စရိုက်များ ဖြစ်ပေါ်လာဖို့ ဖန်တီးလာခြင်းသည် အကြောင်းတရား ရင်းမြစ် တစ်ခုတည်းပေါ်တွင် အခြေခံ သော်လည်း နားလည်လက်ခံပုံ၊ ရှုမြင်သုံးသပ်ပုံ၊ သင်ခန်းစာယူပုံခြင်း ကွဲပြားတဲ့ အတွက် ကြီးပြင်းလာသောအချိန်တွင် ခြားနားသော ဘ၀ကိုယ်စီကို ပိုင်ဆိုင်ရခြင်းသာ ဖြစ်ပါတယ်။

(ညီအစ်ကို အရင်းခေါက်ခေါက် နှစ်ဦးတောင် အတွေးအခေါ် အမျှော်အမြင် တစ်ထပ်တည်း မကျနိုင်ခဲ့ရင် မိမိရဲ့ အယူအဆသည်လည်း လူတိုင်းက လက်ခံနိုင်ဖို့ ဆိုတာ ရာခိုင်နှုန်းနည်းလှသည် မဟုတ်ပါလား။ )

ချော(အစိမ်းရောင်လွင်ပြင်)




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်