ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, September 13, 2013

အနောက် နိုင်ငံကလူတွေ ကြောက်သော နှင့် 13 ဂဏန်းနှင့် သောကြာနေ့




ပြဿဒါး (သို့) Friday 13
------------------------------------
  အနောက်နိုင်ငံတွေကလူတွေသိပ်ကြောက်တဲ့နေ့ဟာ သောကြာနေ့ ၁၃ ရက် ဖြစ်ပါတယ်
နောက်ခံသမိုင်းတိတိပပမရှိသော်လည်း၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါအခုဆိုရင် အာရှမှာပါပျံနှံ့စွဲမြဲလို့လာခဲ့ပါပြ

၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး၎င်းကို ၁၃ ကြောက်ရောဂါTriskaidekaphobia လို့ ခေါ်ပါတယ်
သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့Friggatriskaidekaphobia လို့ ခေါ်ပါတယ်
ဘာလို့ကြောက်ကြသလဲဘာလို့ရှောင်ကြသလဲ?????သမိုင်းကြောင်းတွေရှိပါတယ်

၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်

၂။ ။ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး
သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်
Gamer တွေဆိုသိမှာပါ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် Krato ဟာ Loki ကို အခြေခံထားတာဖြစ်ပါတယ်


၃။ ။နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်

၎။ ။ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်

၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်

၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်
ပြင်သစ်ဘုရင် Philip IV ဟာ၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာအဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်

၇။ ။လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့
ဥပမာတွေကတော့

Charles Manson
Jack the Ripper
Jeffrey Dahmer
Theodore Bandy
Albert De Salvo စတဲ့ ဥရောပက ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး
နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့
Osmar Binladin ပါ

၈။ ။၁၈၀၀ ခုနှစ်လွန်တွေမှာ
အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်
၁၃ အစွဲကို မယုံတဲ့သူတွေပေါ့
သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်
၁၃ ယောက်အတူ dinner စားတယ်
စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့
အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်
Benjamin Harrison
Grover Cleveland
William Mckinley
Theodore Roosevelt
Chester A. Arthur တို့ပါ
သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး
ဒီအထဲက
သမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်


၉။ ။နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်
နာရီမှာဆို ၁၂ နာရီ
လမှာဆို ၁၂ လ
ဂရိနတ် ၁၂ ပါး
ယေရှူတပည့် ၁၂ ယောက်
မိုဟာမက် Imams ၁၂ ယောက်
ရာသီခွင် ၁၂ ခု
စသဖြင့်ပေါ့လေ
အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး
၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာ
တွေ့ရမှာဖြစ်ပါတယ်

၁၀။ ။လေကြောင်းသမိုင်းမှာလဲ၁၉၇၂ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာUruguayan Flight571 ပျက်ကျပြီး၂၉ ယောက် သေဆုံးပါတယ်တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ပါတယ်

၁၁။ ။စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ င်္နေ့ကို ပိုကြောက်ပါတယ်ဘာလို့လဲဆိုတော့ စတုတ္ထခရူးဆိတ် စစ်ပွဲကြီးဟာ၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီးသူတို့တွေရှုံးနိမ့်ခဲ့ကာ
တူရကီတွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်းပုဂံမင်းတစ်ပါးဖြစ်တဲ့ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ
အယူသည်းတာတွေကို မယုံတဲ့အနေနဲ့သူတတည်တဲ့ဘုရားကိုပြဿဒါးနေ့မှာ အုတ် စလုပ်
ပြဿဒါးနေ့မှာပဲ ပန္နက်ချပြဿဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့်တခုခုလုပ်တိုင်း ပြဿဒါးနေ့တွေမှာပဲ လုပ်ပါတယ်ဒါ့ကြောင့် ပြဿဒါးဘုရား လို့တွင်ပါတယ်
တိုက်ဆိုင်တာလားတော့မသိပါဘူးဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်ဒါတွေကတော့ ကျွန်တော်ဖတ်မိတာတွေကို ပြန်လည်တင်ဆက်လိုက်ရပါတယ်

အပေါ်မှာ တင်ပြခဲ့တဲ့ အချက်တွေ အစီအစဉ်မကျရင် ခွင့်လွှတ်ပေးပါ....

Have a Happy Friday 13th
Good Luck

ကိုဆေး


လေလွင့်နေတဲ့လူ  ပြန်လည်မျှဝေသည်။

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်