ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, September 17, 2013

မန်လည်ဆရာတော်ဘုရားကြီး ဥပမာ ပြသော..နေရာ နှင့် တန်ဖိုး


ကိုလိုနီခေတ်တုန်းက အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ ၊မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ၊ မန်လည်ဆရာတော်ဘုရားကြီးကို

မီးရထားလမ်းသစ် ဖောက်ရာမှာဖောက်လုပ်မယ့်မီးရထားလမ်းဟာ ကျောင်းဝင်းနဲ့မလွတ်တဲ့အတွက်ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို ရွှေ့ပေးဖို့
စေလိုကြောင်း လျှောက်ထား ပြောဆိုပါတယ်.

ဆရာတော်ကြီးက ဖယ်ပေးဖို့မဖြစ်နိုင်ဘူး လို့မိန့်တဲ့အခါ
အင်္ဂလိပ်အရာရှိက ၊ ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့အတွက်ပြောင်း ရွှေ့ပေးရမယ်လို့ ဆိုပါတယ် ။အဲဒီတော့ ဆရာတော်ဘုရားကြီးက ....

" တကာတော်ရဲ့ မိခင်က တကာတော်ရဲ့ ဖခင်ကို မချစ်မနှစ်သက်တော့လို့ ၊

တရုတ်ကို ယူလိုက်တယ် ဆိုပါစို့ ။

တကာတော့်မိခင်ဟာ တရုတ်ဖြစ်သွားပါသလား..... "

" မဖြစ်ပါဘူး ဆရာတော်

အမေကတော့ အမေပါပဲ ။ "

" ဒါဆိုရင် တရုတ်ကလည်း ဝက်သားစားလွန်းလို့ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့ရော ၊
တကာတော့်မိခင်ဟာ ကုလားဖြစ်သွားရောလား..... " ။

" မဖြစ်ပါဘူး ဆရာတော်

အမေကတော့ အမေပါပဲ ။ "

" အေး..... အဲဒီလိုပဲ ဒကာတော်.....

ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်.....

သာသနာ့ နယ်မြေဟာ သာသနာ့ နယ်မြေသာ ဖြစ်တယ် " ။

ကျောင်းကပြန်အဆင်းမှာ စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက ဆရာတော်ကြီးကို လျှောက်တယ် ။

" အရှင်ဘုရား..... ဒီအုတ်လှေကားထစ်တွေကိုလည်း အုတ်နဲ့လုပ်တာပါပဲ ၊

ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့လုပ်တာပါပဲ ။

ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့လုပ်တာပဲဖြစ်လို့ ၊

အုတ်နဲ့လုပ်ထားတဲ့ လှေကားထစ်တွေ အိမ်သာတွေကို ရှိခိုးကန်တော့ရင်ရော ၊

အတူတူပဲ မဟုတ်ဘူးလား ဘုရား ။ "

" အေး..... ဒကာတော်.... ဒကာတော့်မှာ အမေရှိလား "

" ရှိပါတယ် ဆရာတော် "

" အမ နှမတွေရော ရှိလား "

" ရှိပါတယ် ဆရာတော် "

" ဇနီးမယားရော ရှိလား "

" ရှိပါတယ် ဆရာတော် "

" အေး..... ဒါဆိုရင်..... အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ၊

ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ ..... အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား "

" အဲဒီလိုတော့ မရပါဘူး ဆရာတော် "

" အမေကို အမေလို.... အမကို အမလို..... နှမကို နှမလို.... သူ့နေရာနဲ့သူ ဆက်ဆံရပါတယ် "

" အေး..... အဲဒီလိုပါပဲ ဒကာတော် "

" အုတ်ချင်းတူပေမယ့် ဘုရားအုတ် သိမ်အုတ်နဲ့ ၊ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း ၊

သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ်ဒကာတော် " ။


မှတ်သားဖွယ်ဖို့ မျှဝေလိုက်ပါတယ်.

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်