ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, April 8, 2013

သိစေချင်တယ်



ဘာသားနဲ့ မှ ထုဆစ်ခဲ့ တာ မဟုတ်တော့ 
နာကျည်းချက်တွေက
အသွေးအသားအဖြစ်အရောင်ပြောင်းတက်ယုံကလွဲရင်
ငါ ရိုးရိုးလေး မျက်ရည် ကျခဲ့ တာ ၀န်ခံပါတယ်ချစ်သူ..............

ခပ်ပါးပါး နံရံတချက်နောက်ကွယ်မှာ
စစ်မှန်ခြင်းတွေရှိမနေတာကို
စောစောက ကြိုသိခွင့်ရမယ်ဆိုရင်......
ချစ်သူရေ....
တွယ်ဖက်ထားတဲ့  စိတ်
တိတ်တိတ်ကလေး ငါနေခဲ့ မှာပေါ့..............
 



နင်ပေးလိုက်တာကတော့ 
အမှတ်တမဲ့ တွေပေါ့......
ငါ့ရင်မှာ အမှတ်တရတွေအဖြစ် သောင်ထွန်းနေတာခက်တယ်......


ဘာဖြစ်ပါစေဆိုတဲ့  နာကျည်းစိတ်တော့မရှိဘူးပေါ့....
တနေ့ နင်ကြုံတွေ့လာရတဲ့  အခါ
ငါလို ပြုံးပြုံးကလေးနေနိုင်မလားဆိုတာ............
လမ်းကြုံရင်စောင့်ကြည့်နေချင်သေးတယ်........

အသဲကွဲတယ်ဆိုတာ....
အရက်တခွက်
ပန်းသီးတကိုက်
သီချင်းတပုဒ်ဟစ်ယုံလောက်နဲ့ တော့ 
လွယ်လွယ်ပျက်ဆီးတဲ့  အပေါစား အရာတစ်ခုမဟုတ်ဘူးလေ............

(ပုံရိပ်စစ်)



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်