ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, April 30, 2013

Fb အကောင့်လုံခြုံရေးနှင့်အကောင့်ကိုဘယ်လိုပြန်ယူမလဲ


Fb အကောင့်လုံခြုံစေရန်နှင့်Hack ခံရတဲ့အကောင့်ကိုဘယ်လိုပြန်ယူမလဲ


အကယ်၍သင့်ရဲ့Facebookကိုhackလုပ်ခံလိုက်ရပြီဆိုရင်တော့ အောက်ပါနည်းလမ်းများကိုအသုံးပြုပြီး ပြန်လည်ရယူဖို့ကြိုးစားဆောင်ရွက်ကြည့်နိုင်ပါတယ်



နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထား သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ အပြည့်အစုံ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။


Myanmar Consumer Guide



1 comment:

  1. ကျနော်ရဲ့ အကောင့်အဟောင်းကဖွင့်မရတော့လို့ ဘာဖြစ်သွားတာလဲတော့မသိဘူးးးဖုန်းနံပါတ်နဲ့ ဖွင့်ထားတာ...အကောက်အသစ်ထက်ဖွင့်တုန်းကလည်းဒီနံပါတ်ကိုသုံးထားတယ်...codeတောင်းတုန်းကပေါ့...အရင်ကအကောက်မှာကအ၀င်mailနေရာမှာသုံးတဲ့နံပါတ်ပေါ့...အခုကအဟောင်းဖွင့်ရင်အသစ်ပဲပေါ်ပေါ်လာတယ်...အကောင့်ကပူးတလိုဖြစ်နေတယ်...အခုကျနော်အကောင့်ဟောင်းရဲ့ wallထဲကိုအကောင့်သစ်နဲ့ သွားရှာကြည့်တာရှိနေတယ်...ဒါပေမဲ့အဟောင်းကိုပြန်လိုချင်နေတာလုပ်တာလဲမူးနေပြီးးးသိရင်ပြောပြပါလာကျေးဇူပြုပြီးးးး

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်