ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, May 15, 2013

ဘဏ် ဓါးပြမှု တစ်ခု မှရရှိသောသင်ခန်းစာ



မှတ်ဖွယ်သုတ (၁)

ကွမ်ကျိုးမြို့ အစိုးရဘဏ် ဓါးပြမှု တစ်ခုဖြစ်ပွါးသည်။ရုတ်တရက် ဝင်လာသော ဓါးပြများထဲမှ တစ်ယောက်က အော်လိုက်သည်။“တစ်ယောက်မှ မလှုပ်နဲ့၊ ပိုက်ဆံက နိုင်ငံတော်ကပိုင်တယ်..။ ခင်ဗျားတို့အသက်ကိုတော့ ခင်ဗျားတို့ဘဲ ပိုင်တယ်။”လူတွေအားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြမ်းပြင်ပေါ် လှဲလျောင်းသွားကြသည်။ဤသည်ကို “ရှုထောင့်အမြင်ပြောင်းလဲခြင်း” ဟုခေါ်ပါသည်။ ရှေးရိုးစွဲ စဉ်းစားပုံမှ ပြောင်းပြီး စဉ်းစားနည်းဖြစ်သည်။

မှတ်ဖွယ်သုတ (၂)

အမျိုးသမီးတစ်ယောက်က စားပွဲပေါ်တွင် မလုံ့တလုံ လှဲလျောင်းလိုက်သည်။ဓါးပြကသူမကို အော်လေသည်။ “ဒီမယ်အမိ၊ ယဉ်ကျေးမှု ရှိစမ်းပါ၊ ဒါ အဓမ္မ ကျင့်ဖို့ မဟုတ်ဘူး၊ ဓါးပြတိုက်ဖို့ လာတာ”
ဤသည်ကို “ပညာရှင် ပီသခြင်း” ဟုခေါ်သည်၊ မိမိကို လေ့ကျင့်ပေးထားခြင်းကိစ္စအပေါ်တွင်သာ အာရုံပြုပါ။

မှတ်ဖွယ်သုတ (၃)

ဓါးပြများ မိမိတို့စခန်းသို့ ပြန်ရောက်သောအခါ MBA ဘွဲ့ရ ခပ်ငယ်ငယ် ဓါးပြကမူလတန်းသာ အောင်ခဲ့သော ဓါးပြ အသက်ကြီးကြီးကို ပြောလေသည်.. “အကိုကြီး.. ကျွန်တော်တို့ ရလာတာတွေ ရေရအောင်”
ဓါးပြကြီးက ပြန်ပက်သည်.. “ငတုံး.. ငွေတွေ ဒီလောက်များတာ ဘယ်လိုလုပ် ရေမတုန်း..။ ညကျ တီဗီသတင်းမှာ လာမှ ငါတို့ ဘဏ်ကဘယ်လောက်ဖောက်ခဲ့သလဲ နားထောင်”
ဤသည်ကို “အတွေ့အကြုံက စကားပြောသည်” ဟုခေါ်သည်။ လက်ရှိခေတ်တွင် စာရွက်ပေါ်မှ အရည်အချင်းများထက် ပို၍ အရေးကြီးလေသည်။

မှတ်ဖွယ်သုတ (၄)

ဓါးပြများ ပြန်သွားသောအခါဘဏ်မန်နေဂျာမှသူ့လက်ထောက်ကိုရဲစခန်းသို့အမြန်ဆုံးဖုန်းဆက်ရန်
 ပြောလေသည်။ လက်ထောက်က “ခဏလေး.. ခဏလေး ဆရာ၊ ကျွန်တော်တို့ ငါးသန်းလောက် ဓါးပြတိုက်ခံတဲ့ စာရင်းထဲ ထပ်ပေါင်းလိုက်ရအောင်”
ဤသည်ကို “ရေစီးနှင့်အတူ ကူးခပ်ခြင်း” ဟုခေါ်သည်၊ နှစ်လိုဖွယ်မရှိသော အခြေအနေကို အခွင့်အလန်း အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

မှတ်ဖွယ်သုတ (၅)

လက်ထောက်က ပြောလိုက်သေးသည်.. “လတိုင်း ဓါးပြတိုက်ရင် ကောင်းမှာဘဲ”
ဤသည်ကို “ငြီငွေ့မှုကို ပယ်သတ်ခြင်း” ဟုခေါ်သည်၊ ပျော်ရွှင်မှုသည်သာ အရေးကြီးဆုံး ဖြစ်သည်။

မှတ်ဖွယ်သုတ (၆)

နောက်တစ်နေ့ တီဗီသတင်းလာသောအခါ ဘဏ်မှ ငွေသန်း၁၀၀ဓါးပြတိုက်ခံရကြောင်း ကြေငြာလေသည်။ ဓါးပြများမှာ အကြိမ်ကြမ်ရေတွက်သော်လည်း သူတို့ ရလာသည်မှာ သန်း ၂၀ သာ ရှိကြောင်းတွေ့ရလေသည်။ ဓါးပြများ လွန်စွာ ဒေါသထွက်ပြီး အထွန့်တက်ကြလေသည်..
“ငါတို့က အသက်တွေရင်းပြီး ဓါးပြတိုက်တာ သန်း ၂၀ ဘဲရတယ်၊ ခွေးမသား ဘဏ်မန်နေဂျာ သန်း ၈၀ ကို လက်ဖျောက်လေး တစ်ချက်အတီးနဲ့ ယူသွားတယ်၊ အင်း.. သူခိုးလုပ်ရတာထက် ပညာတတ်ဖြစ်ရတာ ပိုကောင်းဦးမယ်”
ဤသည်ကို “ပညာရွှေအိုး လူမခိုး” ဟူသတတ်…။

ကို Ye Myat Thu 
Passiontab.com



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်