ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, May 28, 2013

ဗိုင်းရပ်စ်(Virus)ဆိုသည်မှာ


ဗိုင်းရပ်စ်(Virus)ဆိုသည်မှာ

၁။Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program(သို့)fileတစ်ခုဖြစ်ပြီးကွန်ပျူတာတစ်ခုကနေ တစ်ခုကိုပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူ တွေမှာ Virus ကူးသလိုပဲပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System

ကိုပုံမှန်အလုပ်မလုပ်အောင်နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data
တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကိုဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ..
chrome.exe, system.bat , flashy.com (http://flashy.com/) စသဖြင့်ပေါ့.. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှသွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး...
ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည်မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...for wardE-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Fullsharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်းမသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ ..စသဖြင့်ပေါ့...ဗျာ

၂။Malware

Malwareဆိုတာအင်္ဂလိပ်စကား၂လုံးMaliciousSoftwareကိုပေါင်းစပ်ပြီးကွန်ပျူတာပညာရှင်တွေက
အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိMalware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ singlecomputer / server / computer network ထဲ ၀င်ပြီးကွန်ပျူတာSystemပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,spyware, dishonest adware, crimeware and other malicious and unwanted
software တွေပါဝင်လေ့ရှိပါတယ်..

၃။worm

wormဆိုတာကvirusနဲ့ဆင်တူအောင်ရေးထားကြတာပါပဲ..virusတစ်ခုရဲ့Subclassလို့လည်းခေါ်လို့ရပါတယ်... သူကတော့virusလိုလူကဖြန့်မှပျံ့တာမျိုးမဟုတ်ပဲသူပါသူComputernetworkထဲမှာရှိတဲ့အခြားကွန်ပျူတာတွေ
ကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလိုအယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memoryusage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run
ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းကအသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exeဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက
ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။Trojan horse

TrojanhorseကိုTrojanလို့လည်းခေါ်ပါတယ်..Trojanဆိုတဲ့မြင်းရုပ်ကြီးအကြောင်းငယ်ငယ်ကကမ္ဘာ့သမိုင်းမှာ
 သင်ဖူးကြမှာပေါ့..Triဇာတ်ကားလည်းကြည့်ဖူးကြမှာပါ...အဲဒိထဲကလိုပဲအလုပ်လုပ်တယ်လို့ပြောလို့ရပါတယ် ...  ပုံမှန်အားဖြင့် အသုံးဝင်တဲ့Software တွေမှာ ထည့်ထားတတ်ကြပါတယ်...ဥပမာပေါ့ဗျာ...Gameတစ်ခုကို
Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေကကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ် .. အဲဒီတော့ အဲဒိ Gameကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game
လို့ပြောရလိုဖြစ်နေတာပေါ့. .နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen
saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာ ပါ..သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့်ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ်
သတင်းပို့ပေးနေတယ်...Spyware တွေကများသောအားဖြင့်Webbrowser တွေကနေ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home pageကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေအမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problemsတွေများနေပြီ..အဲဒါတွေပြင်ချင်ရ င် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့်ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြားPorn Site တွေ အလိုလိုပွင့်လာမယ်စသဖြင့်ပေါ့ဗျာ...တစ်ချို့လူတွေကhttpcookie တွေကိုSpyware တွေလို့ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူးဒါပေမယ့်အဲဒိcookieထဲမှာSpywareကtrackလုပ်နိုင်တဲ့Data တွေပါလာတတ်တာ
ကြောင့်Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်


၆။Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) softwarepackage တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automaticပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware

Crimewareဆိုတာကတော့Spyware,Adware,Malwareအမျိုးအစားတွေထဲမှာပါပါတယ်..သူ့ရဲ့ရည်ရွယ်ချက်
ကတော့ financial crimeတွေအတွက်ရည်ရွယ်ပြီးရေးကြတာများ ပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီးသူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကိုခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာCrimeware အမျိုးအစားတွေပဲဖြစ်ပါတယ်. .



ဆရာမျိုးသူရ စာအုပ်မှ ကောက်နုတ်တင်ပြသည်။
http://2015kyawoo.weebly.com



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်