Wednesday, May 1, 2013
သိစေချင်တယ်
♥ သိစေချင်တယ်
ငါ့ရင်ဘတ် ထဲက အချစ်တွေကို
ပြောပြချင်ပါတယ်
မသိသေးတဲ့မင်းကို.ဒါပေမဲ့
ဆုံမှတ် မရှိနိုင်တဲ့
ပြိုင် မျဉ်းနှစ်ကြောင်းလို
ငါကတော့ မင်းအချစ်ကိုမျှော်လင့်နေဆဲ
မင်း..အချစ်ကတော့တပါးသူဆီမှာ..
ငါ့အတွက်မျှော် လင့်ချက်ဆိုတာ..ရေအိုင်ထဲကလရိပ် သာသာ
♥ ငိုကြွေးနေတယ်
ဟောဒီရင်ဘတ်ကြီးရဲ့..
ထောင့်တနေရာ မှာ..ကာလာမဲ့နှလုံးသားတစ်စုံဟာ
နာကျင်မှုတွေနဲ့အတူအထီးကျန်စွာ ငိုကြွေးနေတယ်..
ငါဟာ ခါးသီးမှုတွေကို ကော်ဖီတစ်ခွက်အဖြစ်ပြောင်းလဲလို့
မင်းဆီကနေချိုလွန်းတဲ့ အဆိပ်တစ်ခွက်ကိုလည်း
တောင့်တတတ်မိနေပြီ
ငါ့ဟာ မင်းနဲ့ပတ်သက်လာရင်..
အချစ်ကို..အရှုံးပေးရတဲ့..ဒသလိုလူတစ်ယောက်
♥ ဖြစ်နိုင်ရင်လေ
ထွက်ပြေးနေတဲ့….ငါ့မာနတွေကို ပြန်လည်ဖမ်းဆုပ်
တိတ်တိတ်လေးအိပ်ကပ်ထဲပြန်ထည့်လို့
တည်ငြိမ်တဲ့ စိတ်လေးဖြစ်အောင်စုစည်းပြီး
ကြေကွဲခြင်းတွေကြားထဲ…၀မ်းမြောက်စွာ
ငါကွ..လို့ကြွေးကြော်လိုက်ချင်တော့တယ်...
♥ ချစ်ရသူ♥ .....ရယ်...
Labels:
ကဗျာရနံ၊ခံစားချက်
Subscribe to:
Post Comments (Atom)
နောက်ဆုံးအပိုဒ်လေးကို
ReplyDeleteအရမ်းကိုကြိုက်တယ်
မိုက်
ReplyDelete