Monday, July 15, 2013
အချစ်တဲ့
တနေ့မှာ နိုးတ၀က် အိမ်မက် မက်နေဆဲ.အချိန်..
လူ လောက ကို ခြေ လှမ်း ချချိန် ကာလ..
တံခါးခေါက်သံ တချက်ကြားလိုက်တယ်..
နှလုံးသား ကို ဖွင့်ကြည့်တော့
သူကိုယ်သူ အချစ်လို့
ပြောလာသူ တစ်ယောက်..ကိုတွေ့ရတယ်
ရိုးသားတဲ့ ကျွန်တော်
လူတကာပြောနေတဲံ အချစ်ဆိုတာကြီးကို
မျက်ဝါး ထင်ထင် ဆုံတွေလိုက်ရတော့
.ရင်ခုန်သံတွေ့ ဆူညံလို့..
နှလုံးသား တခုလုံး မူးမိုက်သွားလေရဲ့
.ဖြူစင်တဲ့ အပြုံး နဲ့ယဉ်ကျေးစွာပဲ
.ရောက်ရှိလာတဲံ အချစ်..
နာကျင်မှု တွေ ထားခဲ့ မယ်မထင်လို့
နှလုံးသားဝယ် နားခိုခွင့်ပြုလိုက်တယ်..
အချစ်ဆိုတာ ဘာလဲ
ဦးနောက်က စဉ်းစားနေတုန်းမှာပဲ..
သူကနှလုံးသား တခုလုံးကို
အနိုင်ယူ လို့ သိမ်းပိုက်ခဲ့ပြီးလေ
ချစ်မိတော့လည်း
အချစ် ကို အချစ်လိုပဲမြင်
ဘာတွေ ဘယ်လိုပင် ရှိပါစေတော့...
အကောင်း အဆိုးကို မျက်စိစုံမှတ်..
အချစ် ဆိုတာ ကို ရင်ဝယ် ပိုက်ထွေး
နာကျင်မှု ဟာ..ကိုယ်အတွက်
သူပေးလိုက်တဲ့ ဆုလာဒ် တခုဆိုရင်..
ဝမ်းမြောက်စွာ လက်ခံရင်းး...
နှလုံးသားတခု လုံးပျက်သုန်းလို့.
ရင်ခွင်တခုလုံးပျောက်ဆုံးသွားပါစေ
သူ ကို ချစ်တဲ့ စိတ် ထာဝရ ရှင်သန်နေရင်းး
.ရှေ့သို့..ရှေ့သို့ ရှေ့ဆက် ..လို့......................
Zây Łïñ
Labels:
ကဗျာရနံ၊ခံစားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment