ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, July 9, 2013

သိပ္ပံနည်းကျ့ အာဟာရဓာတ်ပါဝင်နေသော..အစားအစာများ


သိပ္ပံနည်းကျ လေ့လာမှုတွေအရ အသက် ၉၀ နဲ့ အထက်အထိ အသက်ရှည်နေထိုင်နိုင်သူတွေဟာ
အောက်ပါ အစားအစာတွေကို များများစားလေ့ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အောက်ပါ အစားအစာ
တွေရဲ့ အာဟာရဓာတ်ပါဝင်မှုနဲ့ အသုံးဝင်ပုံတွေကို ရေးသားလိုက်ရပါတယ်။




(၁) အခွံမာသော အစေ့အဆန်များ


အခွံမာတဲ့ အစေ့အဆန်နဲ့ ကောက်နှံစာတွေကို စားတာ
ကြောင့်အမျှင်ဓာတ်ကို ပိုမိုရရှိစေပြီး စောစောသေဆုံးနိုင်ခြေ မဖြစ်အောင် ၂၂ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း ၂၀၁၁ ခုနှစ်
လေ့လာမှုအရ သိရပါတယ်။ အမျှင်ဓာတ်ဟာ ဆီးချိုရောဂါ၊
နှလုံးရောဂါ၊ ကင်ဆာရောဂါတချို့နဲ့ အ၀လွန်တာကို ကာ ကွယ်ပေးနိုင်ရုံသာမက သွေးတွင်းကိုလက်စထရော၊ သကြား ဓာတ်နဲ့ သွေးတိုးတာတို့ကို လျော့ကျစေတယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။



(၂) ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီးနှင့် ဟင်းရွက်သုပ်


ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပါတဲ့ အစာမှာ အာဟာရဓာတ်အများအပြား ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါး တာကြောင့် သက်ရှည်ကျန်းမာစေပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီးနဲ့ ဟင်းရွက်သုပ်တွေကို များများ စားတာကြောင့် အသက်ပို ရှည်စေတဲ့ အကျိုးကျေးဇူးကို ရှိစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။



(၃) ကြက်သွန်ဖြူ


လေ့လာမှုအရ ကြက်သွန်ဖြူမှာပါတဲ့ ဖိုင်တိုကမ်မီကယ်လ်
တွေဟာ လူ့ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေကို တစ်ဝက်နီးပါး လျော့ကျစေကြောင်း၊ ကြက်သွန်ဖြူများများ စားတဲ့ အမျိုးသမီးတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့ နည်းမှု ရှိကြောင်း သိရပါတယ်။




(၄) သံလွင်ဆီ


မိုနိုမပြည့်ဝဆီဖြစ်တဲ့ သံလွင်ဆီမှာ နှလုံးကျန်းမာရေးအကျိုးပြုပြီး အသက်ရှည်စေတဲ့ အကျိုးကျေးဇူးရှိပါတယ်။ လေ့လာမှုတွေအရ သံလွင်ဆီဟာ ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်မှု ရှိပြီး ကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့သံလွင်ဆီ ထမင်းစား ဇွန်း နှစ်ဇွန်းခန့် ဟင်းရွက်သုပ်ထဲ ထည့်စားပါ။



(၅) ထောပတ်သီး


အမေရိကန်ပြည်ထောင်စုရဲ့ လေ့လာမှုအရ ထောပတ်သီး ဟာ နှလုံး ကျန်းမာရေးကို ကောင်းမွန်စေကြောင်း သိရပါ တယ်။ ထောပတ်သီးဟာ မကောင်းတဲ့ ကိုလက်စထရော ကို လျော့ကျစေပြီး ကောင်းတဲ့ကို လက်စထရောကို မြင့် တက်စေတဲ့အပြင် နှလုံးကျန်းမာစေတဲ့ ဘီတာကယ် ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ်တို့စုပ်ယူမှုကိုလည်း အားကောင်းစေပါ တယ်။



(၆) ခရမ်းချဉ်သီး


ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ ကင်ဆာမဖြစ်
အောင် တွန်းလှန်ပေးနိုင်ကြောင်း အမေရိကန်ပြည်ထောင် စုလေ့လာမှုအရ သိရပါတယ်။ အနီရင့်ရောင် ခရမ်းချဉ်သီး
တွေကကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ခရမ်းချဉ်သီးကို ချက်စားတာ၊ စွပ်ပြုတ်အဖြစ်စားတာ၊ ဟင်းအနှစ် ရည်လို
ပြင်ဆင်စားတာတွေကြောင့် ခန္ဓာကိုယ်က ကင်ဆာတွန်း လှန်တဲ့ ကာရိုတီးနွိုက် စုပ်ယူမှု ကောင်းစေပါတယ်။



(၇) ဘယ်ရီသီးများ


စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ စပျစ်သီးတွေလို ဘယ် ရီသီးတွေမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်တာ
ကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပြီး အသက် အန္တ ရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်
ပေးနိုင်ပါတယ်။ ၂၀၁၂ ခုနှစ် ဟားဗတ်လေ့လာမှုအရ တစ်ပတ် မှာ ဘယ်ရီသီး နှစ်ခွက်ခန့် စားတာကြောင့် အသက်ကြီးချိန် မှာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းမှုအန္တရာယ်လျော့ကျ
စေကြောင်း သိရပါတယ်။



ကြယ်စင်

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်