ကျွန်တော်တို့ ဗမာတွေက ဓား ကို အတော် လေး မြတ်နိုးတတ်ကြတယ် ။ ငယ်ငယ်တုန်း က ဆို ရင် ... အိမ်က မိဘတွေ က "ယောကျာင်္းမှန်ရင် ဓားသွေးရမယ် ၊ မိန်းမမှန်ရင်သား(သားသမီး)ေ
အိမ်တွေ မှာ ဓားသွေး ကျောက် ၂ ခု စီ ရှိတတ်တယ် ။ တစ်ခုကတော့ တောင်ဦးကျောက် လို့ ခေါ်တဲ့ ကျောက်မာ ။ ကျောက်ကြမ်းပေါ့ ။ နောက်တစ်ခု ကတော့ နုံးကျောက် လို့ တဲ့ ကျောက်နု ။ ဓားကို မြန်မြန် ပြတ် လွယ်အောင် ထောင်သွေးရင် (ထောင်တိုက်ရင်) လူကြီးတွေ က ငေါက်လေ့ရှိတယ် ။
ဓားကို အပြားလိုက် ချရေ လေးတင် ပြီး ကျာက်ကြမ်းမှာ အားလေးထည့်ပြီး အရင်သွေးရတယ် ။ ဓားက "မြိ" (ပြတ်စပြု) လာပြီဆိုမှ ကျောက်နုလေးပေါ် လက်လေး ၂ ချောင်နဲ့ ထောက်ပြီး စိတ်ရှည် လက်ရှည် သွေးရတယ် ။
အိမ်က အမေ တွေကလည်း ဓားလေး နည်းနည်း တုံးပြီ ဆိုတာနဲ့ ..." ယောကျာင်္းလေးတွေ ရှိပြီး ...မုဆိုးမဓား ကျနေတာ ပဲ ...အီးလှီးလို့သွေးမထွက်ဘူး
ဗမာ အိမ်တွေ မှာ ဓားကို ပုံသဏ္ဍန် အမျိုးမျိုး နဲ့ သုံးလေ့ရှိတယ် ။ အိမ် အတော်များများ မှာ ဓား ၉ မျိုးရှိ တတ် တယ် ။ အချောင်းရေ ကတော့ တစ်မျိုးကို တစ်ခု ထက်ပိုတာ တွေ ရှိတာပေါ့ ။
(၁) ကြက်သွန်လှီးဓား
ကြက်သွန်လှီးဓားဆိုပေမဲ့ လှီး ရ ဖြတ် ရတဲ့ ဟာ အတော်များများ အတွက်သုံးတယ် ။ ပုံထဲ က အတိုင်း ပဲ တစ်ထွာ သာသာ လောက်ပဲရှိတယ် ။ သရက်သီးပေါက်တာတို့ ၊ အရွက်စဉ်းတာတို့ ပါ ရအောင် ဓား ဗျက်နည်းနည်းကြီးထားတယ် ။ ဆိုင်တွေက ရောင်းတဲ့ ဓားတွေ လို ဗျက် မသေးဘူး ။ ပြီးတော့ ဆေးသားချိုတယ် ။ ဆေးသားချိုတယ်ဆိုတာ က ပန်းပဲဖိုတွေမှာ မီးသိပ် မပြင်းပဲ လုပ်ထားတာ ကိုပြောတာ ။ ဆေးသားချို တော့ ဓား က ပါးပေမဲ့ လိပ်တာတို့ ၊ ကောက်တာတို့ ပဲ ရှိတယ် .. ကျိုးခဲ ၊ ပဲ့ ခဲတယ် ။ မီးပြင်းပြင်း ပေးရင်ကျတော့ ဓား က ဆတ်တယ် ။
ပဲ့ လွယ် ၊ကျိုးလွယ်တယ် ။ သွေး ရင်လည်း မြန်မြန် ပြတ်လွယ်တယ် ။
(၂) ဟင်းကိုင်ဓား
မီးဖိုချောင်သုံး ဓား ပဲ ။ တစ်ထွာကျော်ကျော်လောက်ပဲရှိ
(၃) ဓားဦးချွန်
တစ်တောင် လောက်ရှိတယ် ။ ပုံထဲက အတိုင်းပဲ ။ ဓားကြီး မကိုင်နိုင်သေးတဲ့ ယောကျာင်္း လေး ခပ်ငယ်ငယ်တွေ သုံးတယ် ။ ခုတ်လို့ရတ် ၊ ထိုးလို့ရတယ် ၊ ပေါက်လို့ရတယ် ၊ တူးလို့ရတယ် ။ တောသွား ၊ တောလာ ဆိုရင် အသက် ၁၂ ၊ ၁၃ လောက်ထိ အဲဒီဓားလေး ခါးထိုးသွားတတ်တယ် ။
အိမ်မှာ ယောကျာင်္း လေး ၅ ယောက်ရှိရင် အဲလို ဓားဦးချွန် ၅ ချောင်းလောက်ရှိတတ်တယ် ။ ကိုယ့်ဓားကို သွေး ရတယ် ။
(၄) ဓားမြှောင်
ဆောင်ဓား အမျိုးစားပေါ့ ။ ဗမာ အဘိုးတွေ ကနေ မြေးတွေ ကို အမြတ်တနိုး အမွေ ပေးတတ်တဲ့ ဓား မျိုး ။ ထိုးလို့ ၊ ပေါက်လို့ပဲ ရတယ် ။ တစ်ဖက်သွား ၊ ၂ ဖက်သွား ။ ပြီးတော့ ဓား အိမ် တစ်ခု ဓားတစ်လက် ။ ဓားရိုး နဲ့ ဓားအိမ် တွဲ ပြီး ဖွင့်လိုက်မှ ဓား ၂ လက် ပြောင်းပြန် ထွက်လာတာမျိုးတွေလည်းရှိတယ်
(၅) ဓားမတို
တစ်တောင် နဲ့ တစ်မိုက်လောက်ရှိတယ် ။ ဝိတ် သိပ်မလေး ဘူး ။ ခုတ် ဓား ။
ဗမာ အမျိုးသမီးတွေ ထင်းခွေရာ ၊ ထင်းဖြတ်ရာ ၊ ဒါမှမဟုတ် တောထဲ တောင်ထဲသွားတဲ့ခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သုံးလေ့ရှိကြတယ် ။
(၆) ဓားမ
ဓားကြီး အမျိုးစား ။ ဝိတ် အတော်လေး လေးတယ် ။ အရွယ်ရောက်ပြီးသား ယောကျာင်္းသားတွေ သာ နိုင်နိုင် နင်းနင်း ကိုင်နိုင်ကြတယ် ။ လက် ၂ ဖက်နဲ့ အားရပါးရ စုံကိုင်ခုတ်ရတဲ့ ဓားမျိုး ။ ခုတ်အားလည်း ကောင်းတယ် ။သစ်ပင်လှဲ ရာ ၊ သစ်သားဖျင်းရာ ၊ ထင်းတုံးခွဲ ရာတွေမှာ တွေမှာ သုံးလေ့ရှိတယ် ။အရမ်းကြီးတဲ့ သစ်ငုတ်တွေဆိုရင်တော့၊ ပေါက်ဆိန်တို့ရဲတင်းတို့သုံးတာပေါ့။ဓားမနဲ့ထောင်ခြမ်းတယ်ဆိုတာအဲဒီဓားမျိုးပြောတာ
(၇) တချွန်းဓား
သူလည်း ဓားကြီး လို့ ပြောလို့ရတယ် ။ ဝိတ်စီးတယ် ။ ဒါပေမဲ့ သူက ဓားမလောက်မကြီးဘူး ။ ခုတ်လို့ပဲ ရတယ် ။ အလျားလည်း တိုတယ် ။ လွယ်လွယ် ကူကူ ခါးထိုးပြီးသွား ရမဲ့ နေရာတွေမှာသုံးတယ် ။ သစ်ပင်တက်ချိုင်တာတို့ ဘာတို့ ပေါ့ ။ ထန်းကိုင် ဓားလို့လည်းခေါ်တယ် ။
(၈) ဓားရှည်
ဓားတွေထဲမှာ အရှည်ဆုံးဓားပေါ့ ။ ငှက်ကြီးတောင်ထက်လည်းရှည်တယ
တောသွား တောလာ လုပ်ကြတဲ့ခါ ၊ ခရီးသွားတဲ့ခါ ... တူးရွန်းတစ်ဖက် ၊ ခက်ရင်း တစ်ဖက်ကို ထမ်း ။ ဓားရှည်ကို လက်က ကိုင် ၊ လေးခွ အိတ် ကို ပခုံးလွယ် ပြီး သွားလေ့ရှိကြတယ် ။ ကျီးတို့ ၊ ခိုတို့ ခြောက်စရာရှိရင် လေးခွ နဲ့ ခြောက်သလို ..အရေးကြုံလာတဲ့ခါ ရန်သူကိုအဝေး က တိုက်ခိုက်ဖို့လည်း သုံးတယ် ။ ဆူးခက် တွေ ဆူးပင်တွေ ခက်ရင်းနဲ့ ဖယ်ရှား ဖို့ သုံးသလို ...မလှမ်းမကမ်း ကပ်လာရင် ထိုးဖို့ ခက်ရင်းကိုသုံးကြတယ် ။ လုံးဝ အနီးကပ်လာပြီဆိုရင်တော့ ဓားရှည် နဲ့ ပိုင်းတယ် ။
(၉) ငှက်ကြီးတောင်
ငှက်ကြီးတောင် ကတော့ အတော်များများသိကြတယ် ။ စွယ်စုံရဓားပေါ့ ။ ရှေး အစဉ်အဆက် အမွေပေးတတ်တဲ့ ဓားမျိုး ။ ဓားခွေး တွေ ၊ ဓားရိုးတွေ ၊ ဓားအိမ်တွေ က အစ ကနုတ်လေးတွေ နဲ့ အိမ် နံရံတွေမှာ အမြတ်တနိုးချိတ်ထားတတ်ကြတဲ့
ငှက်ကြီးတောင် နဲ့ဓားရှည်ကတော့အိမ်နံရံတွေမှာချိတ်ထားလေ့ရှိကြတယ်။ဓားမြှောင်ကိုတော့အိပ်ယာဘေး
ခေါင်းအုံးအောက် စတဲ့ ကိုယ်နဲ့ အနီးဆုံးနေရာတွေမှာ ပဲထားလေ့ရှိတယ် ။ ကျန်တဲ့ ဓားတွေကတော့ ဓားပါးချပ် တွေ မှာ ထိုးထားလေ့ရှိတယ် ။ သုံးစရာရှိတဲ့ ချိန်မှာ ပါးချပ် က ဖြုတ်ပြီးသုံးတယ် ။ သွေးပြီးရင် ပါးချပ်မှာ ပြန်ထိုးထားတတ်ကြပါ တယ် ။
No comments:
Post a Comment