❤အချစ်သည်
အချစ်သည်....ပြုံးသောအခါ၌
အမြင့်ပျံငှက်တို့လေဟုန်စီးခြင်းနှင့်တူ၏
နူးညံစွာထိတွေ့နေရသောလေထု
ကျယ်ပြန့်သော မိုးကောင်းကင်၏လွတ်လပ်မှု
ပေါ့ပါးသွက်လက်သော လှုပ်ရှားခြင်းဖြင့်
ကျွန်ုပ်၏နှလုံးသားကို ညင်သာစွာ ပွတ်သပ်နေတတ်၏....။
❤အချစ်သည်.....စကားပြောသောအခါတို့၌
မျက်ဝန်းအစုံအား ရွန်းလဲ့ စေလျှက်
ပါးလွှာသောနှုတ်ခမ်းဖျားလေးဖြင့်
ပြုံးဝံ့ရစ်သန်း မပျက်ပယ်တမ်းသော
မျက်နှာအလှကိုပြ၍ ချိုမြိန်သော အသံကိုပြုတတ်၏။....
❤အချစ်သည်....ဝမ်းနည်းသောအခါမှာကား
တောင်စွယ်နှစ်ခုအကြားတွင် ကွယ်လုသောနေမင်း၏
တယောထိုးသံနှင့် တူပေသည်
တွန်းတိုက်မှုမရှိပဲ လဲပြိုတတ်သလို
ထိခိုက်မှုမရှိပဲလဲ ကွဲကြေနေတတ်ပြန်သည်....။
❤အချစ်သည်.... ထောင်ပေါင်းများစွာသောအကြောတို့အား၏
မျက်ရည်ဖြင့်ပြည့်စေလျက်
မျက်ဝန်းနက်တို့ကို အခါခါပုတ်ခတ်တတ်သေးသည်...
❤အချစ်သည်... သီချင်းတပုဒ်၏သံစဉ်ဖြစ်သလို
ကဗျာတပုဒ်၏ကာရန်လည်းဖြစ်သေး၏
အခါခပ်သိမ်းသောပျော်ရွှင်ခြင်းတို့၏ ဘုရင်ဖြစ်သလို
ဝမ်းနည်းခြင်းတို့၏ အရှင်သခင်လဲဖြစ်နေပြန်သည်....။
အချစ်သည်..ကြည်နှုးခြင်း ကြေကွဲခြင်းတို့ဖြင့်
အရာအားလုံးကို သိမ်းပိုက်တတ်သေးသည်..
No comments:
Post a Comment