အတွေးအခေါ် နှင့်အနုပညာ ပေါင်းစပ်ဖန်တီးထားသည့် အနုပညာလက်ရာ... ရုပ်ပုံလေးများ ဖြစ်ပါသည်၊
ရုပ်ပုံပေါင်း -10ပုံရှိပါသည်။။ အောက်မှာ ဆက်လက်ကြည့်ရှုပါ
Thursday, February 27, 2014
Sunday, February 23, 2014
ယောက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ
ရှေးတုန်းကလူကြီးတွေ ပြောတာကြားဖူးပါတယ်...မိန်းမ မာယာသဲကိုးဖြာ၊
ယောကျာင်္း မာယာ ..မကျည်းကိုးပင် လှုပ်ထက်ပင်များသေးသည် ဟူသတတ်၊ (မကျည်းပင် ကိုးပင်ကို လှုပ်သော်အခါကျလာသော မကျည်းရွက် ထက်ပင်များလွန်းသည်ဟု ဆိုလိုသည်
ဤမျှ လောက်များပြားလှသောမာယာများစွာကို ရေးသားလို့ပင်ကုန်နိုင်အုံးမည်မဟုတ်ပါ၊ယခု ဖော်ပြထားသည်ကတော့ ယောက်ျားလေး နှင့်မိန်းကလေးတို့၏အခြေခံကျသောမာယာတချို့ပင်ဖြစ်ပါသည်၊
ယောက်ျားလေးတို့၏ မာယာ (သို့ ) အပြုအမှု
၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။
မိန်းကလေး တို့၏ မာယာ (သို့ ) အပြုအမှု
၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း
http://www.zaylinthawtar1994.blogspot.com/
Saturday, February 22, 2014
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်တစ်ဦး၏အကြောင်း ဖြစ်ပါသည်၊သူသည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင်အံ့သြကြမည်ထင်ပါသည်။ထို့ထက်ပို၍သူသည်ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင်ပို၍အံ့အားသင့်ကြပေလိမ့်မည်။ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။မဟုတ်ပါ။ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော်မက္ခရာမင်းသားကြီးဖြစ်ပါသည်။
ရှေးဦးမြန်မာ့သိပ္ပံပညာရှင်မက္ခရာမင်းသားကြီးမက္ခရာမင်းသားကြီးသည်ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီးအခြားမင်းသားများကဲ့သို့နန်းတွင်းရေးကိုစိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန်ပညာရေးနယ်ပယ်တွင်သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။သူသည် ဆေးကျမ်း၊ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း(၂၃၄)ကျမ်းခန့်စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။နောက်ပိုင်းအနောက်တိုင်းသားများနန်းတွင်းသို့ဝင်ထွက်လာကြသောအခါထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီးအင်္ဂလိပ်စာသင်ယူရာမှတဆင့်သိပ္ပံပညာကိုစိတ်ဝင်စားလာသည်။သင်္ချာဘာသာရပ်ကိုကားအထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည်အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကိုမတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။ထို့ကြောင့်မင်းသားကြီးသည်မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာအစွမ်းကုန်ကြိုးပမ်းရန်စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။ထို့နောက်သူသည်အင်္ဂလိပ်ကုန်သည်ချားလိန်းထံမှ(Ree'sEncyclopedia)စွယ်စုံကျမ်းကြီးကိုဝယ်ယူရရှိခဲ့ရာအထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည်အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊စာပေ၊ဗဟုသုတများကိုAမှZအထိစုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာမင်းသားကြီးသည်ထိုကျမ်းကြီး၏အကျိုးအာနိသင်များကိုသိမြင်လာပြီး
မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန်ထိုကျမ်းကြီးမှအကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့်ချားလိန်း၏အကူအညီယူကာစတင်ဘာသာပြန်ဆိုပါသည်။သို့သော်ကျမ်းကြီးမှာအုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ
ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီးသူဘာသာပြန်ဆိုနေစဉ်အတောအတွင်း
မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန်အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့်မင်းသားကြီးသည်သူ့အားဆေးကုသပေးသော
ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သောအင်္ဂလိပ်အဘိဓာန်ကိုစတင်ဘာသာပြန်ဆိုပါသည်။နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါချားလိန်းနှင့်ပူးပေါင်းပြီးဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင်ပထမဆုံးသောအင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သောလိန်းမက္ခရာအဘိဓာန်ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကိုယခုမှရောက်ဖူးသည့်စာပေပညာရှင်မဟုတ်သောအင်္ဂလိပ်ကုန်သည်တစ်ဦးနှင့်အင်္ဂလိပ်စာနှင့်အဘိဓာန်ကိုယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည်မူလပြုစုသူ ဒေါက်တာဂျပ်ဆင်ကရှစ်နှစ်ကြာပြုစုခဲ့ရသောအဘိဓာန်ကိုငါးနှစ်နှင့်ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာအံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။ထိုခေတ်အခါကအင်းဝနေပြည်တော်ရောက်အနောက်တိုင်းသားများအလေးစားဆုံးပုဂ္ဂိုလ်မှာမက္ခရာမင်းသားကြီးဖြစ်ကြောင်း၎င်းတို့၏မှတ်တမ်းများအရသိရှိရပါသည်။မင်းသားကြီး၏စာကြည့်ဆောင်၌အပူအအေးတိုင်းသောသာမိုမီတာနှင့် လေဖိအားတိုင်းသောဘာရိုမီတာတို့ပင်ရှိပါသည်။
မင်းသားကြီးသည်ကမ္ဘာလုံးသည်ဟူသောအယူအဆကိုလက်ခံသူလည်းဖြစ်ပါသည်။မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း
ကောင်းစွာတတ်မြောက်ပြီးအနောက်တိုင်းနက္ခတ္တဗေဒနှင့်ပထ၀ီဝင်ကိုလည်း
လေ့လာလိုက်စားခဲ့ပါသည်။နောက်ဆုံးကံတော်ကုန်ချိန်အထိအနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။ထို့ပြင်ထိုခေတ်အခါကအာရှတိုက်မှဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာအသင်းဝင်ခွင့်ပြုသောဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည်မင်းတုန်းမင်းနန်းမတက်ခင်အသက်၅၇နှစ်အရွယ်၌ကံတော်ကုန်ခဲ့ပါသည်။အသက်၅၇နှစ်ဆိုသည်မှာအသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်ကပိုပြီးနှမြောဖို့ကောင်းပါသည်။သူပြုစုခဲ့သောအဘိဓာန်စာအုပ်မှာယခုထိမပျက်စီးဘဲကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်းဆိုပါသည်။တစ်အုပ်မှာအမေရိကန်ပြည်ထောင်စု၊၀ါရှင်တန်ဒီစီမြို့တော်၊ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီးကျန်တစ်အုပ်မှာ
မြန်မာနိုင်ငံ၊ရန်ကုန်မြို့၊အမျိုးသားစာကြည့်တိုက်တွင်ရှိကြောင်းသိရပါသည်။ထို့ကြောင့်မက္ခရာမင်းသားကြီးအားကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ်ကျွန်တော်အနေဖြင့်မှတ်တမ်းတင်ဂုဏ်ပြုတင်ပြလိုက်ရပါသည်။
အားလုံးကိုလေးစားစွာဖြင့်။
http://satekuupuyar.blogspot.com/2012/10/blog-post_9822.html
http://satekuupuyar.blogspot.com/2012/10/blog-post_9822.html
http://www.zaylinthawtar1994.blogspot.com/
စီးဆင်းနေသော ဧရာဝတီ ( ဖြစ်ရပ်မှန်)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးလက် အောက်ရှိ မြဝတီ
စာပေတိုက်မှ ထုတ်ဝေသော မြဝတီ မဂ္ဂဇင်းတွင်-ယခု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က
သိန်းစိန်ထွန်း ဟူသောကလောင် အမည်ဖြင့် -မင်းရန်အောင် စစ်ဆင်ရေးမှ တိုက်ပွဲဝင် စစ်သည်များကို ဂုဏ်ပြု ရေးသားခဲ့သော- စီးဆင်းနေသော ဧရာဝတီ
ဆင် နဲ့ ပတ်သက်သောစကားပုံများ
မြန်မာ့ စကားပုံများစွာရှိသည့်အနက်ယခုဖော်ပြမှာကဆင်နဲ့ပတ်သက်သောမြန်မာ့စကားပုံများပဲ ဖြစ်ပါသည်၊
၁။ဆင်ကိုလိုလျှင်မြီကိုချေး၊ကြွေးနဲ့နှိမ်
၂။ဆင်ကန်းတောတိုး။
၃။ဆင်ကောင်ကြီးအမြှီးကျမှတစ်
၎။ဆင်ကောင်ကြီးသလောက်မျက်ပေါက်သေး။
၅။ဆင်ကြီးဂဠုန်ချီ။
၆။ဆင်ကြံကြံ၊ဆင်ကြည့်ကြည့်။
၇။ဆင်ကြမ်းလှင်ကြုံး။လူကြမ်းလျှင်ဓုံး(ထိပ်တုံး)။
၈။ဆင်ကျီစားရာဆိတ်မခံသာ။
၉။ဆင်ကျင်ငယ်ရေပုရွတ်ဆိတ်ပင်လယ်မှတ်။
၁၀။ဆင်ခေါင်းခွေးမချီင်္နိုင်။
၁၁။ဆင်ချေးတစ်တုံး။ဆိတ်ချေးတစ်ရာ။
၁၂။ဆင်ခြေရာဘာမှတ်ဖိနပ်ဖြစ်သွားမယ်။
၁၃။ဆင်စီးပြီးအထီးမှန်း။အမမှန်းမသိ။
၁၄။ဆင်စွယ်မှန်ပိုးမစား။
၁၅။ဆင်ချည်သောကြိုးနှင့်ကြက်ချည်သော်မခိုင်။ကြက်ချည်သောကြိုးနှင့်ဆင်ချည်သော်မမြဲ။
၁၆။ဆင့်နားရွတ် ၀က်တပ်။ဝက်နားရွက် ကြွက်တပ်။
၁၇။ဆင်လျိုက်ရာမှာ ၀ါစဉ်မရွေးနိုင်။
၁၈။ဆင်သတ်အရပ်ဝေ။
၁၉။ဆင်အိုမှကိုယ့်နှမောင်း ကိုယ်ပြန်နင်းမိသလို။
၂၀။ဆင်သေကောင်ပေါ်လိုက်တဲ့ကျီး။
၂၁။ဆင်ပေါ်ကလူခွေးရူးမကြောက်။
၂၂။ဆင်ပေါ်ကလူခွေးဟောင်။
၂၃။ဆင်နင်းထားတဲ့သရက်သီးလို။
၂၄။ဆင်ပျောက်လျှင်စကာနဲ့ချ။
၂၅။ဆင်ဖြူတော့မှီကြံစုပ်။
၂၆။ဆင်ဖြူတော်ပြုတ်စားတယ်ဆို အိုးကိုချင့်ယုံ။
၂၇။ဆင်ဖြူတော်လှူပြီးအိုးကျမှနှမြောနေ။
၂၈။ဆင်နင်းထားတဲ့ယပ်တောင်လိုထူးပြီးပိုပြားမသွားနိုင်။
၂၉။ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့။
၃၀။ဆင်သေကိုဆိတ်ရေနဲ့ဖုံးလျှင်မရ။
၃၁။ဆင်အိပ်ရာဆိတ်ရေနဲ့ဖုံး။
၃၂။ဆင်ဟုတ်မဟုတ်နှာမောင်းသက်သေ
၃၃။ဆင်မှာတော့ကျင်ရည် ယင်မှာတော့ပင်လယ်မှတ်
၃၄။ဆင်ဗွေ မြင်းဗွေထက် နှုတ်ဗွေသာပြီးဆိုး။
၃၅။ဆင်တစ်ကောင်လုံးတွေ့နေမှဆင်ခြေရာရှာစရာမလို။
၃၆။ဆင်နင်းထားတဲ့သရက်သီးလို။
၃၇။ဆင်ပြဆန်တောင်း။ဆင်ပြကြံတောင်း။
၃၈။ဆင်သွားလမ်းဖြစ်။
၃၉။ဆင်ဝန်ကတော် ဆင်ကြောင့်ကြ။
၄၀။ဆင်တိုင်းမှာအမြုတေမရှိ။
၁။ဆင်ကိုလိုလျှင်မြီကိုချေး၊ကြွေးနဲ့နှိမ်
၂။ဆင်ကန်းတောတိုး။
၃။ဆင်ကောင်ကြီးအမြှီးကျမှတစ်
၎။ဆင်ကောင်ကြီးသလောက်မျက်ပေါက်သေး။
၅။ဆင်ကြီးဂဠုန်ချီ။
၆။ဆင်ကြံကြံ၊ဆင်ကြည့်ကြည့်။
၇။ဆင်ကြမ်းလှင်ကြုံး။လူကြမ်းလျှင်ဓုံး(ထိပ်တုံး)။
၈။ဆင်ကျီစားရာဆိတ်မခံသာ။
၉။ဆင်ကျင်ငယ်ရေပုရွတ်ဆိတ်ပင်လယ်မှတ်။
၁၀။ဆင်ခေါင်းခွေးမချီင်္နိုင်။
၁၁။ဆင်ချေးတစ်တုံး။ဆိတ်ချေးတစ်ရာ။
၁၂။ဆင်ခြေရာဘာမှတ်ဖိနပ်ဖြစ်သွားမယ်။
၁၃။ဆင်စီးပြီးအထီးမှန်း။အမမှန်းမသိ။
၁၄။ဆင်စွယ်မှန်ပိုးမစား။
၁၅။ဆင်ချည်သောကြိုးနှင့်ကြက်ချည်သော်မခိုင်။ကြက်ချည်သောကြိုးနှင့်ဆင်ချည်သော်မမြဲ။
၁၆။ဆင့်နားရွတ် ၀က်တပ်။ဝက်နားရွက် ကြွက်တပ်။
၁၇။ဆင်လျိုက်ရာမှာ ၀ါစဉ်မရွေးနိုင်။
၁၈။ဆင်သတ်အရပ်ဝေ။
၁၉။ဆင်အိုမှကိုယ့်နှမောင်း ကိုယ်ပြန်နင်းမိသလို။
၂၀။ဆင်သေကောင်ပေါ်လိုက်တဲ့ကျီး။
၂၁။ဆင်ပေါ်ကလူခွေးရူးမကြောက်။
၂၂။ဆင်ပေါ်ကလူခွေးဟောင်။
၂၃။ဆင်နင်းထားတဲ့သရက်သီးလို။
၂၄။ဆင်ပျောက်လျှင်စကာနဲ့ချ။
၂၅။ဆင်ဖြူတော့မှီကြံစုပ်။
၂၆။ဆင်ဖြူတော်ပြုတ်စားတယ်ဆို အိုးကိုချင့်ယုံ။
၂၇။ဆင်ဖြူတော်လှူပြီးအိုးကျမှနှမြောနေ။
၂၈။ဆင်နင်းထားတဲ့ယပ်တောင်လိုထူးပြီးပိုပြားမသွားနိုင်။
၂၉။ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့။
၃၀။ဆင်သေကိုဆိတ်ရေနဲ့ဖုံးလျှင်မရ။
၃၁။ဆင်အိပ်ရာဆိတ်ရေနဲ့ဖုံး။
၃၂။ဆင်ဟုတ်မဟုတ်နှာမောင်းသက်သေ
၃၃။ဆင်မှာတော့ကျင်ရည် ယင်မှာတော့ပင်လယ်မှတ်
၃၄။ဆင်ဗွေ မြင်းဗွေထက် နှုတ်ဗွေသာပြီးဆိုး။
၃၅။ဆင်တစ်ကောင်လုံးတွေ့နေမှဆင်ခြေရာရှာစရာမလို။
၃၆။ဆင်နင်းထားတဲ့သရက်သီးလို။
၃၇။ဆင်ပြဆန်တောင်း။ဆင်ပြကြံတောင်း။
၃၈။ဆင်သွားလမ်းဖြစ်။
၃၉။ဆင်ဝန်ကတော် ဆင်ကြောင့်ကြ။
၄၀။ဆင်တိုင်းမှာအမြုတေမရှိ။
http://www.zaylinthawtar1994.blogspot.com/
မြန်မာ↔အင်္ဂလိပ် ဒေရှင်နရီ
Search Box ထဲမှာ မိမိ သိလိုတာကို ရိုက်ထည့်ပါ၊
ဥပမာ - ကြောင် ဟုရိုက်ထည့်လျှင် Cat ဟု အဓိပ္ပါယ် နှင့်တကွ ကျလာမည်၊ Cat ဟု ရိုက်ပြီးရှာလျှင် ကြောင် ဟု အဓိပ္ပါယ် နှင့်တကွ ကျလာမည်
http://www.zaylinthawtar1994.blogspot.com/
လိမ်ပြောနေသလား..အကဲခတ်နည်း
လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ခံလိုက်ရမှန်းမသိလိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါတယ်။
ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။
1. Eye contact
လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်တဲ့ အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။
2. Forced smile
Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။ အရမ်း ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်းလှုပ်ရုံလေးရယ်တတ်ပါတယ်။သဘာဝအတိုင်းသာရယ်မယ်ဆိုရင်
Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အေင်ကို အမူအရာ ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါမှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။
3. Head & Eye direction
ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊ တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကိုကြည့်ရှုပါတယ်။
အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် အမှန်အတိုင်းပြောနေတာ
ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ တစ်ခုခု ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an upward directoin).ဒါကြောင့်ဒါကလိမ်ပြောတာ ဖြစ်ပါတယ်။ဘယ်သန်ဆိုရင်တော့ညာသန်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်။
အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့မရပါဘူး။များသောအားဖြင့် ဖြစ်နိုင်ချေကိုသီအိုရီထုတ်ယူထားခြင်း
ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။
ဒါကြောင့် လူတစ်ယောက် လိမ်ပြော မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြားသော Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။
Ref:ezinearticles.com
http://www.innewsmyanmar.com/
http://www.zaylinthawtar1994.blogspot.com/
စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ
အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကျန်းမာဖို့ရာအတွက်
အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ရှောင်သင်တဲ့ အစား အသောက်တွေကို
ရေးသားလိုက် ရပါတယ်။
1. စားသင့်တဲ့ အစားအစာများ (ဘာကြောင့် စားသင့်တာလဲ ) ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်.
ဥအမျိုးမျိုး
ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ် နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အ ကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။
ဗီတာမင်စီပါသော အစားအစာ
ဗီတာမင်စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ် ခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ် ကနေ သံဓာတ်စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်း ချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရက်ွတွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာသီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။
ငါး
တစ်ပတ်မှာ အနည်းဆုံး ငါး သုံး ကြိမ်စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့ လို အဆီများတဲ့ ငါးတွေမှာ မှတ်Óဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်ပါတယ်။
ထောပတ်သီး
ထောပတ်သီး၊ အခွံမာတဲ့ အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။
ဟင်းသီးဟင်းရွက်များ
ဗီတာမင်အေနဲ့ဘီတာကယ်ရိုတင်းအများအပြားပါဝင်တဲ့လိမ္မော်ရောင်နဲ့အဝါရောင်ရင့်ဟင်းသီးဟင်းရွက်တွေက
ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေသလိုမျက်စိအမြင်အာရုံကို ကောင်းမွန် စေတာကြောင့်သင်ခန်းစာတွေကို
ဖတ် ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။
အမျှင်ပါသော ကောက်နှံစာ
အခွံချွတ်မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ်အများအပြား ပါဝင်တာ ကြောင့် အူလှုပ်ရှားမှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေ ပါတယ်။ စိတ်ဖိစီးမှု တွန်းလှန်ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ် တည်ငြိမ်စေပြီး အရာရာကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင် တွေးခေါ်နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာတွေကို
လေ့လာမှတ်သားနေ ချိန်အတွင်း စွမ်းအင်တိုးစေပါတယ်။ ဗီတာမင်ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်အလွတ်ကို စားတာက အစာ ကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီးရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သင့်တော်ပါတယ်။
အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ
သွေးတွင်း သကြားဓာတ်ကို မြင့် တက်စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင်စားတဲ့အစာနဲ့ ရောပြီးအစာကြေ နှုန်းနှေးကာ သွေးကြောထဲ ရောက်ရှိနှုန်း လျော့နည်းသွား နိုင်ပါတယ်။
2. ရှောင်သင့်တဲ့ အစားအစာများ (ဘာကြောင့် ရှောင်သင့်တာလဲ ) ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်.
ကော်ဖီပြင်းပြင်း
တစ်နေ့တာအတွင်း ကော်ဖီအနည်းငယ် သောက်တာနဲ့ အိပ်ရာမဝင်ခင် အချိန် လေးနာရီအတွင်း ကော်ဖီ မသောက်ဘဲနေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်းကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန် အောင် လှုံ့ဆော်ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင် ယူခဲ့သမျှ မှတ်မိနေစေဖို့ ညဘက်မှာ နှစ် နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။
ဆီကြော်ထားသော အမြန်စာများ
ဆီကြော်ထားတဲ့ အမြန်စာထဲမှာပါတဲ့ ထရန့်စ်ဖတ်စ်တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေနိုင်ပါ တယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီပါဝင်မှု လွန်ကဲပြီး အာဟာရဓာတ် နည်းတာကြောင့် တစ်နေ့လုံး ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင်တွေကို ဦးနှောက်က အာ ရုံစူးစိုက်နိုင်ဖို့ မသုံးနိုင်တော့ဘဲ အစာ ချေ ဖျက်ဖို့အတွက် သုံးနေရတာကြောင့် လေ့ လာသင်ယူနိုင်စွမ်း လျော့ကျတတ်ပါတယ်။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health
http://thabawaarrin.blogspot.com/
http://www.zaylinthawtar1994.blogspot.com/
ဗိုက်သား ချပ်ရပ်လှပနေစေရန်
လူ အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။
အဆင့် (၁) လေ့ကျင့်ခန်း
-ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်း ပြင်ပေါ်လေးဖက်ထောက် အ နေအထားမျိုး နေပါ။ လက်နှစ်ဖက် အ ကွာအဝေးက ပခုံးတွေထက် အနည်း ငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့် ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့် ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန် နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။
-တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါး တွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချ ထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင် လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံး နဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါ မယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့် နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။
အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာ ပါတယ်။ ကော်တီစောဟော်မုန်း မြင့် တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။
အဆင့် (၃) အစားအစာ
ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ် ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရို တင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါ တယ်။ လိုက်နာသင့်တဲ့ အစာစားနည်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။
-အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာ ကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီး ဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက် ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေ ရှစ်ဖန်ခွက်ခန့် သောက်ပါ။
-အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ် ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေ လွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီ များများလည်း လောင်ကျွမ်းစေနိုင်ပါ တယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာ ဗိုက်ပြည့် နေစေပါတယ်။
-အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံ လွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေး ငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။
ကြယ်စင်
photo copy from google search
originally posted by Good Health
http://www.zaylinthawtar1994.blogspot.com/
Friday, February 21, 2014
ဝက်ခြံ ပျောက်ကင်းစေရန်
ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ
ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလိုအိုင်အိုဒင်းဓာတ်များတဲ့အစားအသောက်တွေကို ရှောင်သင့်ပါတယ်။တချို့သူတွေမှာ ချောကလက်
စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။
ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလိုအိုင်အိုဒင်းဓာတ်များတဲ့အစားအသောက်တွေကို ရှောင်သင့်ပါတယ်။တချို့သူတွေမှာ ချောကလက်
စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။
ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ
အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။
တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
ဝက်ခြံ အမာရွတ်တွေကြောင့် စိတ်ညစ်နေပါသလား။ မျက်နှာပေါ် ၀က်ခြံ အမာရွတ်တွေကြောင့် စိတ်ညစ်နေပါသလား။ မျက်နှာပေါ်က အမာရွတ်တွေကြောင့် အလှပျက်မှာ စိုးရိမ်နေသူတွေ အတွက် သဘာဝပစ္စည်းတွေနဲ့ အမာရွတ် လျော့ပါးစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။
ရေခဲကပ်ပါ။
ဝက်ခြံအဖုနဲ့ အမာရွတ်တွေ လျော့ပါးစေဖို့ ရေခဲကပ်ပေးပါ။ ရေခဲကပ်တာကြောင့် ၀က်ခြံဖု နီမြန်း ရောင်ရမ်းမှုနဲ့ အမာရွတ် ထင်တာတို့ကို သက်သာစေပါတယ်။ အအေးဒဏ်ကို မခံနိုင်ရင် ရေခဲတုံးကို သန့်စင်တဲ့ ပိတ်စနဲ့ ထုပ်ပြီး ၀က်ခြံအမာရွတ်တွေပေါ် ၁၅ မိနစ်ခန့် ပွတ်သပ်လိမ်းပေးနိုင်ပါတယ်။
အာလူး၊ သခွားသီးနှင့် ခရမ်းချဉ်သီး လိမ်းပါ။
အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါး လှီးပြီး ၀က်ခြံ အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ အတိုင်း ပွတ်သပ်ပေးပါ။ အဲဒီ အသီးအရည်တွေကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ ၁၅ မိနစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေးရင် ၀က်ခြံ အမာရွတ်တွေကို မှိန်ဖျော့သွားစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။
သံပရာရည် လိမ်းပါ။
ဝက်ခြံ အမာရွတ်တွေက အရောင်ရင့်တယ် ဆိုရင် သံပရာရည်ထဲမှာ ၀ါဂွမ်းစကို နှစ်ပြီး ၀က်ခြံ အမာရွတ်တွေ ပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာ ဖြစ်ပါတယ်။
ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ပါ။
မျက်နှာ အရေပြားကို ဆော်ဒါမှုန့်နဲ့ ကြေးချွတ် သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ၀က်ခြံ အမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန် နှစ်မိနစ်ခန့် ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြော သန့်စင်ပေးရမှာ ဖြစ်ပါတယ်။
သံလွင်ဆီ လိမ်းပါ။
သံလွင်ဆီက အသားအရေ၊ ဆံကေသာနဲ့ တစ်ကိုယ်လုံး ကျန်းမာရေး အတွက် တကယ် အသုံးဝင်ပါတယ်။ အစာထဲမှာ ထည့်သုံးရင် အရသာ ရှိစေရုံ သာမက အသားအရေရဲ့ လှပမှုကိုလည်း တိုးတက်စေပြီး အရေပြား နူးညံ့ ချောမွေ့စေပါတယ်။ သံလွင်ဆီ နှစ်စက်-သုံးစက်ခန့်ကို မျက်နှာပေါ် သုတ်လိမ်းပေးရင် ၀က်ခြံ အမာရွတ်ကို လျော့ပါးစေပါတယ်။
သခွားသီးဖြင့် ပေါင်းတင်ပါ။
သခွားသီးကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင်သလို သုတ်လိမ်းပေးပါ။ အရေပြား ရောင်ရမ်းမှုကို လျော့ကျစေရုံ သာမက အသားအရေကို ပြန်လည် လန်းဆန်းစေပြီး ၀က်ခြံ အမာရွတ်တွေကို လျော့ပါးစေပါတယ်။
ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။
ရှားစောင်းလက်ပပ်ကို ၀က်ခြံ အမာရွတ် ကုသရာမှာ အသုံးများပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားဟာ ၀က်ခြံအဖုကို သာမက အမာရွတ်ကိုပါ လျော့ပါးစေတဲ့ အနာကျက် ဂုဏ်သတ္တိ ရှိလို့ပါ။ ရှားစောင်း လက်ပပ် အနှစ်သား အရည်ကို ပုံမှန်လိမ်းပေးရင် ၀က်ခြံ အမာရွတ် တဖြည်းဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။
တရားထိုင်ပါ
အထက်ပါ နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။
Wednesday, February 19, 2014
Milla Hniang ၏ သီချင်း
နိုင်ငံခြားရောက် မြန်မာ့တိုင်းရင်းသူလေး Milla Hniang သီဆိုထားသော အင်္ဂလိပ်သီချင်းကောင်း ၃ ပုဒ်ဖြစ်ပါသည်၊
အသံချိုချိုလေးမို့ နားဆင်ရ နှစ်သက်ဖို့ကောင်းလှပါတယ်..သီချင်းနာမည်ကို နှိပ်ပြီး Download ပါ
1.-You're The Reason
2.-Home With You Tonight
3.-Gone
Facebook Log Outလုပ်ဖို့ မေ့ခဲ့လျှင်
အင်တာနက်ဆိုင်တွေဒါမှမဟုတ်တခြားကွန်ပျူတာတွေမှာကိုယ့်Facebookအကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။
Accountပါသွားရတဲ့အကြောင်းရင်းတွေထဲမှာဒီတစ်ချက်ကလည်းအဖြစ်များတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။
အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူတာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။
ရေနံချောင်းရှုခင်းပန်းချီ
Monday, February 17, 2014
Sunday, February 16, 2014
ဆိုတေး မင်္ဂလာပါ (Music Album 2014)
ဆိုတေး၏ 2014 ထွက် တေးစီးရီးအသစ်--(မင်္ဂလာပါ)
မီးအိမ်ရှင် တေးစီးရီးဖြင့်အောင်မြင်မှုရရှိခဲ့သာ တေးသံရှင်ဆိုတေး၏ တေးစီးရီးအသစ်
(မင်္ဂလာပါ Album) ကို အောက်မှာ Download ဆွဲယူ နားဆင်နိုင်ပါပြီ
၁။ မင်္ဂလာပါ
၂။ အဖြူရောင်အချစ်
၃။ ပြန်လာခဲ့ပါ
၎။ I Love You
၅။ အသစ်ကပြန်စချင်တယ်
၆။ မင်းတစ်ယောက်သာ
၇။ ပျော်သလိုနေတတ်တဲ့သူ
၈။ ရင်ခုန်လိုက်တိုင်း
၉။ ရေမြေခြား (feat. ဖြိုးကေ )
၁၀။ ယုံပါချစ်သူ
၁၁။ သွားခေါလေး
၁၂။ ရည်းစား
၁၃။ အသစ်တွေ့ခဲ့ရင်
အောက်က နှစ်သက်ရာ Link ကိုနှိပ်ပြီး Download ပါ
Music Album Download link 1 -Download
Music Album Download link 2 -Download
Music Album Download link 3 -Download
http://www.zaylinthawtar1994.blogspot.com/
Saturday, February 15, 2014
Shakira နှင့် Rihanna တွဲဖက်သီဆိုထားတဲ့သီချင်းအသစ်
နာမည်ကျော် လူကြိုက်များသည့် အဆိုတော် နှစ်ဦးဖြစ်သည့် Shakira နှင့် Rihanna (Feat) တွဲဖက် သီဆိုထားသော Cant Remember To Forget You ဟုအမည်ရသည့် 2014 ထွက် တေးသီချင်းကောင်း အသစ်တပုဒ် ဖြစ်ပါသည်
Cant Remember To Forget You - Mp3 Download ရန် ✔ ► ဒီနေရာကို ကလစ်ပါ ◄
အောက်မှာ YouTube Video ဆက်ကြည့်ပါ၊
✔ဆက်ကြည့်ရန်►
လေလွင့်နေတဲ့လူ
http://www.zaylinthawtar1994.blogspot.com/
Thursday, February 13, 2014
Wednesday, February 12, 2014
မြန်မာပြည်ရဲ့အကျော်ကြားဆုံးနေရာ ၁၀ခု
တစ်သက်မှာတစ်ခါတော့ ရောက်ဖူးသင့်တဲ့
မြန်မာပြည်ရဲ့ အကျော်ကြားဆုံးနေရာ ၁၀ခုဖြစ်ပါတယ်.
(၁) ရွှေတိဂုံ စေတီတော်
✔ဆက်ကြည့်ရန်►
(၁) ရွှေတိဂုံ စေတီတော်
✔ဆက်ကြည့်ရန်►
အချစ်ဆိုသည်..
❤အချစ်သည်
အချစ်သည်....ပြုံးသောအခါ၌
အမြင့်ပျံငှက်တို့လေဟုန်စီးခြင်းနှင့်တူ၏
နူးညံစွာထိတွေ့နေရသောလေထု
ကျယ်ပြန့်သော မိုးကောင်းကင်၏လွတ်လပ်မှု
ပေါ့ပါးသွက်လက်သော လှုပ်ရှားခြင်းဖြင့်
ကျွန်ုပ်၏နှလုံးသားကို ညင်သာစွာ ပွတ်သပ်နေတတ်၏....။
❤အချစ်သည်.....စကားပြောသောအခါတို့၌
မျက်ဝန်းအစုံအား ရွန်းလဲ့ စေလျှက်
ပါးလွှာသောနှုတ်ခမ်းဖျားလေးဖြင့်
ပြုံးဝံ့ရစ်သန်း မပျက်ပယ်တမ်းသော
မျက်နှာအလှကိုပြ၍ ချိုမြိန်သော အသံကိုပြုတတ်၏။....
❤အချစ်သည်....ဝမ်းနည်းသောအခါမှာကား
တောင်စွယ်နှစ်ခုအကြားတွင် ကွယ်လုသောနေမင်း၏
တယောထိုးသံနှင့် တူပေသည်
တွန်းတိုက်မှုမရှိပဲ လဲပြိုတတ်သလို
ထိခိုက်မှုမရှိပဲလဲ ကွဲကြေနေတတ်ပြန်သည်....။
❤အချစ်သည်.... ထောင်ပေါင်းများစွာသောအကြောတို့အား၏
မျက်ရည်ဖြင့်ပြည့်စေလျက်
မျက်ဝန်းနက်တို့ကို အခါခါပုတ်ခတ်တတ်သေးသည်...
❤အချစ်သည်... သီချင်းတပုဒ်၏သံစဉ်ဖြစ်သလို
ကဗျာတပုဒ်၏ကာရန်လည်းဖြစ်သေး၏
အခါခပ်သိမ်းသောပျော်ရွှင်ခြင်းတို့၏ ဘုရင်ဖြစ်သလို
ဝမ်းနည်းခြင်းတို့၏ အရှင်သခင်လဲဖြစ်နေပြန်သည်....။
အချစ်သည်..ကြည်နှုးခြင်း ကြေကွဲခြင်းတို့ဖြင့်
အရာအားလုံးကို သိမ်းပိုက်တတ်သေးသည်..
Tuesday, February 11, 2014
ဗမာနဲ့ဓား ( ဗမာ့ဓား အမျိုးအစားများ)
ကျွန်တော်တို့ ဗမာတွေက ဓား ကို အတော် လေး မြတ်နိုးတတ်ကြတယ် ။ ငယ်ငယ်တုန်း က ဆို ရင် ... အိမ်က မိဘတွေ က "ယောကျာင်္းမှန်ရင် ဓားသွေးရမယ် ၊ မိန်းမမှန်ရင်သား(သားသမီး)ေ
Monday, February 10, 2014
Stupid Cupid -အယ်ဘမ်
StupidCupid တေးအယ်ဘမ်..သီချင်းလေးတွေနားထောင်လို့ ကောင်းတယ်ဗျာ အောက်မှာDownloadဆွဲပါ
၀၁ – တယ်လီဖုန်း (Rဇာနည်+Bobby Soxer)
၀၂ – Don’t Go Away (Big Bag + Oopsie EYEs!)
၀၃ – မြစ်ဝှမ်းဇတ်ညွှန်း (J-Me + အိမ့်ချစ်)
၀၄ – စုံလင်သွားတဲ့ ချစ်သူများ (ညဏ်လင်းအောင် + ဟေမာနေ၀င်း)
၀၅ – ချစ်ခြင်းရဲ့ သီချင်း (စည်သူလွင် + သီရီဆွေ)
၀၆ – ညအလှပန်းချီ (J-Me + အိမ့်ချစ်)
၀၇ – ငါ့ရဲ့ Tatoo (Rဇာနည်+ သီရီဆွေ)
၀၈ – အဲ့ဒီနေ့က (ညဏ်လင်းအောင် + ဟေမာနေ၀င်း)
၀၉ – ကိုယ်ဖြစ်ကိုယ်ခံ (Big Bag + Oopsie EYEs!)
၁၀ – အချစ်ကခွင့်လွှတ်တယ် (စည်သူလွင် + သီရီဆွေ)
StupidCupid တေးအယ်ဘမ်.သီချင်းအကုန် ဒေါင်းရန် >> -'ဒီနေရာကို ကလစ်ပါ-
http://www.mediaonlinelibrary.com/
www.zaylinthawtar1994.blogspot.com
အေးဆေးပဲ- အောင်လ၊ဖော်ကာ၊ရေမွန်
၀၁ – ၀မ်းနည်းတတ်တဲ့ချစ်သူ
၀၂ – ငါ့ကြောင့်
၀၃ – အမေ
၀၄ – သေလို့ရတယ်
၀၅ – မမေ့ပါနဲ့
၀၆ – အေးဆေးပဲ
၀၇ – ငါ့ထက်သာ
၀၈ – နောက်ကျော
၀၉ – လာမတားနဲ့
၁၀ – ဒီအတိုင်း
၁၁ – ပြန်မိုက်မဲပြီ
အေးဆေးပဲ -သီချင်းအကုန်ဒေါင်းရန် :+ Download
http://www.mediaonlinelibrary.com/
Subscribe to:
Posts (Atom)
http://www.zaylinthawtar1994.blogspot.com/