ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, June 3, 2013

သိမှတ်ဖွယ်(25)ချက်



၁.ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂.မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး
မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃.မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎.သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့ မျက်ရည်ကျတော့
မယ်ဆိုရင် သူက သင့်ရဲ့ မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။


၅.ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့  နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကိုတယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆.ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမေ တွ့ဘူး။
ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာ ပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။

၇.မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့်မျက်ရည်စက်ကျချိန် မှာ ၅၃℃   သာကျန်တော့တယ်။

၈.ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့ မရဘူး။

၉.လူ့ဘ၀မှာပညာရေး၊စီးပွားရေး၊အချစ်ရေး၊အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီးလေးခုမှာပျမ်းမျှအောင်မှသာ
အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ ။ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀.ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။
ငါးလေးက ရေထဲမှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁.လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂.တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃.သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄.ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။

၁၅.ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆.ပျော်ရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။
   
၁၇.အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားကပါ။

၁၈.လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။ မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉.သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀.ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁.အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်း တဲ့ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂.လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃.အရှေ့ဘက်ကနေထွက်လို့အနောက်ဘက်ကို နေ၀င်သွားသလိုစိတ်ညစ်လဲတစ်ရက်ပျော်လဲတစ်ရက်ပေါ့။  တစ်ခုခုကို သင်ရင်ဆိုငိတဲ့အချိန်မှာသင်ရင် ဆိုင်နိုင်တဲ့ သတ္တိကမျှတနေမယ်ဆိုရင်သင်လဲပျော်မယ် စိတ်လဲချမ်းသာမယ်။

၂၄.သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံး ပါ သင်အတ္တကြီးနေမယ်ဆိုရင်
သင်ပိုင်ဆိုင်ထားတာတောင် ဆုံးရှုံးနိုင်ပါတယ်။

၂၅.အချစ်မှာလိုအပ်တာပွင့်လင်းမှု၊အချေအတင်ဖြစ်ပြီဆိုရင်ညှိုနှိုင်းရမယ်။စိတ်တိုတဲ့အချိန်မှာစိတ်ကို
အေးအေး ထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်