Wednesday, June 5, 2013
မှော်ဝင်ပြဇာတ်
အမှားး(1)
လောကကြီးက မှားတာမဟုတ်ဘူး..ငါ အမှန်ကို မမြင်နိုင်သေးလို့သာ..
အမှား(2)
တစုံတယောက်နဲ့ခင်မင်တယ်...ထာဝရလို့ထင်လိုက်မိတယ်
အမှား(3)
မဖြစ်နိုင် မှန်းသိတယ်..ဖြစ်နိုင်တယ်လို့ မျှော်လင့်တယ်...
အမှား(3)
နှလုံးသားကို ပျော်ရွှင်စရာ တွေ နဲ့ဖမ်းချုပ်ပြီး.နာကျင်မှုကို ခံစားစေတယ်
အမှား(4)
နာကျင်နေတဲ့ နှလုံးသား ကို အဲဒီ ပျော်ရွှင်မှုတွေ နဲံပဲကုစားခဲ့တယ်.
နာကျင်မှု(1)
သူစကားတခွန်းကြောင့်ကျတဲ့ငါ့မျက်ရည်...
နှလုံးသား တစ်ခုလုံးကို မုန်တိုင်းဖြစ်စေခဲ့တယ်
နာကျင်မှု(2)
သူရဲ့ဥပေက္ခာတရားက
ငါ့ရင်ဘတ်တစုံကို နာကျင်အောင်ရက်စက်လေတယ်..
နာကျင်မှု(3)
ကျွန်တော် ပြောတဲ့စကားမုသားလို့ထင်...သူအလွန်ပင် မုန်းသွားလေပြီလား..
သူဘ၀ မှာ ကျွန်တော် ဆိုတာ..တိမ်တိုက်တခုလို့....ပျောက်ကွယ် ရတော့မှာလား...
နာကျင်မှု(4)
သူကျွန်တော် ကို မုန်းတာ အပြစ်လား..မဟုတ်ပါ
ကျွန်တော် ကို ကျွန်တော် တောင် မုန်းနေမိပြီပဲလေ..
ဒီအဖြစ်တွေကို မှော်ဝင်ပြဇာတ် တခုဖြစ်ပါစေလို့လည်းတောင်းဆု မပြုချင်တော့ပါဘူးဗျာ
Zây Łïñ
Labels:
ကဗျာရနံ၊ခံစားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment