ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, June 22, 2013

ပျင်းရိခြင်းကို ၀ိင်္ရီယ နဲ့ပယ်သတ်ပါ



It is better is sit down than to stand;it is better to lie down than to sit, but death is the best of all.
                                                                   Indian Proverd
မတ်တပ်ရပ်နေသည်ထက်ထိုင်နေရသည်က ပိုကောင်းသေးသည်။
ထိုင်နေရသည်ထက် လဲလျောင်းနေရသည်က ပိုကောင်း၏
သေရသည်ကား အကောင်းဆုံးပေတည်း
                                                                  အိန္ဒိယစကားပုံ

ထက်မြတ်ထုးချွန်သော ပုဂ္ဂိုလ်ကျော်တို့သည် ၀ီရီယ စွမ်းအားဖြင့်ပျင်းရီခြင်းကိုတော်လှန်ခဲ့ကြသည်။

မဟာဂန္ဒာရုံဆရာတော်ကြီး အရင်ဇနကာဘိဝံသ ဆိုလျှင် ကျမ်းစာများပြုစုရာတွင် စာရေးစားပွဲခပ်မြင့်မြင့် လုပ်ထားပြီး စာရေးတော်မူသည် ဟု မှတ်သားဖူးသည်။

စစ်သူကြီး နပိုလီယန် သည် ကုလားထိုင်ကို နောက်ပြန်လှည်ထိုင်တတ်သည်။ နောက်မှီ ကို မှိထိုင်မိလျှင်
ပျင်းရိမှာ စိုးသောကြောင့်ဖြစ်သည်။

မစ္စတာ အက်ဒီဇင် သည်အသံဖမ်းစက်ကို တီထွင်ခဲစဉ်ချိန်ခါ က သုံးရက်သုံးည လုံးလုံး အခန်းထဲက မထွက်
ပဲနို့နှင့် ဘီစကွတ်မုန့် ကိုသာစားပြီး စမ်းသပ် ခဲ့လေသည်ကို ..ကျွန်တော် လေးစားစိတ်ဖြစ်မိသည်
မိမိ ကိုယ် ကို လည်း ညံလေခြင်းဟု စိတ်အားငယ်မိလေကာ...အားတစ်ခုလည်းဖြစ်စေသည်။

ပျင်းရိသူတိုသည် နောင်အခါတွင် ၀ီရီယ ကြီးသူတို့၏ခိုင်းဖက်ဖြစ်လာတတ်သည်မှာလက်တွေ့ဖြစ်ပေသည်။
ပျင်းရိခြင်းကို ၀ိင်္ရီယ နဲ့ပယ်သတ်ပါ



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်