Fortune knocks at every man”s door once in a life.
but in a good many cases the man is in a neighboring saloon and does not hear her.
( Mark Twain )
တစ်သက်တခါ ကောင်းကြမ္မာ တံခါးလာခေါက် စမြဲ
သို့သော်များသောအားဖြင့် လမ်းထိပ်က ဘုံဆိုင်ရောက်နေသောကြောင့် တံခါးခေါက်သံမကြားလိုက်မိချေ။
(ဟာသဥာဏ်၊ဇ၀န ဥာဏ် ထက်မြက်တော့ အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်း )
.....................................................................................................................................
”တစ်သက်တခါ ကောင်းကြမ္မာ တံခါးလာခေါက် စမြဲ“ ဆိုသည် လူသုံးများသည်စကားစုဖြစ်သည်။
ဆရာကြီး မာ့ခ်တွိန်း ၏ “လမ်းထိပ်က ဘုံဆိုင်ရောက်နေသောကြောင့် တံခါးခေါက်သံမကြားလိုက်မိချေ“
ဟူသည် စကားကြား မိချိန် ပြုံးမိလေသည်၊တဆက်တည်းတွေးလိုက် မိသည်
“သြော် ငါ့ဘ၀မှာကော ဘယ်လောက်များ တခါးခေါက်သံမကြားမိပါလိမ့်” ဟု
လမ်းထိပ်ကဘုံဆိုင်..ဆရာကြီးသည်.ဘုံဆိုင်ဟုသုံးနှုံးလိုက်သည်က ..အရက်သောက်မူးနေသည် တခုတည်းကိုဆိုလိုဟန်မရှိ၊..အပေါင်းအသင်းနှင့် ပျော်ပါးအချိန်ကုန်အောင်လုပ်နေသည်ကိုပြောခြင်းဖြစ်
မည်ဟု ယူဆမိသည်၊
“အခွင့်အရေးဆိုတာလူတိုင်းဆီကိုရောက်လာတာချည်းပဲ..ဒါပေမဲ့ရယူနိုင်အောင်အသင့်ပြင်မထားလေတော့
မယူနိုင်တာပါ၊တခါးခေါက် ပေမဲ့ဖွင့်မပေးနိုင်ဘူးပေါ့”မိတ်ဆွေတစ်ဦး၏စကားအလေးအနက်မှတ်သားမိသည်။
ဆရာကြီး ပီမိုးနင်းကလည်း ”အနာဂတ်တွင် အလုပ်လုပ်လို့မရ၊အတိတ်တွင်လည်း အလုပ်လုပ်လို့မရ၊ပစ္စုပ္ပန်
မှာသာအလုပ်လုပ်လို့ရသည်။ယခုလက်ရှိပစ္စုပ္ပန် အချိန်သည် အရေးကြီးဆုံးဖြစ်သည်” ဟုပြောခဲ့လေသည်။
ပစ္စုပ္ပန် ကို ကောင်းစွာ အသုံးချနေသူသည် တံခါးလာခေါက်မည် ကို အသင့်စောင့်နေသူ နှင့်တူလေသည်။
ပစ္စုပ္ပန် သာလျှင်အရေးကြီးသော အချိန်ဖြစ်လေသည့်အတွက် (လမ်းထိပ်ကဘုံဆိုင် (သို့).အလကား အချိန်ဖြူန်းနေဖို့ ) မသင့်ပါ။
လက်ရှိအချိန်ကို ကောင်းမွန်စွာအသုံးချရင်း..တခါးလာခေါက်သံကို နားစွင့်ကြပါစို့....
No comments:
Post a Comment