♥ သံသယတွေမကျန်အောင်လို.
ငါ့အတိတ်ကို အကုန်ဖွင့်ပြခဲ့တာ
ရလာဒ်က ပြောင်းပြန်ဖြစ်သွားတယ်။
♥ ခိုးပြီးငိုတဲ့သူကို
ငါကဘယ်လို ဗြောင်ချော့ရမှာလဲ
ငါလည်း ဘယ်လိုဖြေသိမ့်ရမှန်း မသိတော့ပါဘူးကွယ်။
♥ သတိမရတော့ဘူးလို. ငါမငြင်းပါဘူး
ဒါအတွက်လည်း မင်းကိုမနာကျင်စေချင်တော့ပါဘူးလေ။
♥ သားကောင်က
မုဆိုးကို သတိရတာမဟုတ်ပါဘူး
နာကျင်မှုကို မမေ့နိုင်တာပါ။
♥ တွန်.ဆုတ်ငါးက
အစာကိုမတပ်မက်တာမဟုတ်ပါဘူး
ငါးမျှားချိတ်မှာ မိဘူးလို.ပါ။
♥ မင်းဆီကို ၀ံ့ကြွားတဲ့ခြေလှမ်းနဲ.
လာခဲ့သူမှ မဟုတ်တာပဲ
ဖုန်တွေ သဲတွေ သွေးတွေနဲ.
တောင်ပံတွေဒရွတ်ဆွဲဝင်လာခဲ့တာပဲ
သေချာပြုစု စောင့်ရှောက်ပြီးမှ
ဒဏ်ရာရခဲ့ရကောင်းလားလို.
ဒေါမနဿဖြစ်နေရင်
ငါဘယ်လိုနေတတ်မှာလဲ။
♥ ပါးပြင်ပေါ်က အမာရွတ်လေးကို
ခဏခဏပွတ်သပ်နေသူ
အမာရွတ်ပေးခဲ့သူကို လွမ်းလို.လား
ချောမွေ.မှုကို ပြန်လိုချင်တာလား
အဖြေက ရှင်းရှင်းလေးပါကွယ်။
♥ သူ.ကိုတစ်ခါ သတိရတိုင်း
စိတ်ထဲက မင်းကို ငါးခါတောင်းပန်ခဲ့ပါတယ်
ဒါလည်း မင်းကို သတိရခြင်းတမျိုးမဟုတ်ဘူးလား။
♥ မင်းအတွက်နဲ.
ငါတန်ဖိုးအထားဆုံးတစ်ခုကိုတောင်
မေ့ပစ်နိုင်ဖို. ကြိုးစားနေပါတယ်လို.ပြောရင်
မင်းပိုငိုရမှာပါ။
♥ မင်းအတွက်နဲ.
ငါ့မှာနောက်ဆုံးကျန်တဲ့ သတိရခြင်းကိုတောင်
ငါမုန်းမိနေပြီလို. ပြောရင်
မင်းပိုကြေကွဲမှာပါ။
♥တစ်ခုတည်းသော ငါပြောနိုင်တာက
အသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.
အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်
ငါအားထုတ်နေတယ် ဆိုတာပါပဲ။
♥ အဖြစ်အပျက်တွေရဲ.အဆုံး
သစ္စာတရားကို မေးခွန်းထုတ်ကြည့်
မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူး
အပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူး
ကျီးပေါင်းတက်သစ်ပင်မှာလည်း
အသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာ
နည်းနည်းလေး ယုံပေးပါ။
♥ နင်လည်း ခိုးမငိုပါနဲ.တော.
ငါလည်း ခိုးသတိမရတော့ပါဘူး
နောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်ပြီး
ငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချ
အသစ်သောဘ၀ကို “စ” ရအောင်။................................
No comments:
Post a Comment