ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, December 26, 2013

နေ့စဉ် ကျန်းမာစွာနေထိုင်းခြင်းအခြေခံ အချက်တချို.

(၁) လက်ကို မကြာမကြာ ဆေးကြောပါ

မကြာမကြာ လက်ဆေးခြင်းဖြင့် လက်တွင် ကပ်နေမည့် ရောဂါပိုး များ ကင်းစင်သွား မည်ဖြစ်သကဲ့သို့ လက်မှ ဘက်တီးရီးယား များ ပါးစပ်ထဲ နှာခေါင်းထဲ ၀င်ရောက် မှာကိုလည်း ကာကွယ် ပြီးသား ဖြစ်သွားမည်။

(၂) သွားတိုက်လျှင် ခြေတစ်ချောင်းတည်း ရပ်တိုက်

ခန္ဓာကိုယ် မျှခြေထိန်းသည့် လေ့ကျင့်ခန်း ကို ခရီးသွား ဟန်လွဲ လုပ်နိုင်မည်။ ကိုယ် လက် လေ့ကျင့်ခန်း လုပ်ခြင်း တစ်မျိုးလည်း ဖြစ်သည်။

(၃) အချိုချင်း တူလျှင် သကြားလုံး အစား သစ်သီးကို စားပါ

ဓာတုသကြား များ ပါဝင်သောကြောင့် သကြားလုံး ချိုနေခြင်း ဖြစ်သည်။ သစ်သီးများ ချိုခြင်းမှာ သဘာဝ သကြားဓာတ် ပါဝင် သောကြောင့် ဖြစ်သည်။ သစ်သီး များသည် အမျှင်ဓာတ်လည်း ပေါကြွယ်ဝ သလို ဗီတာမင် ဓာတ်လည်း ပေါကြွယ်ဝ ကြသည်။

(၄) ချက်တတ် ပြုတ်တတ်အောင် လုပ်ပါ

ချက်တတ် ပြုတ်တတ် ခြင်းဖြင့် ကိုယ့် ကျန်းမာရေး အထောက် အကူပြု တာလေးများ ရွေးချက်စား လို့ရသည်။ အပြင်ထွက်ပြီး အဆီများများ အစား အစာများ စားမိခြင်း မှ ရှောင်နိုင်မည်။ ကိုယ်တိုင် ချက်တတ် ပြုတ်တတ် ခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည် စိတ်ချမှု လည်း တိုးလာမည် ဖြစ်သည်။

(၅)လမ်းများများလျှောက်ပါ

ကယ်လိုရီ ပိုမို လောင်ကျွမ်းစေသည် ၊ ခြေသလုံး ကြွက်သားများ ကျစ်လျစ် သန်မာ လာမည်။

(၇) ရေများများသောက်

လူ့ခန္ဓာကိုယ် တွင် ရေဓာတ် ပြည့်ဝနေခြင်း ၏ အကျိုး ကျေးဇူးမှာ များလှပါသည်။ ဆံပင် သန်စွမ်းခြင်း ၊ အရေပြား ကြည်စင် သန့်ရှင်း ခြင်းမှသည် စွမ်းအင် ပိုပြည့် နေခြင်း များထိ အကျိုး ပေးသည်။ ကိုယ်ရည်စစ် ချင်သူများ အနေဖြင့် အစားမစားမီ ရေသောက် ခြင်းဖြင့် လိုချင်သည့် ရလဒ်ကို ရနိုင်ကြောင်း လည်း ကိုယ်ကာယ ဆိုင်ရာ ကျွမ်းကျင် သူများက ပြောသည်။

(၈) ဖုန်း ၊ အင်တာနက် ၊Facebook ပိတ်ထားပါ

ကမ္ဘာကြီး နှင့် ခဏတစ်ဖြုတ် အဆက်ဖြတ် ထားခြင်းသည် စိတ်ကို အနားပေးခြင်း တစ်မျိုး ဖြစ်သည်။


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်