ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, October 28, 2013

စကားကြီး ဆယ်မျိုး - ရှင်းလင်းချက်

စကားကြီး ဆယ်မျိုး - ရှင်းလင်းချက်

မြန်မာစကားမှာ စကားကြီးဆယ်မျိုးရှိပါတယ်။ တနည်းအားဖြင့် စကားအရာ အင်္ဂါလေးတန် စကားဆယ်မျိုးပါဝင်တဲ့ စကားတစ်ခွန်းဟာ တစ်ခွန်းဆို ဆိုသလောက် အဓိပ္ပါယ်ပြည့်ဝ စေပါတယ်-


စကားကြီး ဆယ်မျိုးကတော့

(၁)ရေကူးညာတင်
(၂)ကောက်ပင်ရိတ်လှီ
(၃)ရေစီးဖောင်ဆန်
(၄)အိုးတန်ဆန်ခပ်
(၅)ဆီပွတ်ကျည်ပွေ့
(၆)ဆင်ဝှေ့ရန်ရှောင်
(၇)တောင်သူယာခုတ်၊
(၈)ကြက်ဆုတ်ခွပ်ပစ်
(၉) ရေစစ်ကရား
(၁၀)ခက်တင်မောင်းနင်း  ပြောနည်းတို့ပဲဖြစ်ပါတယ်....

(၁)။ရေကူးညာတင်ပြောနည်း

မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ် ညာဘက်မှစ၍ကူး မှသာ၊လိုရာသို့ ရောက် သ လို၊စကား ပြောသည့်အခါ လည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ပြောနည်းကိုခေါ်သည်။

(၂)။ကောက်ပင်ရိတ်လှီးပြောနည်း

စပါးရိတ်သည့်အခါတစ်နိုင်ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ပြီးမှအခြားလက်
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း တစ်ဘက်လူ၏စကားကို သိမ်း ကျုံးဖမ်းဆုတ်ပြီး အခြေအမြစ် ကိုင်၍ပြောနည်းကိုခေါ်သည်။

(၃)။ရေစီးဖောင်ဆန်ပြောနည်း

အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့် လိုရာခရီးရောက် သ ကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြ င်း ကိုခေါ်သည်။

(၄)။အိုးတန်ဆန်ခပ်ပြောနည်း

ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမ ယုတ် မ လွန်နှင့်လို ရာရောက်အောင် ပြောဆိုခြင်းကိုခေါ်သည်။

(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း

ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲထည့်၍ ကျည်ပွေ့ဖြင့်အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား ကို အောင်မြင်အောင် ပြောခြင်းကိုခေါ်သည်။

(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည်း

ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေး အန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ ပြောဆိုခြင်းကိုခေါ်သည်။

(၇)။တောင်သူယာခုတ်ပြောနည်း

တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကိုခုတ်လဲကြ သကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်း ကိုခေါ်သည်။

(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်

ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦး စွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

(၉)။ရေစစ်ကရားပြောနည်း


ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါ က ရေမ ထွက်နိုင် သ ကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ပြောခြင်း ကိုခေါ်သည်။

(၁၀)။ခက်တင်မောင်းနင်းပြောနည်း

တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသော စကားကိုခေါ် သည်။

http://www.zaylinthawtar1994.blogspot.com/

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်