ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, October 17, 2013

ဟစ်ဟော့ အဆိုတော် အမ်မီနမ်(Eminem ) အကြောင်း တစေ့တစောင်း


Eminem
Eminem လို့ အားလုံးသိကြတဲ့  အမေရိကန် သီချင်းရေးဆရာ ထုတ်လုပ်သူတစ်ဖြစ်လဲMarshall Bruce Mathers III ကို၁၉၇၂ အောက်တိုဘာလ ၁၇ ရက်နေ့ မှာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ ပါတယ် ။ မိခင်တစ်ဦးတည်းရဲ့  စောင့်ရှောက်မှုအောက်မှာနွမ်းပါးစွာ ကြီးပြင်းလာခဲ့ရတဲ့ Eminemရဲ့ ငယ်ဘဝ ကတော့ ချောမွေ့ခြင်းမရှိခဲ့ ပါဘူး။ မိခင်အလုပ်ရွှေ့ပြောင်းရာနောက်လိုက်ခဲ့ရင်း တစ်နှစ်ကို ကျောင်း၃ ကျောင်းလောက် ပြောင်းနေခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက မိမိတို့ ကို စွန့် ခွာသွားတဲ့ ဖခင်ကိုကြိမ်ဖန်များစွာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ ပေမယ့် ဖခင်ရဲ့ငြင်းဆန်မှုတွေကိုပဲ လက်ခံရရှိ ခဲ့ပါတယ်။ ကျောင်းမှာလည်း အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းရယ်လို့ မရှိခဲ့ ပဲ တခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုအောက်မှာကြီးပြင်းလာခဲ့ ရပါတယ်။

Eminem ဟာ အထက်တန်းကျောင်းကို Michigan ပြည်နယ်ရှိ Lincoln Highschool မှာ တက်ရောက်ခဲ့ ပါတယ်။
Grade9ကိုသုံးကြိမ်ရှုံးနိမ့်ခဲ့ပြီးတဲ့ နောက်မှာတော့ ကျောင်းကထွက်ခွါလာခဲ့ပါတယ်။စာမတော်တဲ့ကျောင်းသား
တစ်ယောက်ဖြစ်ပေမယ့်Eminemဟာ ဘာသာစကားကို အထူးစိတ်ဝင်စားပြီး Dictionary ကတဆင့် လေ့လာခဲ့ သူဖြစ်ပါတယ်။“ကျောင်းမှာ စာဘယ်လောက်ပဲညံ့ညံ့ အဆင့်ဘယ်လောက်ပဲနိမ့်နိမ့် ကျွန်တော်ကတော့စကားလုံးတွေနဲ့ ပတ်သက်ပြီးအမြဲလေ့ လာပါတယ်။စကားလုံးတွေကို သေချာလေ့ လာဖတ်ရှုပြီး လိုတဲ့ အချိန်မှာ ဆွဲထုတ်တာပေါ့လို့ ”နောင်အခါမှာ ပြောခဲ့ ပါတယ်။Hip-Hop ဆိုတာ လူမည်းတွေ
ကြီးစိုးနေတဲ့ ခေတ်မှာ လူဖြူ rapper ကောင်လေးတစ်ယောက်ရဲ့ဘဝဟာ သိမ်ငယ်ခဲ့ ရပါတယ်။ လူဖြူသူငယ်ချင်းတွေရဲ့ မကျေမနပ်အနိုင်ကျင့်မှုအောက်မှာမျက်လုံးပြာပြာနဲ့ ကောင်လေးဟာ Detroit မြို့ရဲ့ Rap Battle တွေကတစ်ဆင့် သူ့အစွမ်းအစကိုထုတ်ပြနိုင်ခဲ့ပါတယ်

။နောက်ဆုံးမှာတော့ Detroit မြို့ ရဲ့Underground လောကမှာ Respect ပေးခံရတဲ့ 
လူငယ်တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။မူလအစမှာတော့ M&M ဆိုတဲ့  နာမည်နဲ့  စတင်လှုပ်ရှား ခဲ့ ပေမယ့်နောက်ပိုင်းမှာတော့ Eminemရယ်လို့ တရားဝင်ပြောင်းလဲခဲ့ ပါတယ်။အဲဒီအစောပိုင်းကာလတွေမှာပဲ Eminem ဟာ အထက်တန်းကျောင်းကသူငယ်ချင်းဟောင်း Kim Ann Scott နဲ့ တွဲခဲ့ ပါတယ်။


Hai Lie Jade Scott
၁၉၉၅ မှာ Hai Lie Jade Scott လို့ ခေါ်တဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ ပါတယ်။၁၉၉၆ မှာ Eminem ဟာ သူ့ ရဲ့ပထမဦးဆုံးသော Album Infinite ကို
ထုတ်ဝေခဲ့ ပြီး ဒီ Album မှာ Eminemဟာ သူ့ ရဲ့Skills တွေကို
အစွမ်းကုန်ထုတ်ပြခဲ့ ပေမယ့် အောင်မြင်မှုပန်းတိုင်ကို မလျှောက်လှမ်းနိုင်ခဲ့ပါဘူး။
အခက်အခဲမျိုးစုံနဲ့ ကြိုးစားခဲ့ ပြီး နောက်၁ နှစ်အကြာမှာတော့ သူ့ရဲ့
The Slim Shady ဒီမိုသီချင်းကို DR.DRE က အာရုံစိုက်မိခဲ့ ပါတယ်။

Eminem ဆိုတဲ့ ကောင်လေးရဲ့ အကြိုက်ဆုံး N.W.A Rap Group ရဲ့ ဆရာကြီး DR.DREဟာ Eminem ကို အကဲခတ်ဖို့ Detroit မြို့ကို ရောက်ချလာခဲ့ ပါတယ်။Rap Battle တွေမှာ Eminemရဲ့အရည်အချင်းကို အကဲခတ်ပြီးတဲ့ နောက်မှာတော့ Eminem ကို လက်တွဲခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။ DR.DRE နဲ့ အတူ လက်တွဲပြီး ၂ နှစ်အကြာမှာ Eminemဟာ “ The Slim Shady LP” ဆိုတဲ့ တေးသီချင်းအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းဒီ အယ်လ်ဘမ်ဟာ Eminemအတွက် အောင်မြင်မှုတွေကို ယူဆောင်လာခဲ့ ပါတယ်။Eminem ဟာ သူ့ ရဲ့ဒုတိယ အယ်လ်ဘမ် “ The Marshall Mathers LP” ကို ၂၀၀၀ ခုနှစ် မေလမှာ ထုတ်ဝေခဲ့ ပါတယ်။

ဒီ တေးစုအယ်လ်ဘမ်ဟာကမ္ဘာတစ်ဝှမ်းမှာ ခွေပေါင်း ၁၉ သန်းကျော် ရောင်းချနိုင်ခဲ့ တဲ့ အပြင် ဂရမ်မီဆုတွေကိုလည်းသိမ်းကျုံးရယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် Eminem ဟာ ဒီအယ်လ်ဘမ်မှာလိင်တူဆန့်ကျင်ရေးအမြင်တွေနဲ့ အတူအစွန်းရောက်စကားလုံးတွေ များစွာထည့်သွင်းသီဆိုထားတာကြောင့် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ လည်း အများကြီး
ရင်ဆိုင်ခဲ့ ရပါတယ်။ နောက်ပိုင်းမှာ ဒီဝေဖန်မှုတွေကို ဖြေလျှော့ နိုင်ဖို့ အတွက် ဂေးတစ်ယောက်ဖြစ်တဲ့  Elton John နဲ့ အတူစင်မြင့်ထက်မှာ အတူတစ်ကွသီဆိုဖျော်ဖြေခဲ့ ပါတယ်။

၂၀၀၁ခုနှစ်မှာတော့Eminemဟာ သူ့ရဲ့ဇာတိမြို့Detroit မှသူငယ်ချင်းများနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပြီး“Devil’s Night” ဆိုတဲ့ အယ်လ်ဘမ်ကိုအကောင်ထည်ဖော်ခဲ့ ပါတယ်။ နောက်၁ နှစ်အကြာမှာတော့ “The Eminem Show”ဆိုတဲ့ အယ်လ်ဘမ်နဲ့ အတူ အောင်မြင်မှုသရဖူဆောင်းခဲ့ ပြန်ပါတယ်။ သူ့ ရဲ့နောက်အယ်လ်ဘမ်တစ်ခုဖြစ်တဲ့“Encore” ဆိုတဲ့ အယ်လ်ဘမ်ကတော့ သူ့ လောက်လူကြိုက် မများခဲ့ ပေမယ့်အယ်လ်ဘမ်ထဲက သီချင်းတွေဖြစ်တဲ့ ” Mocking Bird” “ Like Toy Soldiers”
စတဲ့ သီချင်းတွေကတော့ ပရိတ်သတ်အကြိုက်တွေ့ ခဲ့ ပါတယ်။ဒီအယ်လ်ဘမ်ထွက်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ Eminemဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ရှုပ်နေခဲ့ ပါတယ်။

ဇနီးဖြစ်သူ Kim နဲ့ မပြေလည်တဲ့ အိမ်ထောင်ရေးဘဝမှာ အိပ်ဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေက သူ့ ရဲ့အဖော်ဖြစ်လာခဲ့ ပါတယ်။၂၀၀၇ခုနှစ်မှာဒီဆေးတွေရဲ့ဆိုးကျိုးနဲ့သလုမြောပါးခံစားခဲ့ ရပြီး ဆေးရုံတက်ခဲ့ ရပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံကိုသာ နောက်ထပ်၂နာရီနောက်ကျပြီးမှ ရောက်သွားခဲ့ ရင် Eminem ဟာအသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာတော့ Eminem ဟာ လူသစ်စိတ်သစ်နဲ့ အတူ သီချင်းတွေဖက်ကို ပြန်ခြေဦးလှည့် လာခဲ့ ပါတယ်။၂၀၀၉ ခုနှစ်မှာ “Relapse” ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပြီး ၂၀၁၀ ခုနှစ်မှာ “ Recovery” ဆိုတဲ့ တေးအယ်လ်ဘမ်ကို
ပရိတ်သတ်ရှေ့ ကို ချပြနိုင်ခဲ့ ပါတယ်။ ဒီ အယ်လ်ဘမ်နဲ့ အတူ Eminem ဟာ “Best Rap Album”ဆိုတဲ့ ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။အနုပညာလမ်းတစ်လျှောက် Eminem ရရှိခဲ့တဲ့ ဆုတွေကတော့ စကာတင်စာရင်းဝင်ဆုပေါင်း ၃၀၀ ကျော်ရှိခဲ့ ပြီး ဆုပေါင်း ၂၀၀ ကျော်ကို
ဆွတ်ခူးနိုင်ခဲ့ ပါတယ်။သူရရှိခဲ့ တဲ့ ဆုတွေကို လေ့ လာချင်ရင် Eminem’s Awards တွင်ဝင်ရောက်လေ့ လာနိုင်ပါတယ်။

Eminem ရဲ့ ထုတ်ဝေပြီး Album တွေနဲ့ အတူ သူတို့ ရဲ့ လူကြိုက်များတဲ့ သီချင်းတွေကို အောက်မှာစာရင်းပြုစုထားပါတယ်။
Year Album Top Trucks
1996 Infinite Infinite , 313 , Never Far
1999 The Slim Shady LP Role model , Guilty Conscience
2000 Marshal Mathers LP The way I am , Stan
2002 The Eminem Show White America , Till I Collapse
2004 Encore Mosh , Yellow Brick Road
2006 Re-Up -
2009 Relapse Dejavu , Medicine Ball
2010 Recovery Not Afraid , No Love , Love the way U lie

Eminem ရဲ့ လက်ရွေးစင်သီချင်းစုစည်းထားတဲ့  Album တွေနဲ့ အခြားသော video albums တွေကို ဒီမှာ လေ့ လာနိုင်ပါတယ်..
Compilations > Music from and Inspired by the Motion Picture 8 Mile> Straight from the Lab > The Singles
> Curtain Call: The Hits
> Eminem Presents: The Re-Up
Extended plays > Steppin’ onto the Scene > Still in the Bassmint > Soul Intent
> The Slim Shady EP
> Hell: The Sequel
Video albums > The Up in Smoke Tour> E > All Access Europe
> Eminem Presents: The Anger
> Management Tour

အောက်က စာရင်းကတော့ Eminem ရဲ့ ဇာတ်ကားတွေ TV series တွေကို ပြုစုပေးထားတာ ဖြစ်ပါတယ်။
          
The New Breed                                                                                                         Da Hip Hop Witch


           
     Entourage                                                                                                            8 Mile


     
Funny People                                                                                         The Slim Shady Show


     
The Wish                                                                                                        Crank Yankers


The Art Of Rhyme




Eminem’s Tatoos

Rot In Pieces
(1) Rot in Pieces
ဒီ တက်တူးကတော့  သူ့ ရဲ့ ဇနီးဟောင်း Kim ရည်ညွှန်းဟန်ရှိပါတယ်။ Rot in Pieces ဆိုတဲ့ စာသားရဲ့ အပေါ်မှာ
အုတ်ဂူတစ်လုံးရဲ့ ပုံကိုပါ ရေးဆွဲထားပါတယ်။ Kimနဲ့  ပတ်သက်ပြီး Eminem
ခံစားခဲ့ ရတဲ့ စိတ်ဝေဒနာ တွေကို ဖော်ညွှန်းဟန်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။



D and 12
(2) D and 12
Eminem ရဲ့  ညာဖက်လက်မောင်းရှေ့မှာတော့D ဆိုတဲ့ စာလုံးကို တက်တူးထိုးထားပြီး
ဘယ်ဖက်မှာတော့ 12 ဆိုတဲ့ စာလုံးကို တွေ့ ရပါတယ်။ D ဆိုတဲ့ စာလုံးက သူ့ ဇာတိမြို့
“ Detroit” ဒါမှမ ဟုတ် D 12 ကို နှစ်ခုခွဲပြီး ဆွဲထားတာ ဖြစ်နိုင်ပါတယ်။




Hailie Jade
(3) Hailie Jade
Eminem ရဲ့  ညာဖက်လက်နောက်ပိုင်းမှာတော့  Hailie Jade ဆိုတဲ့ တက်တူးစာတန်းထိုးထားပါတယ်။
၁၉၉၅ ဒီဇင်ဘာ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့ တယ် သူ့ ရဲ့ ချစ်သမီးလေးကို
ချစ်မြတ်နိုးမှုအထိန်းအမှတ်အနေနဲ့ ရေးထိုးထားခြင်း ဖြစ်ပါတယ်။



Hailie Jade and Bonnie & Clycle
(4) Hailie Jade and Bonnie & Clycle
Eminem ရဲ့ ညာဖက်လက်မောင်းအပေါ်ပိုင်းမှာတော့ နှင်းဆီပန်းတွေ ဝန်းရံထားတဲ့ သူ့ ရဲ့ ချစ်သမီးလေးရဲ့ ရုပ်ပုံလွှာကို
တက်တူးထိုးထားပါတယ်။ ပုံရဲ့ အောက်မှာ The Slim Shady LP album ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ 
သူ့ သမီးလေးကို ရည်ညွှန်းထားတဲ့ Bonnie & Clycle ဆိုတဲ့ သီချင်းနာမည်ကို တက်တူးထိုးထားပါတယ်။
Eminem က သူ့ ရဲ့ ကိုယ်ပေါ်မှာ တက်တူးပေါင်း ၁၀ ခုကျော်လောက် ရေးထိုးထားတယ်လို့ သိရပါတယ်။
ကျန်တဲ့ တက်တူးတွေက အဲလောက်စိတ်ဝင်စားစရာမကောင်းလို့ ချန်ထားခဲ့ ပါတယ်။






Eminem’s Estates and houses

(1)South of 8 Mile Road, Detroit City Hailie Jade and Bonnie & Clycle

လောလောဆယ်မှာတော့ Eminem ငယ်စဉ်ကနေခဲ့ တဲ့ Detroit က အိမ်ကတော့ ဝယ်ယူမယ့်သူကိုစောင့်မျှော်နေဆဲဖြစ်ပါတယ်လို့  Michican Land Bank ရဲ့ Website မှာ ဖော်ပြထားပါတယ်။ အဲဒီအိမ်ကို လက်ရှိ Michican Land Bank က ပိုင်ဆိုင်ထားပါတယ်။ $ 3000 နဲ့ စတင်ရောင်းချထားတာဖြစ်ပြီး ဒီငွေကြေးဟာ အိမ်နဲ့ စာရင် များပြားလွန်းနေတယ်လို့ သုံးသပ်ထားသူတွေလဲ ရှိပါတယ်။







(2) Michican Mansion
Hailie Jade and Bonnie & Clycle
ဒါကတော့ လက်ရှိ Eminem နေထိုင်နေတဲ့ အိမ်ကြီးဖြစ်ပါတယ်။ ဒီအိမ်ကြီးကို ၂၀၀၃ ခုနှစ်မှာ $4,750,000 နဲ့ ဝယ်ယူခဲ့ တာဖြစ်ပါတယ်။ 5.6 ကျယ်ဝန်းပြီး တင်းနစ်ကွင်း၊ ရေကူးကန်နဲ့ ရေကန်တွေ ပါဝင်တာကိုလည်း တွေ့ ရပါတယ်။ ဒီအိမ်ကြီးကို ကြည့် ပြီးသူဘယ်လောက် ချမ်းသာနေ လဲ တွေးမိပါတယ်။

ဒီလောက်ဆိုရင် Eminem ရဲ့ အကြောင်းကို အကုန်အစင် မဟုတ်တောင်မှ ပြည့် စုံသလောက်နီးပါး တင်ပြနိုင်ခဲ့ တယ်လို့ ထင်ပါတယ်။
ငယ်စဉ်ဘဝက ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲခဲ့ ပေမယ့် သူဟာ ဒီနေ့ လိုဘဝမျိုးရောက်အောင် ကြိုးစားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အင်တာဗျူးတစ်ခုမှာ Eminem က
သူ့ ရဲ့ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ဘဝဟာ သူ့ အတွက်တော့ အိမ်မက်ဆိုးတစ်ခုပါပဲလို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒီလိုဘဝမျိုးကို
အမြဲမျှော်လင့်မိခဲ့ ပေမယ့် တကယ်တော့ဒါဟာ အိမ်မက်ဆိုးဖြစ်နေတာကို အခုသိလိုက်ရပါပြီလို့ ပြောကြားထားပါတယ်။ သူ့ သမီးလေးကတော့ သူ့ ဘဝမှာ
အကောင်းဆုံးအရာတစ်ခုပါလို့ လဲ ပြောကြားထားပါတယ်။ Eminem အနေနဲ့ ကတော့ လက်ရှိဘဝကို
အိမ်မက်ဆိုးလို့ ပြောထားပေမယ့်လဲ..ဒီလိုအိမ်မက်ဆိုးတော့ မက်ချင်သား…….. :)


http://www.myanmarallmusicchannel.org




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်