ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, October 6, 2013

ဆိတ်သားလဖ္ဘက်နှပ် ( ဟင်းချက်နည်း)



ဆိတ်သားလဖ္ဘက်နှပ်
အခု ချက်ပြမဲ့ဟင်းချက်နည်းလေးက လဖ္ဘက်အသားနဲ့ ဆိတ်သားဟင်း ချက်မှာဖြစ်ပါတယ်..

ကရင်လူမျိုးများချက်စားလေ့ရှိတဲ့ ပုံစံအတိုင်း ချက်ထားပါတယ်'စားကောင်းပါတယ်.။ ခပ်စပ်စပ်လေးနဲ့ အလွန်စားကောင်းတဲ့ ဟင်းတမည် ဖြစ်ပါတယ်.



ဒီဟင်းချက်နည်းလေးကို မိတ်ဆွေ ကရင် လူမျိုး တဦးဆီကနေ လေ့လာသင်ကြားထားတာပါ


ပါဝင်ပစ္စည်းများ

-ဆိတ်သား ၁ ကီလို(ကြိုက်နှစ်သက်ရာအသားသုံးနိုင်ပါတယ်)
-လဖ္ဘက် ၄ဇွန်း (စားပွဲတင်) ကျမက ချဉ်စပ်ကိုသုံးထားပါတယ်
-ဂျင်း ထောင်းပြီးသား ၃ဇွန်း
-စပါလင် ၁ချောင်း
-လေးညှင်း ၂ပွင့်၊ ဖာလာစေ့ ၃စေ့၊ ပျဉ်တော်သိမ် ၅ရွက်ခန့်၊ သစ်ကြားပိုးခေါက် ၁ခေါက်
-ကြက်သွန်ဖြူ နီထောင်းပြီးသား ၁၅၀ ဂရမ်
-ငရုတ်သီးစိမ်း၎တောင့် (ပါးပါးလှီး)
-အရောင်တင်၂ဇွန်း(စားပွဲတင်)
- curry powder ၃ဇွန်း(စားပွဲတင်) မရှိရင်မဆလာသုံးပါ။
-ငရုတ်သီးအကြမ်း ၁ဇွန်း(စားပွဲတင်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၃ဇွန်း(အချိုဇွန်း)
အားလုံးစုံပြီဆိုရင် ဆိတ်သားလေးများကိုအရွယ်တော်တုံး သန့်စင်ကာ ဆား၁ဇွန်း၊ ကြက်သားမှုန့်၁ဇွန်း၊ ဂျင်း၊ ဆနွမ်းမှုန့် အနဲငယ် တို့ဖြင့် အသားထဲစိမ့်ဝင်အောင် ဆုပ်နယ်ထားပါ။


075

ဆီပူတွင်ကြက်သွန်ထောင်းများကို ထဲ့ကာ ဆီသတ်ပါ။ ဆီသတ်နေစဉ် စပါလင် လေးညှင်း ၊ဖာလာစေ့၊ ပျဉ်တော်သိမ်၊ သစ်ကြားပိုးခေါက် နှင့် အရောင်တင်မှုန့်၊ curry powder ၊ငရုတ်သီးအကြမ်း စသည်တို့ကိုထဲ့မွှေပေးပါ။

076

အနံ့လဲမွှေးလာပြီး ကြက်သွန်များ ကျွတ်ခါစပြုရင် ဆိတ်သား နယ်ထားတာများနှင့် လဖ္ဘက်၊ ငရုတ်သီးစိမ်းပါးပါးလှီး များထဲ့ ဆား၊ ကြက်သားမှုန့် များပါထဲ့လုံးပါ။

078
079
081

စိတ်ရှည်ရှည်လုံးနေရင်းနဲ့ ဆီပြန်လာပါမယ်။ အဲဒီ အခါမှ အသားမြုတ်အောင် ရေထဲ့ မီးအေးအေးနဲ့ နှပ်ထားပေးပါ။ အသားနူးလာပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။

082
028

လဖ္ဘက်ကအညှီနံ့ကို ပျောက်စေပြီး အရသာကို ပိုကောင်းစေပါတယ်။ ထမင်းပူပူ နဲ့ ရှူးရှူးရှဲရှဲစားလို့အလွန်ကောင်းတဲ့ ကရင်ဟင်းတမျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်.

Danuphyu Daw Saw Yee (London)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်