ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, September 7, 2013

ကွန်ပျုတာသွက်လက်စေရန် (ဖိုင်များကိုစီမယ်၊ ရှင်းမယ်)


မိမိကွန်ပျူတာကို အမြဲကွန်ပျုတာသွက်လက်စေရန် လန်းနေအောင်ထိမ်းသိန်းမှုအခြေခံအပိုင်းလေးတွေပါ။ လုပ်ရမည့်အချက်တွေက Disk Cleanup,Check Now,Defragment,ထိုနောက် Run ဘောက်စ်တွင် recent, prefetch,temp, %temp% စာလုံးများကိုရိုက်ထည့်ပြီး ၎င်းဖိုလ်ဒါထဲက ဖိုင်များကို ရှင်းထုတ်လိုက်ရင်မိမိကွန်ပျူတာကို ပိုပြီးသွက်သွက်လက်လက်ရှိနေမှာဖြစ်ပါတယ်။

ဒါကတော့ ကွန်ပျူတာကိုင်တဲ့လူအများစုသိပြီးသားဖြစ်ပါတယ်။ သို့သော် တနေ့တခြားကွန်ပျူတာအ
သုံးပြုများပြားလာသည့်အတွက် မသိသေးသောပုဂ္ဂိုလ်များလဲမြောက်များစွာရှိနေမှာဖြစ်တယ်။ မသိ
သေးတဲ့အချို့သူငယ်ချင်းတွေကမေးမေးနေတာနဲ့ အလွယ်တကူလုပ်တတ်အောင်ဆိုပြီး
ရေးလိုက်တာ။ သိပြီးသောပုဂ္ဂိုလ်များအနေနဲ့ ဆောရီးပေါ့ဗျာ။ ဒါပေမယ့် မသိသေးသောပုဂ္ဂိုလ်များ
အတွက်တော့ အတိုင်းအတာတစ်ခုထိအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။

Delete files using Disk Cleanup
(Disk Cleanup ကိုအသုံးပြုပြီး မလိုအပ်သောဖိုင်များကိုဖျက်မယ်)

(၁) Start button ကိုနှိပ်၊ ပြီိးတော့ All Programs> Accessories> System Tools ကိုနှိပ်ပြီး Disk
Cleanup ဆက်နှိပ်ပါ။

(၂)
Disk Cleanup Options ပေါ်လာမည်။ မိမိ Cleanup လုပ်မည့် Drive ကိုရွေးပြီး OK


(ဒီနေရာမှာ Desktop ပေါ်က My Computer ကို Double Click နှိပ်ဖွင့်လိုက်ပြီးလျှင် Drive တစ်ခုခု
ပေါ်တွင် Right Click နှိပ်၊ Properties ကိုဆက်နှိပ်ရင်လဲ အထက် (၁) (၂)အချက်တွေထက်ပိုပြီး
လွယ်ကူမှုရှိပါတယ်)


(၃)
အောက်ပါပုံအတိုင်း Disk CleanUp ကိုနှိပ်။


ပြီးလျှင် အောက်ပါပုံအတိုင်း Disk CleanUp ရဲ့ Calculating လုပ်ဆောင်နေတာဖြစ်ပါတယ်။


(၄)
ဘောက်စ်တွင် ဖျက်ချင်တဲ့ဖိုင်များကို အမှန်ခြစ်ရွေးပြီး OK


(၅)
ဖျက်မယ့်ဖိုင်များကို confirm လုပ်ဖို့ဖြစ်ပါတယ်။ Delete file ကိုနှိပ်။


(၆)
မလိုအပ်တဲ့ဖိုင်များကို Disk Cleanup Utility ကို Cleaning လုပ်နေတာပါ။ Complete ဖြစ်သွား
ရင် အားလုံးပြီးပါပြီ။


(နောက်တစ်မျိုး)
Check Now ကို အသုံးပြုပြီး Bad Sector များကိုဖျက်မယ်၊ Automatic Scan
Fix လုပ်မယ်

(၁)
My Computer ကိုကလစ်နှစ်ချက်နှိပ်ပြီးဖွင့်ပါ။ ပြီးတော့ မိမိလုပ်ချင်တဲ့ Drive ပေါ်တွင် Right Click >
Properties ကိုနှိပ်။

(၂)
Drive Properties ဘောက်စ်ပေါ်လာလျှင် Menu > Tool အောက်က Check Now ကိုနှိပ်ပါ။

(၃)
Check Disk Option ဘောက်စ်ပေါ်လာလျှင် Automatically fix file system error နဲ့ Scan for and
attempt recovery of bad sectors နှစ်ခုတွင် bad sectors အတွက်သာလုပ်ချင်ရင် Scan for...ကို
သာ အမှန်ခြစ်ပြီး Start ကိုနှိပ်။ ခဏစောင့်။ ပြီးလျှင် OK


အေ အကယ်၍ Automatically fix ရော Scan for and...ပါ နှစ်ခုစလုံးစစ်ချင်တယ်ဆိုရင် အမှန်ခြစ်
နှစ်ခုစလုံးကို တစ်ခြစ်လိုက်ပါ။ ပြီးတော့ Start/ Schedule ဘောက်စ်ပေါလာရင် Ok ။ ထိုနောက်

ကွန်ပျူတာကို Restart ။ စက်ပြန်တက်လာလျှင် အော်တိုမက်တစ် စကန်စစ်နေတာတွေ့ရမှာဖြစ်
ပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာတတ်ပါတယ်။ စောင့်နေလိုက်ပါ။ အားလုံးပြီရင် စက်က အော်
တိုမက်တစ်ပြန်တက်လာပါလိမ့်မယ်။

(နောက်တစ်မျိုး)
Defragment နဲ့ ဖိုင်းများရှင်းခြင်း

(၁)
My Computer ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။ ပြီးတော့ မိမိစစ်ချင်တဲ့ Drive ပေါ်
တွင် Right Click > Properties ကိုနှိပ်ပါ။

(၂) Drive Properties ဘောက်စ်ပေါ်လာရင် Menu > Tool ကိုနှိပ်ပြီး ထိုနောက်
အောက်တွင် Defragment ကိုနှိပ်။


(၃)
Disk Defragmenter ဘောက်စ်ပေါ်လာမည်။

မိမိDefragment လုပ်ချင်တဲ့ Drive ကိုရွေးပြီး အောက်တွင် Analysis Disk ကိုနှိပ်ပြီး ခဏစောင့်ပါ။
ခဏကြာလျှင် ဘောက်စ်တစ်ခုထပ်ပေါ်လာမည် Defragment ကိုနှိပ်။ ဖိုင်များစစ်နေတာတွေ့ရပါလိမ့်မည်။
ဝင်းဒိုး 7 ဆို ၀င်းဒိုး XP ထက်ပိုမြန်ပါတယ်။ XP ကတော့ နည်းနည်းကြာမယ်။ ပြီးလျှင် Close ကိုနှိပ်ပါ။
အဲဒါဆို Defragment လုပ်ဆောင်တာပြီးသွားပါပြီ။

ပြီးတော့ အောက်ပါဖိုလ်ဒါထဲက ဖိုင်များကိုဖျက်ပေးပါ
Run ဘောက်စ်တွင် recent, prefetch,temp, %temp% စာချောင်းများကိုတစ်ခုချင်းဆီ
ရိုက်ထည့်ပြီး ၎င်းဖိုလ်ဒါထဲက ဖိုင်များကို အားလုံးရွေးပြီး shift+delete ပြီးတော့ Enter

(ဒီနေရာမှာ Delete ဖျက်တာနဲ့ Shift+Delete ဖျက်တာကွဲပြားပုံလေးကိုပြောချင်ပါတယ်။
Delete ဖျက်တာက ဖိုင်များကို Recycle Bin သို့ရောက်သွားပါတယ်။ Shift+Deleteဖျက်တာ
က Recycle Bin သို့မရောက်တော့ပဲနဲ့ဖိုင်များပျက်သွားပါတယ်)


အဆင်ပြေပါစေ...
ကို စောလင်းနက်စ်..ရေးသားထာသည်ကို..လေလွင့်နေတဲ့လူ ပြန်လည်မျှဝေသည်။

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်