ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, September 19, 2013

ပေါ့ အဆိုတော်မလေး တေလာဆွစ်နှင့်သူမ၏သီချင်းများ




ကျွန်တော် အရမ်းကြိုက်တဲ့ ပေါ့(စ်)အဆိုတော်မလေး တေလာဆွစ်.....အကြောင်းနည်းနည်းပြောချင်လို့ပါ
တေလာဆွစ် လို့ဆိုလိုက်တာတာ နဲ့ သူငယ်ချင်းတို့ စိတ်ထဲမှာ နုတ်ခမ်းနီနီ ၊ ရွှေရောင်ဆံပင် နဲ့ ချစ်စဖွယ်မိန်းကလေး တစ်ယောက် ပေါ်လာမှာ အမှန်ပါ။

သူမ ရဲ့အကြောင်းလေးစပြောရအောင်..

သူမရဲံနာမည်အပြည့်အစုံက = Taylor Alison Swift
မွေးခုနှစ်ကတော့       =December 13, 1989  




ဂီတနှင့်စတင်ထိတွေ့ခြင်း

ပေါ့(စ်) ကန်းထရီး စတိုင် သီချင်းအေးအေး လေးတွေသီဆိုလေ့ ရှိတဲ့ တေလာဆွစ် ဟာ....သူရဲ့ အဆိုတော်ဘ၀ကို ငယ်စဉ်အရွယ် အသက် 14 နှစ်ကာလာက စပြီး.Country ဂီတကို လေ့လာလိုက်စားရင်း အစပြု ခဲ့ပါတယ်..
ယနေ့ အချိန်ထိ ထွက်ရှိခဲ့သည့်တေးအမ်ဘမ် နှင့်အောင်မြင်သော သီချင်းတချို့

2006 ခုနှစ်မှာတော့ သူမရဲ့ ပထမဆုံးသော တေးအမ်ဘမ်   Fearless တေးအမ်ဘမ် ဖြန့်ချီခဲ့ပါတယ်..
Fearless တေးအမ်ဘမ်ထဲကအောင်မြင်သော သီချင်း =  Our Song // Country Musician

အထက်ပါ အမ်ဘမ် နဲ့ကမ္ဘာ့ဂီတပရိသတ်တွေက သူကိုအသိ အမှတ်ပြုခဲ့ ကြပြီး 2006 ခုနှစ် လစဉ်ဂီတ နံပါတ်တစ်နေ ရာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်

2008 ခုနှစ်မှာလည်း Fearless တေးအမ်ဘမ်

Fearless တေးအမ်ဘမ် ထဲကအောင်မြင်တဲ့သီချင်း = Love Story  // You belong with  me
အထက်ပါ သီချင်းတွေနဲ့အတူ Grammy Nominess  စာရင်းထဲကို အသက်ငယ် ငယ်နဲ့ ဝင်ရောက်နိုင်ခဲ့ပါတယ်..

2009 ခုနှစ်မှာFearless တေးအမ်ဘမ်နဲ့အတူ ရောင်းအားအမြင့်ဆုံးဆုကို ရရှိခဲ့ပြန်ပါတယ်.

2010 ခုနှစ်မှာ Speak Now တေးအမ်ဘမ်
အေ အာင်မြင်ဆုံး သီချင်းကတော့ Mean    ....Mean သီချင်းနဲ့အတူ  Grammy ဆုနှစ်ဆု ရရှိခဲ့ပြန်ပါတယ်

2012 ခုနှစ် Red တေးအမ်ဘမ်

တေးအမ်ဘမ် သုံးခွေ နဲ့ အတူ အောင်မြင်မှု အလီလီ ဆွတ်ခူးခဲ့ပြီ Country  ဂီတလောကကိုတုန်ခါစေခဲ့တဲ့.
အဆိုတော်မလေး တေလာဆွစ်ဟာ Red တေးအမ်ဘမ် ကိုစွန့်စားစွာ ထုတ်လုပ်ခဲ့ပါတယ်.

အဆိုပါ အမ်ဘမ်ထဲမှသီချင်းပုဒ်ရေကတော့ တေလာဆွစ် ကိုယ်တိုင်ရေး 9 ပုဒ် အားလုံးပေါင်း 16 ပုဒ်ပါဝင်ပါတယ် 

Red တေးအမ်ဘမ် ထဲအောင်မြင်သော သီချင်း = We Are Never Ever Getting Back Together // 22 //့ I Knew You Were Trouble

taylorswift ရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့တေးalbum.ပါ.အဲ့ထဲမှာကျွန်တော်ပိုကြိုက်တဲ့သီချင်းတွေက Rad/22.We Are Never Ever Getting Back Together|သူငယ်ချင်းတို့လည်း..နားထောင်ကြည့်နော် ( ZAY LIN)

http://cdn1.ouchpress.com/media/celebrities/149/taylor-swift-22083.jpg

နှစ်သက်ရာသီချင်းနာမည်ကိုကလစ်ပြီး ဒေါင်း ပါ

Taylor Swift  ရဲ့ ထူးခြားချက်တစ် ခုကတော့ မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့် လည်း Hollow Guitar ကို ပိုင်ပိုင်နိုင်နိုင်တီးခတ် နိုင်ပြီးတော့
Music - Taylor Swift Wallpaper

သီချင်းရေးတဲ့နေရာမှာလည်း သူ့ရဲ့ ရင်ထဲက ခံစားချက်အစစ်အမှန်တွေကို ဂီတသံစဉ် တွေအနေနဲ့ ပီပီပြင်ပြင် ပုံဖော်နိုင်ခြင်းပဲဖြစ်ပါတယ်။

သူမရခဲ့တဲ့ ဆုတွေအကြောင်းကို ပြောပြချင်ပါတယ်။
တေလာဆွစ်ရရှိခဲ့တဲ့ဆုများ

Nashville Songwriters Association  ကနေပေးတဲ့ အကောင်းဆုံး တေးရေးသမားဆု၊
Grammy  ဆု ၇ ဆု၊  Billboard Music Award  ဆု ၁၂ ဆု၊
American Music Award ဆု ၁၁ ဆု၊
Country Music Association Award ဆု  ၇ ဆု
Academy of Country Music Award   ဆု ၆ ဆု

သူမဟာ မိန်းက လေး လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် လည်း American Dollars 220 Millions အ ထိ ပိုင်ဆိုင်ထားတဲ့ Boss  တစ်ယောက်လည်းဖြစ် နေပြန်ပါတယ်။

တေလာဆွစ်ပါဝင်ခဲ့သော ဇာတ်ကားများ..

ကျွန်တော် ဇေလင်းကတော့တေလာဆွစ်ကိုသီချင်းပဲဆိုတယ်လို့ထင်တာ.တကယ်တော့သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေရှိပါတယ်.
Music - Taylor Swift Wallpaper
အဲံတာတွေကတော့
 ၂ဝဝ၉ ခုနှစ်က ထွက်ခဲ့တဲ့ CSI ဆို တဲ့ မှုခင်း  Action  ကား၊
၂ဝ၁၂ ခုနှစ်မှာထွက်ခဲ့တဲ့ Valentine’s Day ဆိုတဲ့ အချစ်ဟာသကား၊
၂ဝ၁၂ ခုနှစ်မှာထွက်ခဲ့တဲ့ The Lorax
၂ဝ၁၃ ခုနှစ်မှာထွက်ခဲ့တဲ့ New Girl ..ဆိုတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်..


 လေလွင့်နေတဲလူ




1 comment:

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်