ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, September 10, 2013

ကပ္ပိတိန် ဂျက်စပဲရိုး(Captain Jack Sparrow) ခေါင်းပေါ်က မြန်မာ့ ငါးပြားစေ့





Pirate of the Carribean
ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော်  ပင်လယ်ဓားပြကြီး ကပ္ပိတိန်ဂျက်စပဲရိုးCaptain Jack Sparrow  (Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့
သူ့ရဲ့အဆောင်လေးကိုလည်း မိတ်ဆွေတို့ သတိထားမိမှာပါ


အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက်Jack Sparrow's piece of eight လို့ခေါ်ပါတယ်
ဒဂါ င်္းလေးတစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီးဒဂါ င်္းလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့သူ့ရန်သူတွေဟာ အဲ့သည့်အဆောင်လေးကို မရမက လိုက်လုပါတယ်Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ်
ဒါပေမယ့် သူမရခဲ့ပါဘူးနောက်ဆုံးတော့ At World's End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa က ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီးရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ်
ဒါက piece of eight အကြောင်းပါ

စကားမစပ်!!!
မိတ်ဆွေတို့ သတိထားမိပါသလား
သေချာကြည့်ကြည့်ပါ
အဲ့သည့် ဒဂါ င်္းလေးဟာ
၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ



ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါဒါနဲ့ internet မှာရှာကြည့်ပါတယ်
Disney က ဘာပြောထားသလဲဆိုတော့ဒဂါ င်္းလေးက ထိုင်းက ရှေးဟောင်း ဒဂါ င်္လေးဖြစ်ပြီး
ပုတီးစိလေးတွေကတော့ မော်ရိုကိုကဖြစ်ပါတယ်တဲ့

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယား ဒဂါ င်္းတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ
သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ်ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ
ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးမြန်မာ့ငါးပြားမရှိတော့တဲ့အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်း
ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ


ကိုဆေး 


.လေ့လာရန်လင့် >> http://pirates.wikia.com/wiki/Jack_Sparrow%27s_piece_of_eight.


လေလွင့်နေတဲ့ လူ

1 comment:

  1. အင်း ငါးစီးရှင် ကျော်စွာမဟုတ်ပဲ
    ငါးပြားရှင် ဂျက် ပေါ့နော် :)

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်