ပညာရေးမှာ အဓိက ပလေယာ ၄ ဦးရှိပါတယ်။ ဒီပလေယာ၎ ဦး တဦးဦး ဖောက်ပြန်ရင် ပညာရေးဟာ ဘာတွေ ဘယ်လောက်ပြင်ပြင် ကျပြီးရင်း ကျနေမှာပါပဲ။
၁။ အစိုးရ
- ပညာရေးအပေါ် သုံးတဲ့အသုံးစရိတ် မတိုးသေးသရွေ့ ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည်ဟူသော ခံယူချက်အား အပေါ်ယံ ပြောပြီး နှစ်နှစ်ကာကာ မယုံသေးသရွေ့၊
- ကျောင်းသားအား မိမိတို့အာဏာ ကုလားထိုင်ကို ဖယ်ရှားမည့်သူဟု ခံယူထားသေးသရွေ့
- ကျောင်းသားကျောင်းသူအား ဈေးကွက်တခုပမာ သဘောထားနေသရွေ့၊
- လစာမလောက်သော အကြောင်းပြချက်ဖြင့် ဆရာ ဂုဏ် ပျက်ယွင်းနေသရွေ့
- ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် မိမိတို့အခန်းကဏ္ဍသည် အရေးအကြီးဆုံး ဆိုသောအချက်အား မေ့နေသရွေ့
- မိမိကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုနှင့် စေတနာ နည်းနေသရွေ့
- ဆရာ ဆရာ မတို့၏ တီထွင်ဖန်တီးမှု နည်းနေသရွေ့
- မိမိတို့ သားသမီး အောင်မြင်မှုရန် မသမာမှုပြုရန် စည်းကမ်း ဥပဒေပြင်ပမှ ဆောင်ရွက်ရန်ဝန်မလေးသရွေ့
- ငွေ အာဏာ အသုံးပြု လိုရာ ရရန် ဆောင်ရွက်ဖို့ ၀န်မလေးသရွေ့
- မိဘများ အစိုးရ ဆရာ ဆရာ မများနှင့် ပူးပေါင်းဆောင်ရွက်ရန် အားနည်းနေသရွေ့
- မိမိသားသမီး ပညာတတ်ရေးထက် အမှတ်ကောင်း လိုင်းကောင်းရရန် ဦးတည်နေသရွေ့
- ဆရာဆရာမနှင့် ပူးပေါင်းရမည့်အစား အပြစ်ရှာ ရန်သာ ဦးတည်နေသရွေ့
- ကျောင်းသား ကျောင်းသူများ စည်းကမ်းတကျ ပညာမသင်ကြားသရွေ့
- ဆရာ ဆရာမအပေါ် ရိုသေလေးစားမှု ပျောက်ဆုံးနေသရွေ့၊
- မိမိကိုယ်တိုင် ရိုးရိုးသားသား ကြိုးစားလိုစိတ် ပျောက်ဆုံးနေသရွေ့၊
- အနာဂတ် တိုင်းပြည်အတွက် ထမ်းဆောင်ရန် ဟူသော ရည်ရွယ်ချက်မရှိသေးသရွေ့၊
ကိုကြီးသောင်း ( မန္တလေး သတင်းပုံရိပ်များ )
http://www.maukkha.org/index.php
No comments:
Post a Comment