နွေရာသီကို ငါကြည့်မရတော့ဘူး ကြယ်မကြွေဘူး
ငှက်ဆိုးတွေမအော်ဘူး
ဒါပေမယ့်
နွေရာသီကိုငါကြည့်မရတော့ဘူး။
ငါ့ဆီက ထွက်ခွါသွားချိန်နဲ့
ငါ့ဆီကိုပြန်ရောက်လာချိန်က
တစ်ထပ်တည်းကျနေတယ်
ကကြိုးရှင်ရယ်
ဒီပွဲက ကားလိပ်ချတာ သိပ်စောလွန်းတယ်။
ရှူး .. . တိုးတိုး
တိမ်တွေမအိပ်သေးဘူး
လမ်းတွေမအိပ်သေးဘူး
ငါလည်းမအိပ်သေးဘူး
အာရုဏ်တက်မှ နေ၀င်သွားပြန်ပြီ ။
လူတစ်ယောက်ရဲ့သမိုင်းမှာ
အနိုင်နဲ့ပိုင်းသွားတဲ့ဓါးချက်တွေ
ဘယ်လောက်များများပွင့်ဝေခဲ့ပြီလဲ
ငါ့ရင်ဘတ်ငါဆွဲလှန်ကြည့်တယ်
အော် . . . အဲဒီတောင်ယာလေးတောင်
ရိတ်သိမ်းခံခဲ့ရပြီပဲ။
သွားပါ.. .
ငါ့အနားကနေထွက်သွားပါ
တော်တော်ကြာ
ပန်းရထားနဲ့အခေါ်မှာ
နင်မပါပဲ ကျန်နေခဲ့ပါဦးမယ်။
အသိုက်ပျက်တဲ့လူငယ်တစ်ဦးရဲ့ဒိုင်ယာရီမှာ
နက်ဖြန်ခါတွေစုတ်ပြဲလို့
နင့်လမ်းနင်ဖြောင့်ဖြောင့်လျှောက်ပါ
ကကြိုးရှင်
နေမ၀င်ခင် အိမ်ပြန်ရောက်ပါစေကွာ ။
လရိပ်ပျိုးသော ပန်းပင်လယ်
နှစ်သက်မိသော ကဗျာ တပုဒ် --လေလွင့်နေတဲ့လူ
No comments:
Post a Comment