ပြေစာကိုကြည့်ပြီးသူရှက်ရွံ့သွားမိတယ်။ဝမ်းနည်းစိတ်မကောင်းစွာနဲ့အမေ့အနားသွားပြီးအမေ့ရင်ခွင်ထဲသူတိုးဝင်လိုက်မိတယ်။
သူ့ အိမ်မှာ စားသောက်ဆိုင် ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားလပ်ရက်မှာ
အမေ့ကို သူကူရတယ်၊။ ဧည့်ကြို ၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာကအစ
သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမားတစ်ယောက်လို သူ အတွက်အချက်
တော်လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူ ရင်း ကိုယ့်လုပ်အားခအတွက်
စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက …
(၁) ပန်းကန်ဆေးခ ၅၀၀ ကျပ်
(၂) တံမျက်စည်းလှည်းခ ၂၀၀ ကျပ်
(၃) အပြင်ထမင်းပို့ဆောင်ခ ၃၀၀ ကျပ်
(၄) ဈေးဝယ်ထွက်ခ ၁၀၀ ကျပ်
(၅) မခိုမကပ်တဲ့ ကျွန်တော့အတွက် အပိုဆုငွေ ၁၀၀ ကျပ်
စုစုပေါင်း ၁၂၀၀ ကျပ်
ပြေစာကိုအမေကြည့်ပြီး ဘာမျှမပြောခဲ့ဘူး။
ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ် ၁၂၀၀ ကျပ်ကို တွေ့လိုက်တယ်။
အားရ၀မ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲ ထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာ
တစ်စောင် ရှိနေတာကို သူ တွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့ …
အမေ့အပေါ် ကျန်ရှိသော အကြွေးများ …
(၁) အမေ့အိမ်တွင် ၁၀ နှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ၀ ကျပ်
(၂) နေထိုင်သော ၁၀ နှစ်အတွင်း စားဝတ်နေရေးခ ၀ ကျပ်
(၃) ကျောင်းလခ၊ စာအုပ်ဖိုး ၀ ကျပ်
(၄) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ၀ ကျပ်
(၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ၀ ကျပ်
ပြေစာကိုကြည့်ပြီး သူ ရှက်ရွံ့သွားမိတယ်။ ၀မ်းနည်းစိတ်မကောင်းစွာနဲ့
အမေ့အနားသွားပြီး အမေ့ ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂၀၀ ကို အမေ့
အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့် လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက
ပြုံးနေခဲ့တယ်။
http://www. youthwant.com.tw တွင် ဖတ်မိသော စာတစ်ပိုဒ်အား ဆီလျှော်အောင် ဘာသာပြန်ခံစားရေးပါသည်။
http://www.koebweya.com
http://www.koebweya.com
No comments:
Post a Comment