ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, August 5, 2013

Dr Kyaw Thet - ဒေါက်တာကျော်သက် (1957)



ဒီအဖြူအမည်း ရုပ်ရှင်မှတ်တမ်း လေးက လွတ်လပ်ပြီးစ မြန်မာနိုင်ငံ ရဲ့ ရန်ကုန် တက္ကသိုလ် မှာ ဆရာတစ်ယောက် စာသင်နေပုံလေးပါ


သင်တဲ့ဆရာနာမည်က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။  ဒေါက်တာကျော်သက် သည် ၁၉၂၁ ခုနှစ် မှာရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ မွန်-ဗမာ စပ်လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University
ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ ကိုရခဲ့တယ်။ ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ 
ဘွဲ့ လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ ချခဲ့သေးတယ်။ ပြီးတော့ မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း
သမိုင်း ပညာဌာန မှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာ အကျဉ်းချုပ်ကတော့..
မြန်မာနိုင်ငံလွတ်လပ်ရေး ရ ခါစ ကမြန်မာ လယ်သမား များအပေါ်မတရား ငွေ တိုးချေးစားခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသားချစ်တီး များအကြောင်း… တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံ ရဲ့  လယ်မြေ ၇၅ ရာခိုင်နှုန်း ဟာချစ်တီးကုလားများလက်ထဲမှာရောက်ရှိနေပြီး။ တရားမ၀င် စာရင်းများ အရ ဒိထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလဲပြင်းစွာ ခံခဲ့ရသောမြန်မာပြည် ရဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာကြုံရမယ့်အခက်အခဲများအကြောင်း၊ မြန်ဆန်သောပြန်လည်ထူထောင် ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှ မှ မြန်မာကို တစ်ချို့ သော တန်ဖိုးများ၊စိတ်ကူးများ ကို သင်ကြားပေးခဲ့တာတွေ ရှိခဲ့ကြောင်း၊ မြန်မာ ခေါင်းဆောင်များ ဟာ ဒီမိုကရေစီလမ်းကိုရွေးချယ်လျှောက်လှမ်းသွား မှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကိုခက်ခဲစွာ လုပ်ကိုင်ကြရမှာလဲဖြစ်ကြောင်း၊

ရေရှည် အနေနဲ့  ဒီမိုကရေစီ စနစ် ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင် များ ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ စနစ် ကိုပဲရွေးချယ်လျှောက် လှမ်းသွားကြမှာဖြစ်ကြောင်း ပို့ ချသွားခဲ့ပါတယ်။

ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာ မှာတော့  မြန်မာနိုင်ငံဟာ အာစီယံ အသင်း ၀င်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလား လို့ မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့်  ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရတော့မယ့် မြန်မာနိုင်ငံ တော် အရေး ကို ပရော်ဖက်ဆာ ဒေါက်တာကျော်သက် က ဟာသနှောပြီး လှပ စွာ ပြန်ဖြေသွားပုံကလေး ကိုလဲ မြင်နိုင်ပါတယ်

ဒီ မှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါ က လွတ်လပ်ရေးရပြီး စ မြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။ အဲဒိခေတ်ကတည်းက ရန်ကုန် တက္ကသိုလ် မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ ရ ၊ ယေး(လ်) လိုမျိုး တက္ကသိုလ်ကြီးမှာစာပို့ ချပေးခဲ့တဲ့ပရော်ဖက်ဆာ ဒေါက်တာကျော်သက်လို မျိုး ဆရာတွေ ရှိနေခဲ့တာကို နိုင်ငံခြားသားများကိုယ်တိုင်အံ့သြ ယူ ရ တဲ့ သင်ကြားပို့ ချပေးတဲ့ဆရာရဲ့  ပညာအရည်အချင်း၊ သင်ကြားပို့ ချပေးတဲ့ဘာသာစကား teaching medium ဟာ အင်္ဂလိပ်ဘာသာစကားဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကို အင်မတန် ချောမွေ့ စွာ ပြောဆို နိုင် ခြင်းတွေ ကိုကြည့်ရင်၊ ဒီကနေ့ ဒေသတွင်းက နာမည်ကြီးနေတဲ့တက္ကသိုလ်ကြီးတွေ မှာတောင်အဲဒိ အချိန်က အဲလို အဆင့်အတန်း မီ ခဲ့တာရှားပါတယ်။

အလွယ်ဆုံးဥပမာပြရရင်အခုစင်္ကာပူမှာ မြန်မာကျောင်းသား တွေပညာဆက်ဆည်ပူးစရာတက္ကသိုလ်ကြီးနှစ်ခုထဲက အခု အရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ့ the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန် NUS ဆိုတာဖြစ်လာမယ့်UniversityofMalayaဆိုတာ လေးသန္ဓေ ဖြစ်လာခါစပဲရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်းNanyangTechnologicalUniversityဆိုရင်လဲအဲဒိခေတ်၁၉၅၅ကတရုတ်ဘာသာနဲ့ သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲရှိခဲ့ပါတယ်။

အဲလို..အဲလို ဒေ သတွင်းကတက္ကသိုလ် တွေမယှဉ်နိုင်ခဲ့တဲ့ပညာရေးသမိုင်းကြောင်းအင်မတန် ကောင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီး မှာဒီလို ဆရာတွေ များစွာရှိခဲ့ပါတယ်.


http://kabarmakyay.blogspot.com



http://www.zaylinthawtar1994.blogspot.com/


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်