ရေနွေးငွေ့သုံး စက္ကူရထားကြီး စီးပြီး
တဲလ်အဗီးဗ်မှာ ကဗျာရွတ်တော့
ချိုပေါ့ခွက်ထဲ ဆေးပြင်း လိပ်ပြာတွေ ခြွေထည့်ရင်း
နံနက်ခင်း အမြှောက်ဆံတွေကို ခူးယူနမ်းရှိုက်မိ
ကိုယ့်ဘဝကို သူယူပန်ဖို့ကလည်း
ခေါင်းမှာ ဘူရ်ကာက ကန့်လန့် ကန့်လန့်
ဒါတောင် သက်တန့်တွေကို ဘယ်သူမှ မရပ်တံ့စေနိုင်ဘူး
ဆန့်ထားတဲ့ လက် အရင်းက ပြတ်သွားတော့
အသစ် ထွက်မလာတော့ဘူး
လက်ငုတ်လက်ရင်းကလေးနဲ့ပဲ လုပ်ကိုင်စားသောက်ပေါ့တဲ့
နို့ လက်တိုလက်တောင်း ခိုင်းချင်တာခိုင်းနိုင်အောင် ဘယ်သူရှိမလဲ
ဆန့်ထားတဲ့ အချစ်ကတော့
ကမ္ဘာကြီးကို ဘယ်အချိန်ဖြစ်ဖြစ် တစ်က ပြန်စလို့ရတယ်
ဆန့်ထွက်ဖို့အတွက် ဘယ်သူ “တစ်” အဖြစ်ခံမလဲဆိုတော့
ကြောင်ဆေးက မပေါ့သလို ဖြစ်နေတယ်
အမေ အမြဲပန်တဲ့ ပန်းတွေ
အမေ့ရင် သွေးတွေခေါင်းမှာ ဘယ်တော့ ဝေမလဲ
စိတ်ထဲ မွှေးသမျှနဲ့ဘဲ ဘဝကို ချစိုက်ချင်နေတာ ထိန်းမရခဲ့
ညကတော့ အမဲမပျက်ဘဲ အမဲဖျက်လျက်မို့
အဖျားသွေးတက်ပြီး စိတ်တွေဆူလာတိုင်း
ကိုယ့်ကိုယ်ကို လက်ဘက်ခြောက်လို ခပ်နေရတာ အမောတကောပဲ
တောင်စဉ်ရေမရာဘူတာတန်းတလျှောက်
လက်မှတ်စစ် တစ်ယောက်မှမပါတဲ့ ရထားကြီးပေါ်
ကျွန်တော်တို့ နေထိုင် ကြီး ပျင်းခဲ့ကြ
အင်တာနက်ပေါ်ကနေ ကမ္ဘာကြီးကို ဟန်ပါပါသမ်းဝေရင်း
အတင်းနဲ့ သတင်းမခွဲနိုင်တဲ့ခေတ်မှာ
လူတိုင်းဟာ citizen journalist တွေဖြစ်လို့
ဘာပညာရင်နို့မှ မသောက်စို့ရပါပဲ ဂျို့ထိုးနေတဲ့ မိတဆိုးမြို့ပြကြီးထဲ
အစာမကြေဆေးတွေပဲ လိုက်ရှာဝယ်နေရတယ်။
သိုးထိန်း(အန္တိမ)
http://thoehtane.wordpress.com/
No comments:
Post a Comment